အေထြအေထြဗဟုသုတ

ဆိုင္ကယ္ေမာင္းျခင္းက က်န္းမာေရးအတြက္ အက်ိဳးရွိတယ္ဆိုတာ သင္သိပါသလား

ဆိုင္ကယ္ေမာင္းျခင္းက က်န္းမာေရးအတြက္ အက်ိဳးရွိတယ္ဆိုတာ သင္သိပါသလား

ေမာ္ေတာ္ဆိုင္ကယ္ေတြဟာ လမ္းပန္းဆက္သြယ္ေရးအတြက္ အလြန္အသုံးဝင္ပါတယ္။ အထူးသျဖင့္ နယ္ၿမိဳ႕ေတြမွာ ေနထိုင္သူေတြဟာ‌ ‌ေစ်းဝယ္သြားတာျဖစ္ေစ၊ အလုပ္သြားတာျဖစ္ေစ၊ ဆိုင္ကယ္နဲ႔သာ အသြားအလာလုပ္တတ္ၾကပါတယ္။ ေနာက္ဆုံးေပၚ ေမာ္ေတာ္ဆိုင္ကယ္ေတြကို အေပ်ာ္ေမာင္းႏွင္ကာ သဘာဝရႈခင္းကို ခံစားတတ္တဲ့ခရီးသြားေတြလည္း ရွိပါေသးတယ္။ လမ္းပန္း ဆက္သြယ္ေရးတင္မကပါဘူး၊ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္ျခင္းဟာ က်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း ရႏိုင္ပါေသးတယ္။

စိတ္က်န္းမာေရးတင္မကဘဲ ႐ုပ္ပိုင္းဆိုင္ရာကိုပါ က်န္းမာေစႏိုင္ပါတယ္။ “Gym သြားဖို႔ အခ်ိန္မရွိရင္ ဆိုင္ကယ္ေမာင္းပါ” လို႔ေတာင္ တင္စားတတ္ၾကပါေသးတယ္။

(၁) ဦးေႏွာက္စြမ္းရည္ကို တိုးတက္ေစပါတယ္

ဂီယာနဲ႔ ကလက္ပါတဲ့ ဆိုင္ကယ္ေတြကို ေမာင္းႏွင္ဖို႔ဆိုရင္ ဦးေႏွာက္ရဲ႕စဥ္းစားဉာဏ္ လိုအပ္ပါတယ္။ ဂီယာ (Gear)၊ ကလက္ (Clutch) နဲ႔ ဘရိတ္ (Brake)တို႔ကို လိုအပ္သလို ထိန္းညႇိကာ ေမာင္းႏွင္ႏိုင္ဖို႔ပါ။ ဆိုင္ကယ္ေပၚမွာ ဟန္ခ်က္ညီညီ ထိုင္ၿပီး လိုအပ္တဲ့အစိတ္အပိုင္းေတြကို လိုအပ္သလို ထိန္းညႇိေမာင္းႏွင္ဖို႔ရန္အတြက္ အာ႐ုံစူးစိုက္မႈေကာင္းစြာ လိုအပ္ပါတယ္။ ဒါေၾကာင့္ ေမာ္ေတာ္ဆိုင္ကယ္ကို ေမာင္းႏွင္ျခင္းျဖင့္ အာ႐ုံစူးစိုက္ႏိုင္စြမ္းနဲ႔ ဦးေႏွာက္ရဲ႕ ေတြးေခၚႏိုင္စြမ္းေတြ ျမင့္မားလာမွာပါ။

(၂) စိတ္ဖိစီးမႈကို ေလ်ာ့က်ေစတယ္

စိတ္ဖိစီးေနပါသလား။ ဆိုင္ကယ္ေမာင္းလိုက္ပါ။ ဆိုင္ကယ္ေမာင္းတာဟာ ဖုန္းထဲက ဂိမ္းတစ္ခုကို ေဆာ့လိုက္တာထက္ ပိုအက်ိဳးရွိပါတယ္။ ဆိုင္ကယ္ေမာင္းႏွင္ႏိုင္သူ တစ္ေယာက္ဟာ စိတ္ပိုင္းဆိုင္ရာသန္မာၿပီး ရင္ဆိုင္လာရတဲ့ျပႆနာေတြကို ရဲရင့္စြာေျဖရွင္းႏိုင္ပါတယ္။ ဆိုင္ကယ္ ေမာင္းျခင္းဟာ ကားေမာင္းျခင္းနဲ႔မတူဘဲ အမိုးအကာမပါတာေၾကာင့္ ေနေရာင္နဲ႔ ၾကာၾကာထိေတြ႕ ႏိုင္ပါတယ္။ ေနေရာင္ထိေတြ႕တဲ့အခါ ခႏၶာကိုယ္က ‘Serotonin’ ဆိုတဲ့ ေဟာ္မုန္းထြက္ပါတယ္။ ‘Serotonin’ ကို ေပ်ာ္႐ႊင္ျခင္း ေဟာ္မုန္းလို႔လည္းတင္စားၾကပါတယ္။ ‘Serotonin’ ထြက္လာရင္ စိတ္ၾကည္လင္လန္းဆန္းမႈကို ခံစားရမွာျဖစ္ပါတယ္။

(၃) ကာယေလ့က်င့္ခန္းလုပ္ၿပီးသားျဖစ္မယ္။

ကားစီးတဲ့အခါ ထိုင္ခုံေပၚမွာ ထိုင္ကာ ခါးပတ္ပတ္ထားၿပီး စီးတတ္ၾကပါတယ္။ ႂကြက္သား လႈပ္ရွားမႈမရွိပါဘူး။ ဒါေပမယ့္ ဆိုင္ကယ္ေမာင္းႏွင္တာကေတာ့ ေျပာင္းျပန္ပါ။ ဆိုင္ကယ္ေမာင္းတဲ့အခါ လက္ေမာင္း၊ ေျခေထာက္၊ လည္ပင္း အစရွိတဲ့ေနရာက ႂကြက္သားေတြကို လႈပ္ရွားေပးေနရပါတယ္။ ဒီအခါမွာေတာ့ ခႏၶာကိုယ္မွာရွိတဲ့ ႂကြက္သားေတြဟာ ပိုမို သန္မာလာၿပီး ကာယေလ့က်င့္ခန္း တစ္ခုျပဳလုပ္ၿပီးသား ျဖစ္ေနမွာပါ။

(၄) ကယ္လိုရီ ေလာင္ကြၽမ္းေစမယ္။
ဆိုင္ကယ္ေမာင္းႏွင္သူသာမက ဆိုင္ကယ္အေနာက္ကေန လိုက္ပါစီးနင္းသူတစ္ေယာက္ အတြက္ပါ ကယ္လိုရီေလာင္ကြၽမ္းေစႏိုင္ပါတယ္။ ဆိုင္ကယ္ေနာက္ကထိုင္စီးတဲ့ သူတေယာက္ဟာ ကယ္လိုရီ (၅၀)ေလာင္ကြၽမ္းႏိုင္တယ္လို႔ ဆိုထားပါတယ္။

ဆိုင္ကယ္စီးျခင္းဟာ ခႏၶာကိုယ္က ဇီဝကမၼလုပ္ေဆာင္ခ်က္ေတြကို အေထာက္အကူျပဳေစ တာေၾကာင့္ အဆီေတြစုပုံမႈကိုလည္း ေႏွာင့္ေႏွးေစပါတယ္။

(၅) ‘အန္ဒိုဖင္’ဆိုတဲ့ ေဟာ္မုန္းထြက္ပါတယ္။

‘Endorphins’ ဆိုတဲ့ ေဟာ္မုန္းဟာ လူေတြရဲ႕စိတ္ကို ၾကည္လင္လန္းဆန္းလာေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။ ေမာ္ေတာ္ဆိုင္ကယ္စီးျခင္းေၾကာင့္ ‘Endorphins’ ေဟာ္မုန္းကို ခႏၶာကိုယ္က ထုတ္လုပ္ေပးႏိုင္ပါတယ္။ ဒါဟာ႐ိုးရွင္းပါတယ္။ ဆိုင္ကယ္စီးရတာေၾကာင့္ သင္ဟာေပ်ာ္႐ႊင္မႈကို ခံစားရမယ္။ ခႏၶာကိုယ္ကေန ‘Endorphins’ ဆိုတဲ့ေဟာ္မုန္းထြက္လာမယ္။ ဒါရဲ႕ေနာက္ဆက္တြဲ အေနနဲ႔ စိတ္ဖိစီးမႈေတြေလ်ာ့က်မယ္။ စိတ္ဖိစီးမႈ ေလ်ာ့က်လာတာဟာ သင့္ရဲ႕စိတ္က်န္းမာေရး အတြက္ အေထာက္အကူျဖစ္ေစႏိုင္ၿပီး သင့္ကို အသက္ရွည္ေစမွာပါ။

(၆) ႏွလုံးက်န္းမာေရးကို အားျဖည့္ေပးႏိုင္မယ္။

ဆိုင္ကယ္ေမာင္းႏွင္ျခင္းဟာ ႂကြက္သားေတြကိုပဲ သန္မာေအာင္ျပဳလုပ္ေပးႏိုင္တာ မဟုတ္ ပါဘူး။ သင့္ရဲ႕ႏွလုံးကိုလည္း သန္မာေစပါတယ္။ ႏွလုံးဟာ က်န္းမာလာတဲ့အတြက္ ေသြးေပါင္တက္ျခင္းကိုလည္း တားဆီးေပးႏိုင္ၿပီး သင့္ေသြးေပါင္ကို ပုံမွန္အေနအထားအတြင္းမွာပဲ ထိန္းညႇိေပးၿပီးသား ျဖစ္ေနမွာပါ။

ေမာ္ေတာ္ဆိုင္ကယ္စီးျခင္းဟာ စက္ဘီးစီးျခင္းကဲ့သို႔ က်န္းမာေရးအတြက္ အေထာက္အကူ ျဖစ္ေစႏိုင္တယ္ဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(Unicode)

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

= = = = = = = = = =

မော်တော်ဆိုင်ကယ်တွေဟာ လမ်းပန်းဆက်သွယ်ရေးအတွက် အလွန်အသုံးဝင်ပါတယ်။ အထူးသဖြင့် နယ်မြို့တွေမှာ နေထိုင်သူတွေဟာ‌ ‌ဈေးဝယ်သွားတာဖြစ်စေ၊ အလုပ်သွားတာဖြစ်စေ၊ ဆိုင်ကယ်နဲ့သာ အသွားအလာလုပ်တတ်ကြပါတယ်။ နောက်ဆုံးပေါ် မော်တော်ဆိုင်ကယ်တွေကို အပျော်မောင်းနှင်ကာ သဘာဝရှုခင်းကို ခံစားတတ်တဲ့ခရီးသွားတွေလည်း ရှိပါသေးတယ်။ လမ်းပန်း ဆက်သွယ်ရေးတင်မကပါဘူး၊ မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရနိုင်ပါသေးတယ်။

စိတ်ကျန်းမာရေးတင်မကဘဲ ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ “Gym သွားဖို့ အချိန်မရှိရင် ဆိုင်ကယ်မောင်းပါ” လို့တောင် တင်စားတတ်ကြပါသေးတယ်။

(၁) ဦးနှောက်စွမ်းရည်ကို တိုးတက်စေပါတယ်

ဂီယာနဲ့ ကလက်ပါတဲ့ ဆိုင်ကယ်တွေကို မောင်းနှင်ဖို့ဆိုရင် ဦးနှောက်ရဲ့စဉ်းစားဉာဏ် လိုအပ်ပါတယ်။ ဂီယာ (Gear)၊ ကလက် (Clutch) နဲ့ ဘရိတ် (Brake)တို့ကို လိုအပ်သလို ထိန်းညှိကာ မောင်းနှင်နိုင်ဖို့ပါ။ ဆိုင်ကယ်ပေါ်မှာ ဟန်ချက်ညီညီ ထိုင်ပြီး လိုအပ်တဲ့အစိတ်အပိုင်းတွေကို လိုအပ်သလို ထိန်းညှိမောင်းနှင်ဖို့ရန်အတွက် အာရုံစူးစိုက်မှုကောင်းစွာ လိုအပ်ပါတယ်။ ဒါကြောင့် မော်တော်ဆိုင်ကယ်ကို မောင်းနှင်ခြင်းဖြင့် အာရုံစူးစိုက်နိုင်စွမ်းနဲ့ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းတွေ မြင့်မားလာမှာပါ။

(၂) စိတ်ဖိစီးမှုကို လျော့ကျစေတယ်

စိတ်ဖိစီးနေပါသလား။ ဆိုင်ကယ်မောင်းလိုက်ပါ။ ဆိုင်ကယ်မောင်းတာဟာ ဖုန်းထဲက ဂိမ်းတစ်ခုကို ဆော့လိုက်တာထက် ပိုအကျိုးရှိပါတယ်။ ဆိုင်ကယ်မောင်းနှင်နိုင်သူ တစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာသန်မာပြီး ရင်ဆိုင်လာရတဲ့ပြဿနာတွေကို ရဲရင့်စွာဖြေရှင်းနိုင်ပါတယ်။ ဆိုင်ကယ် မောင်းခြင်းဟာ ကားမောင်းခြင်းနဲ့မတူဘဲ အမိုးအကာမပါတာကြောင့် နေရောင်နဲ့ ကြာကြာထိတွေ့ နိုင်ပါတယ်။ နေရောင်ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က ‘Serotonin’ ဆိုတဲ့ ဟော်မုန်းထွက်ပါတယ်။ ‘Serotonin’ ကို ပျော်ရွှင်ခြင်း ဟော်မုန်းလို့လည်းတင်စားကြပါတယ်။ ‘Serotonin’ ထွက်လာရင် စိတ်ကြည်လင်လန်းဆန်းမှုကို ခံစားရမှာဖြစ်ပါတယ်။

(၃) ကာယလေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်မယ်။

ကားစီးတဲ့အခါ ထိုင်ခုံပေါ်မှာ ထိုင်ကာ ခါးပတ်ပတ်ထားပြီး စီးတတ်ကြပါတယ်။ ကြွက်သား လှုပ်ရှားမှုမရှိပါဘူး။ ဒါပေမယ့် ဆိုင်ကယ်မောင်းနှင်တာကတော့ ပြောင်းပြန်ပါ။ ဆိုင်ကယ်မောင်းတဲ့အခါ လက်မောင်း၊ ခြေထောက်၊ လည်ပင်း အစရှိတဲ့နေရာက ကြွက်သားတွေကို လှုပ်ရှားပေးနေရပါတယ်။ ဒီအခါမှာတော့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေဟာ ပိုမို သန်မာလာပြီး ကာယလေ့ကျင့်ခန်း တစ်ခုပြုလုပ်ပြီးသား ဖြစ်နေမှာပါ။

(၄) ကယ်လိုရီ လောင်ကျွမ်းစေမယ်။

ဆိုင်ကယ်မောင်းနှင်သူသာမက ဆိုင်ကယ်အနောက်ကနေ လိုက်ပါစီးနင်းသူတစ်ယောက် အတွက်ပါ ကယ်လိုရီလောင်ကျွမ်းစေနိုင်ပါတယ်။ ဆိုင်ကယ်နောက်ကထိုင်စီးတဲ့ သူတယောက်ဟာ ကယ်လိုရီ (၅၀)လောင်ကျွမ်းနိုင်တယ်လို့ ဆိုထားပါတယ်။

ဆိုင်ကယ်စီးခြင်းဟာ ခန္ဓာကိုယ်က ဇီဝကမ္မလုပ်ဆောင်ချက်တွေကို အထောက်အကူပြုစေ တာကြောင့် အဆီတွေစုပုံမှုကိုလည်း နှောင့်နှေးစေပါတယ်။

(၅) ‘အန်ဒိုဖင်’ဆိုတဲ့ ဟော်မုန်းထွက်ပါတယ်။

‘Endorphins’ ဆိုတဲ့ ဟော်မုန်းဟာ လူတွေရဲ့စိတ်ကို ကြည်လင်လန်းဆန်းလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ မော်တော်ဆိုင်ကယ်စီးခြင်းကြောင့် ‘Endorphins’ ဟော်မုန်းကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါဟာရိုးရှင်းပါတယ်။ ဆိုင်ကယ်စီးရတာကြောင့် သင်ဟာပျော်ရွှင်မှုကို ခံစားရမယ်။ ခန္ဓာကိုယ်ကနေ ‘Endorphins’ ဆိုတဲ့ဟော်မုန်းထွက်လာမယ်။ ဒါရဲ့နောက်ဆက်တွဲ အနေနဲ့ စိတ်ဖိစီးမှုတွေလျော့ကျမယ်။ စိတ်ဖိစီးမှု လျော့ကျလာတာဟာ သင့်ရဲ့စိတ်ကျန်းမာရေး အတွက် အထောက်အကူဖြစ်စေနိုင်ပြီး သင့်ကို အသက်ရှည်စေမှာပါ။

(၆) နှလုံးကျန်းမာရေးကို အားဖြည့်ပေးနိုင်မယ်။

ဆိုင်ကယ်မောင်းနှင်ခြင်းဟာ ကြွက်သားတွေကိုပဲ သန်မာအောင်ပြုလုပ်ပေးနိုင်တာ မဟုတ် ပါဘူး။ သင့်ရဲ့နှလုံးကိုလည်း သန်မာစေပါတယ်။ နှလုံးဟာ ကျန်းမာလာတဲ့အတွက် သွေးပေါင်တက်ခြင်းကိုလည်း တားဆီးပေးနိုင်ပြီး သင့်သွေးပေါင်ကို ပုံမှန်အနေအထားအတွင်းမှာပဲ ထိန်းညှိပေးပြီးသား ဖြစ်နေမှာပါ။

မော်တော်ဆိုင်ကယ်စီးခြင်းဟာ စက်ဘီးစီးခြင်းကဲ့သို့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

Read also:

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr. Thiha Phyo Myint

Crd;Hello ဆရာဝန်