ဗေဒင်

သိထားသင့်တဲ့.. (၇) ရက်သားသ္မီးများ၏ စိတ်နေစိတ်ထားများ ထဲမှ(တနင်္ဂနွေ,တနင်္လာ,အင်္ဂါ) အကြောင်း

တနင်္ဂနွေသား သမီးတို့၏အကြောင်းသိကောင်းစရာ

 

တနင်္ဂနွေနေ့နာမ်များဟာ လူ့ဘဝကိုစရောက်ပီဆိုကတည်းကစိတ်ကြီးတယ် ငိုလွယ်တယ် ဒေါသဖြစ်လွယ်တယ်။ ပျော်ပျော်လည်းနေတတ်သလို ဒေါသဖြစ်ရင်လည်း သူမဟုတ်တော့အတိုင်းပါပဲ မိသားစုအပေါ်တွေမှာလည်း သံယောဇဉ်ရှိတတ်သလိုဆွေမျိုးသားချင်းတွေကိုလည်း ချစ်တတ်ကြတယ်။

မိသားစုအပေါ်ကိုသိတတ်တယ် စွန့်စားပီးပေးဆပ်တတ်တာလည်း တနင်္ဂနွေပါ စိတ်ပြတ်သားသလောက် အစွဲအလန်းလည်းကြီးတတ်ပါတယ်။ 1ယောက်ဆိုတယောက်အပေါ်မှာလည်း စိတ်စွဲနေတတ်တယ်။

ကိုယ်လိုချင်တဲ့ အရာကို သူများလက်ထဲကိုမရောက်စေချင်တာ တနင်္ဂနွေ တခါတလေ တစ်ယူသန်တဲ့စိတ်တွေလည်းရှိတတ်ကြတယ် ဒါဆိုရင်ဒါပဲ မပြောင်းလဲတတ်ဘူး ခေါင်းနဲနဲမာတယ်

အလုပ်လုပ်တဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တဲ့နေရာကိုရောက်အောင်သွားတတ်တယ် ကိုယ်လုပ်နေတဲ့ အလုပ်ကိုဖြစ်အောင်လုပ်တယ် ဘယ်တော့မှလက်မလျော့တာ တနင်္ဂနွေပါ တနင်္ဂနွေတွေဟာ အပြင်မှာ ပြတ်သားသလိုနေတတ်ကြပေမဲ့ ရင်ထဲမှာတော့ အစွဲအလန်းကြီးတတ်တဲ့ နေ့နာမ်များပဲဖြစ်တယ်။

ကိုယ့်ရဲ့အရှေ့မှာ စိတ်မကောင်းစရာတွေတွေ့ရင်သနားတဲ့စိတ်ရှိတယ် ကူညီလိုတဲ့စိတ်တွေလည်း တနင်္ဂနွေမှာအပြည့်ရှိပါတယ် အလုပ်လုပ်တဲ့နေရာတွေမှာတော့ နည်းစနစ်ရှိရှိလုပ်ကိုင်တတ်တာတနင်္ဂနွေပါ။

လူတွေရဲ့စိတ်ကိုစူးစမျးလေ့လာတာကျို ဝါသနာပါကြတယ် တနင်္ဂနွေများဟာ အားနေရင် သီချင်းနားထောင်တာတို့ သီချင်းဆိုတာတို့ ဝါသနာပါပီး စိတ်အေးလက်အေးနေရတာကို နှစ်သက်ကြတယ်

စကားပြောရင်တည်ငြိမ်စွာနဲ့ပြောဆိုတတ်ပီး စွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တဲ့အကျင့်လေးကိုပိုင်ဆိုင်ထားကြတာလည်း တနင်္ဂနွေပါ အချစ်ရေးဟာတော့ချစ်ရတဲ့သူကိုအရမ်းချစ်ပေမဲ့ အနေဝေးနေကြတယ်။

မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦး ခင်ဗျာ

တနင်္လာ သားသမီးတို့ရဲ့ စိတ်နေစိတ်ထားအကြောင်း

တနင်္လာတွေဟာ မိတ်ဆွေပေါများတယ် လူချစ်လူခင်လည်း ပေါများတဲ့နေ့နာမ်ပိုင်ရှင်တွေဖြစ်တယ် ဒေါသထွက်တတ်ပေမဲ့ အပြင်မှာ ထုတ်ပီးအရမ်းမပွားပါဘူး

မိသားစုအပေါ်မှာဆိုရင်တော့ နဲနဲစိတ်မရှည်တတ်ဘူး အစွဲအလန်းကြီးပါတယ် တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာဘဲ စွဲလမ်းနေတတ်တယ် စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တာ တနင်္လာပါ

ခင်ရတဲ့အပေါင်းအသင်းနဲ့ စကားပြောနေချိန် စိတ်ရှည်စွာနဲ့ စိတ်ဝင်တစားလက်ခံနားထောင်ပေးတတ်တယ် ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့နေတတ်သလို သူများကိုပျော်ရွှင်မှုတွေ တခါတရံဖန်တီးပေးတတ်တယ်။

တနင်္လာတွေက သူငယ်ချင်းတွေ မိတ်ဆွေတွေကိုမက်မောစွာနဲ့ခင်တွယ်တတ်တယ် အလုပ်လုပ်တဲ့နေရာမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်

စိတ်ကူးအမြင်ကျယ်တယ် ဗူးဆို ဖရုံမသီးတတ်ဘူး ဖြစ်ချင်တာကို အမြန်ဆုံးအကောင်အထည်ဖော်ရမှကျေနပ်တာတနင်္လာပါ

စိတ်ကူးအမြင်ကျယ်တယ် ဗူးဆို ဖရုံမသီးတတ်ဘူး ဖြစ်ချင်တာကို အမြန်ဆုံးအကောင်အထည်ဖော်ရမှကျေနပ်တာတနင်္လာပါ

တခါတလေတော့ အလုပ်လုပ်တဲ့နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ နဲနဲလေးလွဲချော်နေတတ်တယ် တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာတစ်ခုခုတွေ့မြင်ရရင်သနားတတ်တယ် တတ်နိုင်ရင် ကူညီလိုတဲ့စိတ်အပြည့်အဝရှိပါတယ်

သို့ပေမဲ့ ကိုယ်မကြိုက်တဲ့အရာဆိုရင်တော့ စိတ်လက်ပြတ်သားတယ် လူတစ်ယောက်ကိုခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ပေါင်းသင်းတတ်ကြပါတယ် ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် မမေ့တတ်စွာနဲ့လိုက်လျောညီထွေစွာခင်မင်တတ်တယ်

ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတယ် တနင်္လာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျလေ့လာတတ်တယ်

စကားပြောတဲ့နေရာမှာ ပွင့်လင်းမှုရှိတယ်။ကိုယ်မကြိုက်သောအရာတွေကိုပြောချင်တဲ့စကားရှိရင် အားမနာတမ်း တိုက်ရိုက်ပြောတတ်တာတနင်္လာပါ

တနင်္လာတွေဟာမှန်နေရင် ဘာကိုမှဂရုမစိုက်ပဲနေသလောက် မှားနေရင်တော့ တောင်းပန်ဖို့လည်းဝန်မလေးတတ်ဘူး အပေါင်းအသင်းတွေကြားမှာလည်း ယုံကြည်မှုအပြည့်အဝရှိရှိနဲ့ နေတတ်တာတနင်္လာပါ

စိတ်ကူးယဉ်ဆန်တယ် အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုတုသတွေကိုလေ့လာရတာနှစ်သက်တဲ့နေ့နာမ်တွေပါ တနင်္လာရဲ့အချစ်ရေးကတော့ ချစ်သူရဲ့ချော့တာလေးကိုနှစ်သက်ပေမဲ့ ကိုယ်ကလိုက်ပီး ချော့နေရတဲ့အနေအထားပါ

မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦး ခင်ဗျာ

အင်္ဂါသား သမီးတုိ့ရဲ့ စိတ်နေစိတ်ထားအကြောင်း

အင်္ဂါတွေဟာ အပြင်ပန်းသဏ္ဍန်တည်ငြိမ်အေးဆေးစွာနဲ့နေတတ်ကြပေမဲ့ အင်မတန်မှာ ဒေါသကြီးတဲ့နေ့နာမ်တွေဖြစ်ကြတယ် မဟုတ်ရင်မခံချင်ကြဘူး ဒေါသဖြစ်ရင် အပြင်မှာပေါက်ကွဲကြတာထက်ပါးစပ်ကပူညံပူညံနဲ့ရေရွတ်နေတတ်ကြတယ်

လူတွေအပေါ် ဖော်ရွေစွာနဲ့ခင်မင်တတ်ပါတယ် ဝတ္တရားပျက်ကွက်မိရင်လည်း အပြန်ပြန်အလှန်လှန်တွေးပူနေတတ်ကြတယ် မိသားစုတွေအပေါ်မှာ ပျော်ရွှင်မှုတွေပေးချင်တဲ့စိတ်တွေရှိကြတယ်

တည်ငြိမ်အေးချမ်းတဲ့ ပုံစံမျိုးပေမဲ့ တခါတလေ မိသားစုထဲမှာ ပေါကြောင်ကြောင်နိုင်တတ်ကြတယ် အလုပ်လုပ်တဲ့နေရာမှာသူများအပေါ်ဦးဆောင်လိုတဲ့စိတ်ရှိတယ်

ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ထင်မြင်တတ်ကြတာအင်္ဂါ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ်။အင်္ဂါတွေဟာ ကိုယ့်ကိုယုံကြည်မှုအပြည့်အဝရှိတယ် တခါတရံ ကိုယ့်ကိုယ်ပင်ချီးမွန်းတတ်တယ် သူများတွေမြှောက်ပေးရင်တော့သိပ်မကြိုက်ဘူး

အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ အေးအေးဆေးဆေးနေတတ်ကြတာ အင်္ဂါပါ တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကိုလည်းပိုင်ဆိုင်ထားကြတယ် ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့မမေ့တတ်သလောက် ကို့အပေါ်မကောင်းတဲ့လူဆိုရင်တော့ တသက်လုံးပြန်လှည့်မကြည့်တတ်ကြဘူး

အင်္ဂါတွေဟာတိရိစ္ဆာန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ် အိမ်မက်ထူးထူးဆန်းဆန်းတွေမက်ရင် သူငယ်ချင်းတွေကို သို့မဟုတ် မိသားစုထဲကလူတစ်ယောက်ယောက်ကို ပြန်လည်ပီးပြောပြချင်တတ်ကြတယ်

ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြုံရင်မျက်ရည်လွယ်တတ်ကြတာအင်္ဂါပါ တော်ရုံနဲ့မမေ့တတ်ကြဘူး သို့ပေမဲ့ မေ့ပီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန်ပြန်စတတ်ကြတယ် သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ်အပြည့်အဝရှိတယ်

အားနာတတ်တယ်စကားပြောရင်လည်း သူများနားလည်အောင် ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ် အမှတ်တရတွေကိုတော့ တခုမကျန်မမေ့တတ်တာအင်္ဂါပါပဲ။သီချင်းအေးအေးလေးတွေဆို တည်ငြိမ်အေးချမ်းတဲ့နေရာမှာ တိုးတိုးတိတ်တိတ် နားကျပ်နဲ့နားထောင်နေရတာတွေကိုနှစ်သက်ကြတာအင်္ဂါပါ

အင်္ဂါတွေဟာ အချစ်ရေးမှာတော့ တွေဝေနေတတ်ကြပါတယ်။ရှေ့တိုးရမလိုလို နောက်ဆုတ်ရမလိုလိုနဲ့ သံယောဇဉ်လည်း မပြတ်နိုင်ကြဘူး

မိတ်ဆွေတို့ ဖတ်ပြီး သဘောကျ နှစ်သက်ရင် မိမိတို့ မိတ်ဆွေ များကိုလည်း ပြန်လည် ဝေမျှ ပေးကြပါဦး ခင်ဗျာ Credit