နိုင်ငံကျော်အငြိမ့်မင်းသမီးကြီး မိုးနတ်သူဇာ ဒေါ်သီတာဝင်း(ဒေါ်မြသက်မော်)ဟာအဆုတ်ကင်ဆာနဲ့ကွယ်လွန်သွားပါပြီ။ မကြာသေးမီအချိန်ကလည်း ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတယ်လို့လည်းသိရပါတယ်။
ဦးနေဝင်း၏ မဆလ အစိုးရအုပ်ချုပ်စဉ်ကာလက နိုင်ငံရေးအကြောင်းပြောဆိုသူတွေကို ပြားပြားဝပ်အောင် နှိပ်ကွပ်နေချိန်မှာတောင် အစိုးရ၏ အလွဲများကို ပညာသားပါပါ မကြောက်မရွံ သရော်ပျက်လုံးထုတ်ခဲ့တဲ့ ၅ငြိမ့်အဖွဲ့ဆိုလျင်လဲမမှားပါ ။
ယင်း မိုးနတ်သူဇာ အငြိမ့် အဖွဲ့ကို ခေါင်းဆောင်မင်းသမီးကြီး ဒေါ်သီတာဝင်း လူရွှင်တော်များအဖြစ် ဇာဂနာ စုတ်ချွန်း ပိန်ပိန် တက်တူ အရိုင်း ကင်းကောင် တို့ဖြင့်စတင်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်သည် ။
ဒေါ်သီတာဝင်းသည် စွယ်စုံရ မင်းသားကြီး အကယ်ဒမီဝင်းဦး၏ တပြည့်တစ်ဦးဖြစ်ခဲ့ပြီး ရုပ်ရှင်လောကကိုစတင်ဝင်ရောက်ခဲ့ပြီးမှ အငြိမ့်လောကဘက်သို့ ခြေဆန့်လာသူတစ်ဦးဖြစ်သည် ။
ထိုခေတ်ထိုအခါက ဒေါ်သီတာဝင်း၏ အက အလှကလည်းနာမည်ကြီးသလို အထေ့အငေါ့ကောင်းကောင်းနဲ့ အစိုးအုပ်ချုပ်ရေးပိုင်းကို ပျက်လုံးထုတ်ကလိတတ်တဲ့ ဇာဂနာ အရိုင်း ကင်းကောင် ကို့ကို မွေးထုတ်လိုက်တဲ့ အငြိမ့်အဖွဲ့ဟုဆိုလျင်လည်း မှားမည်မဟုတ်ပေ ။
ရုပ်ရှင် သဘင် ဘက်စုံတော်တဲ့ မိုးနတ်သူဇာ အငြိမ့်၏ ခေါင်းဆောင်မင်းသမီးကြီး ဒေါ်သီတာဝင်းတစ်ယောက် ကောင်းရာသုဂတိလားပါ
စေ
——————–
ႏိုင္ငံေက်ာ္အၿငိမ့္မင္းသမီးႀကီး မိုးနတ္သူဇာ ေဒၚသီတာဝင္း(ေဒၚျမသက္ေမာ္)ဟာအဆုတ္ကင္ဆာနဲ႔ကြယ္လြန္သြားပါၿပီ။ မၾကာေသးမီအခ်ိန္ကလည္း ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတယ္လို႔လည္းသိရပါတယ္။
ဦးေနဝင္း၏ မဆလ အစိုးရအုပ္ခ်ဳပ္စဥ္ကာလက ႏိုင္ငံေရးအေၾကာင္းေျပာဆိုသူေတြကို ျပားျပားဝပ္ေအာင္ ႏွိပ္ကြပ္ေနခ်ိန္မွာေတာင္ အစိုးရ၏ အလြဲမ်ားကို ပညာသားပါပါ မေၾကာက္မ႐ြံ သေရာ္ပ်က္လုံးထုတ္ခဲ့တဲ့ ၅ၿငိမ့္အဖြဲ႕ဆိုလ်င္လဲမမွားပါ ။
ယင္း မိုးနတ္သူဇာ အၿငိမ့္ အဖြဲ႕ကို ေခါင္းေဆာင္မင္းသမီးႀကီး ေဒၚသီတာဝင္း လူ႐ႊင္ေတာ္မ်ားအျဖစ္ ဇာဂနာ စုတ္ခြၽန္း ပိန္ပိန္ တက္တူ အ႐ိုင္း ကင္းေကာင္ တို႔ျဖင့္စတင္ဖြဲ႕စည္းထားတဲ့အဖြဲ႕ျဖစ္သည္ ။
ေဒၚသီတာဝင္းသည္ စြယ္စုံရ မင္းသားႀကီး အကယ္ဒမီဝင္းဦး၏ တျပည့္တစ္ဦးျဖစ္ခဲ့ၿပီး ႐ုပ္ရွင္ေလာကကိုစတင္ဝင္ေရာက္ခဲ့ၿပီးမွ အၿငိမ့္ေလာကဘက္သို႔ ေျခဆန႔္လာသူတစ္ဦးျဖစ္သည္ ။
ထိုေခတ္ထိုအခါက ေဒၚသီတာဝင္း၏ အက အလွကလည္းနာမည္ႀကီးသလို အေထ့အေငါ့ေကာင္းေကာင္းနဲ႔ အစိုးအုပ္ခ်ဳပ္ေရးပိုင္းကို ပ်က္လုံးထုတ္ကလိတတ္တဲ့ ဇာဂနာ အ႐ိုင္း ကင္းေကာင္ ကို႔ကို ေမြးထုတ္လိုက္တဲ့ အၿငိမ့္အဖြဲ႕ဟုဆိုလ်င္လည္း မွားမည္မဟုတ္ေပ ။
႐ုပ္ရွင္ သဘင္ ဘက္စုံေတာ္တဲ့ မိုးနတ္သူဇာ အၿငိမ့္၏ ေခါင္းေဆာင္မင္းသမီးႀကီး ေဒၚသီတာဝင္းတစ္ေယာက္ ေကာင္းရာသုဂတိလားပါေစ