ပထမဆုံးပြောပြချင်တာကတော့ကျွန်တော်ထေရဝါဒဗုဒ္ဓဘာသာတယောက်ပါ။ စာဖတ်သူလည်းပညာတတ်ပါ။ ဒါကြောင့် တွေးခေါ်ကြည့်ပါ။အမတော် ‘သုစိတ’ မောင်တော်’နန္ဒ’ အပိုင်စားရတဲ့မင်းဘူးက နဂါးပွက်အိုင်….တကယ်တော့ ဂေါပကတွေရော အဲ့ဒီလာတဲ့နဂါးဖူးတွေပါ ပထဝီသင်ခဲ့ကြမှာပါ ၅တန်း ၆တန်းလောက်ဆို မီးတောင်အကြောင်း စသင်နေရပြီ။ရွှံ့မီးတောင် / မီးတောင်သေ / မီးတောင်ငြိမ်း စတဲ့အကြောင်းတွေ သင်ဖူးကြမှာပါ ။
အခုလို ရွှံ့မီးတောင်အပေါက်ဝထဲကို နွားနို့နဲ့ကြက်ဥတွေ ပစ်ထည့်ကြတယ်အမွှေးတိုင်ပေါင်း သောင်းချီပူဇော်ကြတယ် အဲ့ဒီနွားနို့နဲ့ကြက်ဥတွေကိုသာ မိဘမဲ့ဂေဟာကကလေးတွေကို တိုက်ကြွေးမယ်ဆို တော်ရုံဂေဟာတစ်ခုတော့ နေ့စဉ်အာဟာရ မပူရတော့ဘူး။
သူတစ်ပါးယုံကြည်မှုကို ကဲ့ရဲ့တာမဟုတ်ပါဘူးဆုံးရှုံးသွားတဲ့ အလှူငွေကို လိုအပ်တဲ့နေရာရောက်စေချင်တာပါ။နောက်တစ်ချက်က ဒါဟာ ဘူမိဗေဒပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လေ့လာရေးစခန်းဖြစ်နိုင်တယ် အဲ့ဒီမီးတောင်ကို စနစ်တကျလေ့လာရင် ဘယ်လိုအဖိုးတန်ဓါတ်ငွေ့တွေထွက်နိုင်မလဲ ဘယ်လိုအကျိုးကျေးဇူး ရှိမလဲ သိခွင့်ရလာမယ်။
သူတို့ကိုစော်ကားခြင်းထက် ကျနော်ကတော့ နှမျောတယ် ချီလီနဲ့အာဂျင်တီးနားက မီးတောင်သေတွေ/ရွှံ့မီးတောင်တွေ / မီးတောင်ရှင်တွေသာ မြန်မာပြည်ရောက်ခဲ့ရင်၉ထောင်လောက်စေတီတည်ပြီး နတ်နဂါးပုံပြင်တစ်ခုခုနဲ့ဇာတ်သွင်းဖင်ဘူးထောင် ဦးချပြီး နွားနို့နဲ့ကြက်ဥတွေပစ်ထည့်ဦးမယ်ထင်တယ်နော်…….
ပုပ္ပါးက မယ်ဝဏ္ဏဆိုသထုံကနေ နန်းမှုရေးရာ စိတ်ကုန်လို့ တရားအားထုတ်ဖို့လာတဲ့သထုံဘုရင် မနူဟာ ရဲ့ ညီမ လူစစ်စစ်ပါသူတို့နဲ့တွေ့မှပန်းစားဘီလူးမဆိုပီး အစွယ်ပေါက်ရရှာတယ်အပါယ်လေးဘုံစာရင်းဝင် တိရိစ္ဆာန်ကို ကန်တော့နေရတဲ့အယူလွဲ logicမြန်မာပြည်အနှံ့အပြားမှာ မြွေရှင်ဘုရားဘယ်နှစ်ဆူရှိလည်းတော့မသိဘူး
ကျနော်ရောက်ဖူးတဲ့ ဘုရားတွေက ပလိပ်/သုံးတောင်/စစ်ကိုင်းမှာရှိတဲ့ မြွေဘုရားသုံးဆူရောက်ဖူးတယ် မြွေဆိုတာ အပါယ်လေးဘုံ စာရင်းဝင် တိရိစ္ဆာန်ပဲနိမ့်ကျတဲ့တိရိစ္ဆာန်ကို မြင့်မြတ်တဲ့ဗုဒ္ဓဆင်းတုနဲ့တွဲပြီး ပူဇော်နေကြတဲ့ ကျနော်တို့မြန်မာတွေ။နတ်မြွေ/အိပ်မက် စတဲ့ပါးစပ်ရာဇဝင်နဲ့ ဖြဲခြောက်ပြီး ဗုဒ္ဓဘာသာဝင်တွေက နိမ့်ကျတဲ့တိရိစ္ဆာန်ကို ဖင်ဘူးထောင်ကန်တော့နေရတယ်
အမယ်…အဲ့ဒီမြွေစာအတွက် လစဉ်အလှူရှင်ဆို အလုအယက်ဗျ။စပါးကျီ/စပါးအုံ မြွေဆိုတာမျိုးက အစာဝရင်ငြိမ်သက်နေတာလေသူတို့မှာအစာချက်ဖို့လုံလောက်တဲ့အစာအိမ်အက်ဆစ်မရှိဘူးဘိန်းကြွေးလို့ ဘိန်းမူးနေတဲ့မြွေဟာ လူကိုဘယ်အန္တရာယ်ပြုပါ့မလဲ။
ဂေါပကတွေကပြောသေးတယ် ( သူတော်စင်မြွေ )တဲ့။ဟုတ်ပြီ… သူတော်စင်မြွေဆိုရင် သက်သက်လွတ်ကျွေးကြည့်ပါတစ်ပတ်တစ်ခါဥပုသ်စောင့်ခိုင်းပါ ၁လလောက်အစာမကြွေးပဲထားပြီး ဂေါပကကိုယ်တိုင် မြွေလှောင်အိမ်ထဲ ဝင်ထိုင်နေပါ ကျနော်မယုံကြည်လို့ အပြစ်တင်ခြင်းမဟုတ်ပါဘူးလွဲနေတဲ့ ဘာသာရေးအသိကို တည့်မတ်စေချင်တာပါ
တကယ်လိုအပ်နေတဲ့ ဘာသာရေးသာသနိကအဆောက်အုံတွေအများကြီးပါ မြွေဆိုတဲ့နိမ့်ကျတဲ့တိရိစ္ဆာန်ကိုကန်တော့မယ့်အစားရွှေစည်းခုံ/မိထ္ထီလာကန်/တန့်ကြည်တောင် သမိုင်းတွေထဲပါတဲ့ လူကောင်းတွေကိုကူညီတတ်တဲ့ ဘီလူး/သဘက်ကန်တော့တာမှတော်သေး။
မြွေအကောင်ကြီးလို့ ကန်တော့မယ်ဆိုတောင်အမေရိကဖက်က အမေဇုန်မြစ်က အန်နာကွန်နာမြွေကြီးတွေကို You Tubeမှာ ရှာကြည့်။( မြန်မာပြည်မှာသာ အန်နာကွန်နာမြွေကြီးတွေ တွေ့ခဲ့ရင်မြန်မာလူမျိုးတွေ ထွက်မပြေးပဲထိုင်ကန်တော့ကြမယ်ထင်တယ် ) နောက်တစ်ချက်…( ဒီအပိုဒ်က အငြင်းပွားဖွယ်ရာရှိမယ် )မြန်မာပြည်အနှံ့အပြားမှာ ဘုရားကိုနဂါးမိုးထားတဲ့ နဂါးရုံဘုရားအများကြီးပဲ ။ဘုရားကို နဂါးမိုးတဲ့ဇာတ်လမ်းက ဘယ်ကစသလဲ…ဇာတ်လမ်းကတော့ ဘုရားရှင်လက်ထက်ကစတာပဲဆင်းထုတော်တွေထဲ ကျနော်မြင်ဖူးသမျှအေဒီ ၁၁ရာစုမှ စတင်တယ်…
သဘောကတော့ ဘုရားရှင်ပွင့်ပြီး နှစ် ၁၆၀၀လောက်ကြာမှ ဒီရုပ်ထုဇာတ်လမ်းက စတင်လာသလား တစ်ခုကြိုပြောရရင် ကျနော်ဟာသမိုင်းပညာရှင်မဟုတ်တဲ့အတွက် ကျနော်ရောက်ဖူးတဲ့နဂါးရုံဘုရားထဲအေစာဆုံးဘုရားလို့သုံးတာပါ ။
ကျန်စစ်သားရဲ့ဇာတ်လမ်းထဲ ခရစ်နှစ် ၁၀၈၄ခုနှစ် ရာဇဝင်တစ်ခုမှာ ကျန်စစ်သားကို အနော်ရထာက အရိန္ဒမာလှံနဲ့ပစ်ပြီးသတ်တဲ့အခါကျန်စစ်သားထွက်ပြေးတယ် ။အဲ့ဒီမှာ မုဆိုးကြီးငဆင့်က ကျန်စစ်သားကိုကူညီပြီးဖွက်ထားပေးတဲ့ရွာ ( ငဆင့်ကူညီလို့ ငဆင့်ကူရွာလို့ခေါပြီးအခုခေတ်စကားသံပြောင်းလဲမှုကြောင့် ငဆင့်ကူကနေ စဉ့်ကူဟုပြောင်းလဲ) မှာကျန်စစ်သားအိပ်တဲ့အခါ နဂါးတစ်ကောင်က ရုံပြီးမိုးပေးထားတယ်ဆိုပဲ ။အဲ့ဒီနေရာမှာ ကျန်စစ်သားက အရိန္ဒမာလှံနဲ့ရှောက်သီးကိုခွဲစားတဲ့အခါချိုပြီးရှောက်ချိုသီးဖြစ်သွားတဲ့နေရာပေါ့ဗျာ။
မထီးတူမ သမ္ဗူလနဲ့ ပထမဆုံးတွေ့တဲ့နေရာပေါ့ သူဘုရင်ဖြစ်တဲ့အခါ အဲ့ဒီနေရာမှာနဂါးရုံဘုရားတည်တယ်။ သူ့ကိုနဂါးမိုးတာကိုအစွဲပြုပြီးဘုရားဆင်းထုကိုပါ နဂါးမိုးစေခဲ့တယ် ။မြန်မာပြည်မှာကျနော်ရောက်ဖူးတဲ့ နဂါးရုံဘုရားတွေထဲအဲ့တာ အစောဆုံးနဂါးပဲ ။ဘုရားလက်ထက်က စတဲ့ဇာတ်လမ်းကို အငြင်းပွားနေတာမဟုတ်ဖူးကျနော်မြင်ဖူးတဲ့နဂါးရုံဘုရားထဲ မှတ်တမ်းအစောဆုံးဘုရားကိုပြောချင်တာ တောင်သမန်အနောက်ခြမ်းက နဂါးရုံဘုရားဆိုရင်ကျနော်မြင်ဖူးသမျှထဲ အကြီးဆုံးပဲ ။
အဲ့ဒီမှာဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘာကိုသတိထားမိလည်းဆိုတော့ မြန်မာအချို့ဟာ ဘာသာတရားထက် အကြောက်တရားပိုနေကြတယ် ကြည်ညိုဖွယ်အဆင်းနဲ့ဗုဒ္ဓထက် အနောက်ကမိုးထားတဲ့နဂါးရဲ့ ခမ်းနားမှုကိုရင်သပ်အံ့သြကြတယ်။
ဗုဒ္ဓကိုမြင်တဲ့အခါ အေးချမ်းသွားရမယ့်အစား အနောက်ကမြွေနဂါးရဲ့ သဏ္ဏာန်ကြောင့်တုန်လှုပ်တယ်/ကြောက်စိတ်ဝင်တယ် ။( ဝေါမြို့က နဂါးရုံဘုရားဆို ဘုရားကစကြာဝတေးမင်းအဆင်တန်ဆာနဲ့အနောက်ကနဂါးဟာ လက်ခ်ျမီးဒီဇိုင်းနဲ့ )( မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေမှာရှိတဲ့ အတုလမဟာမြကျောက်စေတီပုရဝုဏ်ထဲကနဂါးရုံဘုရားဆိုရင်ကြောက်စရာအကြေးကွက်တွေနဲ့ လူကိုစားတော့မတတ် )နဂါးရုံဘုရားအများစုက ဘုရားကိုဖြစ်သလိုထုပီး နဂါးကိုစနစ်တကျထုလုပ်ထားကြတာများတယ် ။
ဘုရားသေးသေး နဂါးကြီးကြီးဘာသာတရားကိုအကြောက်တရားကအုပ်မိုးထားသလိုမျိုးအဲ့ဒီဆင်းထုတွေမှာ ကြက်ဥနဲ့နွားနို့ပူဇော်ကြတယ် ။ဘုရားကသူ့သားရဟန်းတွေကိုတောင်လူတွေအကြောက်တရားနဲ့ကိုးကွယ်မှာမလိုချင်လို့ တန်ခိုးမပြခိုင်းဘူး ပညက်ထားခဲ့တာ။
လူတွေလုပ်မှ အကြောက်တရားကို ဘာသာတရားထဲဇွတ်သွင်းနေသလိုပဲ ကျနော်ကတော့ အဟိတ်တိရိစ္ဆာန်လည်း မကန်တော့နိုင်သလို ဗုဒ္ဓဆင်းထုမြင်တာနဲ့ အကြောက်တရားဖြစ်စေတဲ့ နဂါးရုံတွေကို ကြောက်တယ် ။ဘုရားလက်ထက်က နဂါးဟာ သာသနာပြုနဂါးအခုလူတွေထုဆစ်နေတဲ့နဂါး (ပုံတွေကြည့်ပါ)မြင်တာနဲ့လူကို ဝါးစားမတတ် Over ဖြစ်အောင်ထုလုပ်ထားကြတာ ကြည်ညိုသဒ္ဒါတရားထက် အကြောက်တရားပိုဖြစ်စေတယ်အေးချမ်းချင်လို့ ဘုရားသွားတာ အေးအေးချမ်းချမ်းပဲ ဖြစ်ချင်တယ် ။
ဒါကြောင့် စာဖတ်သူမိတ်ဆွေသူများပါးစပ်ဖျားလမ်းမဆုံးပဲ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားဆင့်ချိန်ရမယ်။တရားများများနာ စာများများဖတ် ဒါမှအလိမ်မခံရမှာ……….စာကိုး / စာရေးဆရာဆန်းကျော်စွာဝင်း ၏ စာမူကိုမှီညမ်း၍ပြန်လည်ဝေမျှ၏
ဓမ္မရသ စာစုများ