အချစ်စစ်သာ စစ်မှန်ပါစေ၊ ဘယ်လောက်ဝေးဝေး နီးနီးလေးပါလို့ဆိုတဲ့ ကနေဒါမလေး
ဖိလစ်ပိုင်နဲ့ ကနေဒါဟာမိုင်ပေါင်း 6921 မိုင် (6933 မိုင်ဟုလည်းဆို) ကွာဝေးပါတယ်။ ကနေဒါကနေပဲဖြစ်ဖြစ်၊ ဖိလစ်ပိုင်ကနေပဲဖြစ်ဖြစ် တစ်နိုင်ငံချင်းဆီကို တိုက်ရိုက်သွားလာလို့ မရပါဘူး။ လေယာဉ်ဆိုရင်လည်း လေဆိပ်အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ရောက်နိုင်ကြပါတယ်။ ဒါပေမယ့် အချစ်စစ်ဆိုတာက မိုင်ထောင်ချီဝေးကွာနေခြင်းလောက်ကိုတော့ ပြောပလောက်တဲ့ ကိစ္စမဟုတ်သေးပါဘူး။
ဘယ်လောက်ပဲဝေးဝေး၊ ဘယ်လောက်ပဲ ရေမြေတွေ ခြားနေပါစေ နီးစပ်အောင် ကြိုးစားကြတာ ဓမ္မတာပါဘဲ။ အခုလည်း ကနေဒါမလေးနဲ့ ဖိလစ်ပိုင်နိုင်ငံသားလေးတစ်ယောက်ရဲ့ အင်တာနက် ချစ်ပုံပြင်ဟာ တကယ်လက်တွေ့ဘဝမှာ လှပတဲ့ ပေါင်းဖက်ခန်းလေးနဲ့ စတင်နိုင်ခဲ့ကြပါတယ်။
Romel ဟာ ဖိလစ်ပိုင်နိုင်ငံ၊ General Santos City မှာ နေထိုင်ပြီး၊ သူရဲ့ချစ်သူ ကနေဒါသူ Elodie နဲ့ လွန်ခဲ့တဲ့ 2009 ခုနှစ်ကမှ Facebook ပေါ်မှာ စတင်စုံတွေ့ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ သူတို့နှစ်ယောက်စလုံးဟာ New Friend request တစ်ခုက သူတို့ဘဝတွေကို ပြောင်းလဲပေးနိုင်ခဲ့လိမ့်မယ်လို့တော့ ကြိုသိမထားခဲ့ကြပါဘူး။
နောက်ပိုင်းမှာ နှစ်ဦးသား သူငယ်ချင်းပုံစံ ရင်းနီးသွားခဲ့ပါတယ်။ နေ့စဉ်နီးပါး စကားတွေ ပြောဖြစ်ကြတော့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ တွယ်တာလာရင်း၊ 2011 ခုနှစ်မှာတော့ မခွဲမခွာနိုင်တဲ့ ချစ်သူအဆင့်ကို ရောက်သွားကြပါတော့တယ်။ ဒီလိုနဲ့ နှစ်ဦးသား နီးဖို့ကြံဆောင်ရင်း မိုင် 7000 နီးပါး ရှိတဲ့ ခရီးလေးကို ကြုံ့ခဲ့ကြပါတယ်။ ဒီခရီးဟာ ကြီးမားတဲ့ အချစ်ကမ္ဘာကြီးမှာတော့ သိပ်ပြီးမဝေးကွာလှတဲ့ ခရီးပါဘဲ။
အခုဆိုရင် Romel ရှိရာ ဖိလစ်ပိုင်ကို Elodie တစ်ယောက် လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 2012 ခုနှစ် ဇန်ဇနဝါရီလ 5 ရက်မှာပဲ ဖိလစ်ပိုင်ကို လေကြောင်းခရီးနဲ့ ရောက်အောင် သွားခဲ့ပါတယ်။ သူတို့ဟာ ဖိလစ်ပိုင်မှာ အချိန်တွေ အတူတူ ဖြတ်သန်းခဲ့ကြပြီးနောက် Elodie ဟာ ကနေဒါကို ခဏ ပြန်သွားခဲ့ပါတယ်။ ဒီတော့မှ နှစ်ယောက်သား ဒီထက်ပိုမခွဲနိုင်တော့ဘူးဆိုတာ သိခဲ့ရပါတယ်။
အဲဒီနောက် Elodie ဟာ ဖိလစ်ပိုင်ကို ပြန်ရောက်လာပြီး၊ 2013 ခုနှစ် သြဂုတ်လ 13 ရက်မှာ မင်္ဂလာပွဲဆင်နွှဲခဲ့ကြပါတယ်။ Elodie က ” အချစ်စစ်ဆိုတာ ဘယ်လောက်ဝေးဝေး နီးနီးလေးပါ”တဲ့။
Zawgyi
ဖိလစ်ပိုင်နဲ့ ကနေဒါဟာမိုင်ပေါင်း 6921 မိုင် (6933 မိုင်ဟုလည်းဆို) ကွာဝေးပါတယ်။ ကနေဒါကနေပဲဖြစ်ဖြစ်၊ ဖိလစ်ပိုင်ကနေပဲဖြစ်ဖြစ် တစ်နိုင်ငံချင်းဆီကို တိုက်ရိုက်သွားလာလို့ မရပါဘူး။ လေယာဉ်ဆိုရင်လည်း လေဆိပ်အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ရောက်နိုင်ကြပါတယ်။ ဒါပေမယ့် အချစ်စစ်ဆိုတာက မိုင်ထောင်ချီဝေးကွာနေခြင်းလောက်ကိုတော့ ပြောပလောက်တဲ့ ကိစ္စမဟုတ်သေးပါဘူး။
ဘယ်လောက်ပဲဝေးဝေး၊ ဘယ်လောက်ပဲ ရေမြေတွေ ခြားနေပါစေ နီးစပ်အောင် ကြိုးစားကြတာ ဓမ္မတာပါဘဲ။ အခုလည်း ကနေဒါမလေးနဲ့ ဖိလစ်ပိုင်နိုင်ငံသားလေးတစ်ယောက်ရဲ့ အင်တာနက် ချစ်ပုံပြင်ဟာ တကယ်လက်တွေ့ဘဝမှာ လှပတဲ့ ပေါင်းဖက်ခန်းလေးနဲ့ စတင်နိုင်ခဲ့ကြပါတယ်။
Romel ဟာ ဖိလစ်ပိုင်နိုင်ငံ၊ General Santos City မှာ နေထိုင်ပြီး၊ သူရဲ့ချစ်သူ ကနေဒါသူ Elodie နဲ့ လွန်ခဲ့တဲ့ 2009 ခုနှစ်ကမှ Facebook ပေါ်မှာ စတင်စုံတွေ့ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ သူတို့နှစ်ယောက်စလုံးဟာ New Friend request တစ်ခုက သူတို့ဘဝတွေကို ပြောင်းလဲပေးနိုင်ခဲ့လိမ့်မယ်လို့တော့ ကြိုသိမထားခဲ့ကြပါဘူး။
နောက်ပိုင်းမှာ နှစ်ဦးသား သူငယ်ချင်းပုံစံ ရင်းနီးသွားခဲ့ပါတယ်။ နေ့စဉ်နီးပါး စကားတွေ ပြောဖြစ်ကြတော့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ တွယ်တာလာရင်း၊ 2011 ခုနှစ်မှာတော့ မခွဲမခွာနိုင်တဲ့ ချစ်သူအဆင့်ကို ရောက်သွားကြပါတော့တယ်။ ဒီလိုနဲ့ နှစ်ဦးသား နီးဖို့ကြံဆောင်ရင်း မိုင် 7000 နီးပါး ရှိတဲ့ ခရီးလေးကို ကြုံ့ခဲ့ကြပါတယ်။
ဒီခရီးဟာ ကြီးမားတဲ့ အချစ်ကမ္ဘာကြီးမှာတော့ သိပ်ပြီးမဝေးကွာလှတဲ့ ခရီးပါဘဲ။အခုဆိုရင် Romel ရှိရာ ဖိလစ်ပိုင်ကို Elodie တစ်ယောက် လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 2012 ခုနှစ် ဇန်ဇနဝါရီလ 5 ရက်မှာပဲ ဖိလစ်ပိုင်ကို လေကြောင်းခရီးနဲ့ ရောက်အောင် သွားခဲ့ပါတယ်။ သူတို့ဟာ ဖိလစ်ပိုင်မှာ အချိန်တွေ အတူတူ ဖြတ်သန်းခဲ့ကြပြီးနောက် Elodie ဟာ ကနေဒါကို ခဏ ပြန်သွားခဲ့ပါတယ်။ ဒီတော့မှ နှစ်ယောက်သား ဒီထက်ပိုမခွဲနိုင်တော့ဘူးဆိုတာ သိခဲ့ရပါတယ်
အဲဒီနောက် Elodie ဟာ ဖိလစ်ပိုင်ကို ပြန်ရောက်လာပြီး၊ 2013 ခုနှစ် သြဂုတ်လ 13 ရက်မှာ မင်္ဂလာပွဲဆင်နွှဲခဲ့ကြပါတယ်။ Elodie က ” အချစ်စစ်ဆိုတာ ဘယ်လောက်ဝေးဝေး နီးနီးလေးပါ”တဲ့။