အခ်စ္ေရး

သူသင့်ကို အရမ်းလွမ်းနေတယ်ဆိုတာ ဖော်ပြနေတဲ့ သက်သေ(၆)ချက်

လူအမျိုးမျိုးရှိကြတဲ့အထဲမှာ တချို့က ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေကို လွယ်လွယ်ကူကူထုတ်ဖော်ပြောနိုင်ပေမယ့် တချို့တွေကျတော့ ကိုယ့်စိတ်ခံစားချက်တွေကို ပါးစပ်က ထုတ်မပြောဘဲ အပြုအမူလေးတွေကတဆင့် ဖော်ပြတတ်ကြပါတယ်။ သင့်ကို သတိရတယ်၊ လွမ်းတယ်ဆိုပြီး ပါးစပ်ကတဖွဖွထုတ်မပြောတတ်တဲ့ချစ်သူရှိရင် သူသင့်ကိုလွမ်းနေတယ်ဆိုတာ ဒီအချက်လေးတွေကိုကြည့်ပြီး သိနိုင်ပါတယ်။

(၁) အဆက်အသွယ်

သင်နဲ့ဆက်သွယ်ဖို့ကြိုးစားတယ်၊ စကားကြာကြာပြောဖို့ ကြိုးစားတတ်တယ်။ သူပြောတဲ့စကားထဲမှာ သတိရတဲ့အကြောင်း၊ လွမ်းတဲ့အကြောင်းမပါပေမယ့် ဒီလိုစကားကြာကြာပြောဖို့ကြိုးစားတာကပဲ သင့်ကိုလွမ်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

(၂) မက်ဆေ့လေးတွေ

ဆိုရှယ်မီဒီယာမှာ သင်တင်ထားတဲ့ပို့စ်အောက်မှာ ကွန်မန့်လေးတွေ၊ မက်ဆေ့လေးတွေချန်ထားတတ်တယ်။ ဒါကလည်း သင့်ကိုလွမ်းနေတဲ့ အဓိပ္ပါယ်ပါပဲ။

(၃) ဓာတ်ပုံပို့ပေးမယ်

တခါတလေသင့်ကိုဓာတ်ပုံပို့ပေးဖို့ သူပြောတာကလည်း သူသင့်ကိုသတိရနေလို့ဖြစ်ပြီး၊ သူ့ရဲ့ဓာတ်ပုံတွေကိုပို့ပေးတယ်ဆိုရင်လည်း အဲ့ဒါအတွက် ထူးဆန်းနေစရာမလိုပါဘူး။ ဒါကလည်း သူသတိရနေလို့ လွမ်းနေလို့ပါပဲ။

(၄) လာတွေ့မယ်

သူသာသင့်ကိုအရမ်းလွမ်းနေခဲ့ရင် သင့်ကိုတွေ့ဖို့ကြိုးစားမှာပါ။ သတိရလို့၊ လွမ်းလို့ တွေ့ချင်တယ်လို့မပြောဘဲ တခြားအကြောင်းပြပြီးတွေ့ဖို့ပြောတာကလည်း သူသင့်ကိုသတိရနေတာကြောင့်ပဲ ဖြစ်ပါတယ်။

(၅) သူငယ်ချင်းတွေကတဆင့်

သူ့သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ သင့်အကြောင်းတွေ၊ သင့်ကိုသတိရကြောင်းတွေပြောတတ်ပြီး သူ့သူငယ်ချင်းတွေက ဒါကို သင့်ဆီပြန်ပြောတတ်ပါတယ်။ ဒီလိုမျိုး သူ့သူငယ်ချင်းတွေကတဆင့် သူ့အကြောင်းတွေပြန်ကြားရတာကလည်း သူသင့်ကို အမြဲလိုလိုသတိရနေ၊ လွမ်းနေတယ်ဆိုတာ သိနိုင်ပါတယ်။

(၆) အမှတ်မထင်အပြောလေးတွေ

ပုံမှန်ဆို သင့်ကိုလွမ်းတယ်၊ သတိရတယ်လို့မပြောတတ်ပေမယ့် အမှတ်မထင် သူက သင့်ကိုသတိရတယ်၊ လွမ်းတယ်ဆိုတဲ့အကြောင်းပြောခဲ့ရင် သူတကယ်သတိရနေလို့ပါ။ စသလို၊နောက်သလိုပြောတယ်ဆိုရင်တောင် သူတကယ်သတိရနေတာဖြစ်ပါတယ်။

Credit – Auntymay

Unicode