အခ်စ္ေရး

ချစ်နေရက်နဲ့ လမ်းခွဲပေးလိုက်တဲ့ ယောင်္ကျားလေးတွေရဲ့ ရင်ထဲက ခံစားချက်များ

ချစ်နေရက်နဲ့ လမ်းခွဲပေးလိုက်တဲ့ ယောင်္ကျားလေးတွေရဲ့ ရင်ထဲက ခံစားချက်များ

မိန်းကလေးတွေက ခန့်မှန်းရခက်သလို ကောင်လေးတွေကလည်း တစ်ခါတစ်လေတော့ ခန့်မှန်းရခက်ပါတယ်။ ကောင်လေးတွေက ချစ်နေပေမယ့် အဝေးကပဲ ကြည့်နေနိုင်တာမျိုး ရှိသလို ချစ်နေပေမယ့်လည်း ချစ်သူကို ဆွဲမထားနိုင်တဲ့သူတွေလည်း ရှိနေပါတယ်။ တစ်ချို့ကောင်လေးတွေကတော့ ကိုယ့်ကောင်မလေးကို အရမ်းချစ်ပေမယ့်လည်း ဆွဲမထားဘဲ လမ်းခွဲပေးလိုက်ကြသူတွေ ရှိနေပါတယ်။ သူတို့မှာတော့ တခြားသူတွေ မထင်ထားတဲ့ အခုလို ခံစားချက်တွေ ရှိနေပါတယ်။

 

(၁) ချစ်ပေမယ့် မကြိုက်ဘူး

ကောင်လေးတွေက ခံစားချက်ထက် ဦးနှောက်ကို ပိုပြီး အလေးပေးကြတာ များပါတယ်။ သူတို့ ဘယ်လောက်ပဲ ချစ်ချစ် သူတို့ မကြိုက်တဲ့အချက်တွေ ရှိနေတဲ့ ကောင်မလေးတွေကို ရွေးချယ်ဖို့ ဝင်လေးတတ်ပါတယ်။ ဒီလိုမျိုး ကိုယ်မကြိုက်တဲ့အချက်တွေ ရှိနေတဲ့ ကောင်မလေးကို ချစ်သူထားခဲ့ရင်တောင် သူတို့က ဆွဲထားဖို့ မကြိုးစားဘဲ လက်လွှတ်လိုက်တတ်ကြပါတယ်။

(၂) ချစ်ပေမယ့် လက်မတွဲချင်တော့ဘူး

အချစ်တွေ ရှိနေသေးပေမယ့်လည်း ကောင်လေးတွေက လက်တွဲဖြုတ်တာကို လက်ခံတတ်ကြပါသေးတယ်။ မိန်းကလေးတွေက ချစ်ရင် ဘယ်လောက်လမ်းခွဲစကားဆိုဆို ဆွဲထားတတ်ပေမယ့် ကောင်လေးတွေကတော့ အဲ့သလို မဟုတ်ကြပါဘူး။ ကောင်လေးတွေက လမ်းခွဲမယ်ဆိုတာနဲ့ လမ်းခွဲပေးတာလည်း ရှိနေပါတယ်။ ဒါက ချစ်ပေမယ့်လည်း စိတ်ပင်ပန်းနေတာကြောင့်လည်း ဖြစ်သလို လက်မတွဲချင်တော့တာကြောင့်လည်း ဖြစ်ပါတယ်။

(၃) သူပျော်တာပဲ မြင်ချင်တယ်

မိန်းကလေးတွေက စကားကို လမ်းခွဲမယ်ပြောတိုင်း အတည် မဟုတ်တာမျိုး ရှိပါတယ်။ ကောင်လေးတွေကတော့ အတည်ပဲ ပြောတာ များကြပါတယ်။ သူတို့ကို လမ်းခွဲဖို့ ပြောလာတဲ့ ချစ်သူကောင်မလေးကို သူတို့နဲ့ တွဲရတာ ပင်ပန်းနေလို့ ပြောတယ်လို့ ထင်မိရင်လည်း သူတို့က ဆွဲမထားဘဲ လွှတ်ပေးတတ်ကြပါတယ်။ ဒါက သူတို့စိတ်ထဲ ချစ်သူကို ပျော်စေချင်တာကြောင့်ပဲ ဖြစ်ပါတယ်။

(၄) အောက်ကျို့ခံလိုက်ချင်ပေမယ့် မလုပ်ဖြစ်ဘူး

ကောင်လေးတွေမှာ ရီချင်စရာကောင်းတာ တစ်ချက်ကတော့ စိတ်ထဲ ရှိတဲ့အတိုင်း လက်တွေ့ မလုပ်ကြတာပဲ ဖြစ်ပါတယ်။ လမ်းခွဲပြီးတဲ့ နောက်မှာတော့ ကောင်လေးတွေက စိတ်ထဲမှာ အောက်ကျို့ခံပြီး တောင်းပန်တာမျိုး လုပ်လိုက်ချင်တာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း တကယ် မလုပ်ဖြစ်ကြပါဘူး။

(၅) ဘာရယ် မဟုတ်ဘူး

ကောင်လေးတွေကတော့ ဘာရယ်မဟုတ်ဘဲ လမ်းခွဲပေးတာမျိုးလည်း ရှိပါတယ်။ မကျေနပ်တာလည်း မဟုတ်၊ မချစ်တော့တာလည်း မဟုတ်ဘဲနဲ့ ဒီလိုပဲ လမ်းခွဲပေးတတ်ကြပါသေးတယ်။ မိန်းကလေးတွေ နားလည်နိုင်မှာ မဟုတ်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။