ဗဟုသုတ

၂၁ ရာစု မိန်းကလေးများအနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ ဗဟုသုတများ

ခေတ်ကြီးက တိုးတက်တာ မြန်ဆန်နေပါတယ်နော်။ ရှေးခေတ် မိန်းကလေးတွေလို အိမ်မှာပဲ နေလို့ ရတဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။ မိန်းကလေးတွေရဲ့ အခန်းကဏ္ဍတွေလည်း မြင့်တက်လာလျက်ရှိနေပါတယ်။

ဒါပေမယ့် မိန်းကလေးတွေကတော့ ရှေးရိုးစွဲ အမြင်တွေကနေ ဖောက်ထွက်နိုင်ဖို့ ကြိုးစားနေရတုန်းပါ။ “မိန်းကလေးဆိုတာ” ကနေ အစချီပြီး မိန်းကလေးဆိုတာ ဒီလို ဖြစ်ရမယ်ဆိုပြီး လူတွေက သတ်မှတ်ထားကြပါတယ်။

တကယ်က အဲ့ထက်ပိုပြီး အရေးတကြီး သိဖို့ လိုအပ်တာတွေက ၂၁ ရာစုမှာ ရှိလို့ နေပါတယ်။

(၁) ဓမ္မတာလာခြင်းနဲ့ ပတ်သတ်တဲ့ အသိ

မိန်းကလေးတွေကြားထဲမှာ ဓမ္မတာ လာခြင်းနဲ့ ပတ်သတ်ပြီး ရှေးယခင်က နိမ့်ကျတဲ့ အရာလို့ သတ်မှတ်ထားကြပါတယ်။ တကယ်က ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်စဉ် တစ်ခုပါပဲ။

ဇီဝ ဖြစ်စဉ် တစ်ခု ဖြစ်တာကြောင့် ဓမ္မတာလာခြင်းနဲ့ ပတ်သတ်ပြီး ကျန်းမာရေးအသိတွေ ရှိထားသင့်ပါတယ်။

ဓမ္မတာ လာရခြင်း အကြောင်းအရင်း၊ သန့်ရှင်းစေဖို့၊ ပိုးတွေ မဝင်ဖို့၊ ဓမ္မတာ ထိန်ရင် ဖြစ်နိုင်တဲ့ အကြောင်းအရာများ စတာတွေကို သိထားသင့်ပါတယ်။ အခုခေတ်မှာ လူတိုင်း ဖုန်း အသုံးပြုနေတာမို့ သိချင်တာ မှန်သမျှ အွန်လိုင်းကနေ ရှာဖတ်လို့ ရပါတယ်နော်။

(၂) လိင်ဆက်ဆံခြင်းကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေ

ပွင့်လင်းလာတဲ့ ခေတ်မှာ ရှေးရိုးစွဲ အမြင်တွေ ရှိသေးတာကြောင့် မဖြစ်သင့်တာတွေ ဖြစ်လာတတ်ကြပါတယ်။

လက်မထပ်ခင်မှာ လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးအသိတွေ သေချာ မရှိပဲ စိတ်အလို လူသားသဘာဝကြောင့် ဆက်ဆံကြတဲ့အခါမှာ မလိုလားအပ်တဲ့ လိင်နဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာတဲ့အခါ တစ်ရှက်ကနေ နှစ်ရှက် ဖြစ်တတ်ပါတယ်။

ကိုယ့်ရဲ့ ကျန်းမာရေး အသိ နုံနဲပုံကြောင့် ကိစ္စကြီးတွေ လိုက်ရှင်းရတာမျိုး ငွေကုန်ကြေးကျ များသွားတာမျိုး ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်တဲ့ အသိမရှိရင်လည်း အချိန်မတန်ပဲ ကိုယ်ဝန်ရသွားနိုင်တာတွေလည်း ရှိတတ်ပါတယ်

(၃) ကိုယ်ဝန်နဲ့ ပတ်သတ်တဲ့ ကျန်းမာရေးအသိ

ကိုယ်ဝန်နဲ့ ပတ်သတ်ရင် ယောင်္ကျားလေးထက် မိန်းကလေးတွေက ပိုလို့တောင် သိသင့်ပါသေးတယ်။ သားအိမ်က မိန်းကလေးမှာ ရှိတဲ့အတွက် ကိုယ်ဝန်နဲ့ ဆိုင်တဲ့ ကျန်းမာရေး အခြေအနေတွေက မိန်းကလေးတွေကို ပိုသက်ရောက်နေပါတယ်။

လိင်ဆက်ဆံခြင်းကြောင့် ကိုယ်ဝန်ရခြင်းကိုလည်း သေချာ သိနားလည်ဖို့ လိုသလို ကိုယ်ဝန်မရချင်ဘူး ဆိုရင်လည်း စိတ်ဆန္ဒကို အသားမပေးပဲ ကျန်းမာရေးအသိနဲ့ ဆင်ခြင်ရပါမယ်။

ဒီလိုမျိုး ကျန်းမာရေး ဗဟုသုတတွေကို မိန်းကလေးတွေက သိထားသင့်ပြီး လွန်သွားခဲ့ရင်လည်း ဘယ်လို ဖြေရှင်းလို့ ရမလဲဆိုတာအပြင် နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်းလည်း သိထားသင့်ပါတယ်။

ဒါက သင်နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုနဲ့ ကျန်းမာရေးအခြေအနေတွေမို့ သိကို သိထားရမှာပါ။

(၄) ယောင်္ကျားလေးအကြောင်း

လူအမျိုးမျိုး စိတ်အထွေထွေ ရှိပါတယ်။ မိန်းကလေးတွေ အများစုက စိတ်ခံစားမှု မြင့်တဲ့သူတွေ ဖြစ်ပါတယ်။ မိန်းကလေးတွေက ချစ်မိတဲ့သူနဲ့ ပတ်သတ်ရင် စိတ်ပျော့တတ်ကြပါတယ်။

အကောင်းဆုံးက လူတစ်ယောက်အကြောင်းကို သေချာမသိသေးရင် ချစ်သူအဆင့်ထက် လွန်အောင် မနေသင့်ပါဘူး။

အကယ်၍ သင်တို့ ပြတ်စဲတဲ့အခါ ဒီအဖြစ်အပျက်တွေက သင့်ကို ဝမ်းနည်းစေနိုင်ပါတယ်။ ဒါ့အပြင် မဖြစ်သင့်တာမျိုးကို လက်မထပ်ခင် ဖြစ်ပြီး ကိုယ်ဝန်ရှိခဲ့ရင်လည်း သင့်အတွက် ရပ်တည်ရတာတွေမှာ ခက်ခဲမှာတွေလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ယောင်္ကျားလေးတစ်ယောက်က ဒီလို အချက်တွေကို ရေရှည်ကို မကြည့်ပဲ သင့်ကို ခွင့်တောင်းလာခဲ့ရင် ငြင်းလိုက်ပါ။ သင့်ကိုယ်သင်ကို ပိုချစ်ဖို့ သင်က ထိုက်တန်ပါတယ်။

(၅) ယမကာ သောက်ကြည့်ဖူးသင့်တယ်

မိန်းကလေးတွေက ယမကာ မသောက်သင့်ဘူးဆိုတဲ့အမြင်က ယုတ္တိ မဆန်ပါဘူး။ လူတစ်ယောက်က အရည်တစ်ခုခုကို သောက်တာမို့ သောက်လို့ ရပါတယ်။

ဒါပေမဲ့ သောက်ဖူးသင့်တယ်လို့ ဆိုရခြင်းက မသောက်ဖူးရင် ယမကာဆိုတာ ဘာမှန်း မသိပဲ ကိုယ့်ကို အန္တရာယ်ပေးချင်တဲ့သူတွေရဲ့ ဒုက္ခပေးမှုကို ခံရနိုင်တာကြောင့် ဖြစ်ပါတယ်။

ယမကာဆိုတာကလည်း အချိုရည်နဲ့ ရောရင် ယမကာနဲ့ အချိုရည် မခွဲတတ်တာမျိုးကို မသောက်ဖူးသူတွေက ဖြစ်နိုင်တာမို့ သောက်ဖူးသင့်တယ်လို့ ပြောရတာပါ။

(၆) မမှီခိုဖို့ ပညာသင်ရမယ်

မိန်းကလေးတွေက ကျန်ခဲ့တဲ့ ခေတ်တွေကို အိမ်မှာပဲ ထမင်းဟင်းချက်ပြီး အိမ်ကိစ္စတွေ စီမံရင် ခင်ပွန်းဖြစ်သူဆီက ငွေကိုသာ သုံးစွဲရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို မှီခိုသူလို့ ပြောခဲ့ကြပါတယ်။

မိန်းကလေးတွေလည်း ကိုယ့်လုပ်ချင်တဲ့အရာတွေ လုပ်ပြီး ကိုယ့်ငွေကိုယ်ရှာနိုင်တာမို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်အောင် လုပ်မှသာ ယောင်္ကျားမရှိရင် အသက်ရှင်မှာ မဟုတ်ဘူးဆိုတဲ့ အမြင်တွေ အခြေအနေတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၇) ကိုယ့်ကိုယ်ကို ကာကွယ်ဖို့

ခေတ်က တိုးတက်နေသလို ရာဇဝတ်မှုတွေကလည်း ရှိဆဲ ရှိမြဲပါပဲ။ မိန်းကလေးဆိုတာ ခန္ဓာကိုယ်ဖွံ့စည်းပုံက ကောင်လေးတွေနဲ့ မတူတာကြောင့် ရာဇာဝတ်မှု ကျူးလွန်သူတွေက ပစ်မှတ်ထားလေ့ ရှိပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့အတွက် အန္တရာယ်နဲ့ ကြုံလာတဲ့အခါ ဘယ်လို လုပ်လို့ ရနိုင်လဲဆိုတာကို သိထားသင့်ပါတယ်။

(၈) မရှက်သင့်တာ မရှက်မယ့် အသိ

အပေါ်ကအချက်တွေအပြင် ရှက်သင့်တာနဲ့ မရှက်သင့်တာတွေကို ကွဲကွဲပြားပြားသိသင့်ပါတယ်။ ကျန်းမာရေးအရ သိသင့်တဲ့ အရာမှန်သမျှက ရှက်စရာ မဟုတ်ပါဘူး။

ဒါတွေကို ရှက်လို့ အလွန်တွေ ဖြစ်သွားလို့ လိုက်ဖြေရှင်းရ ကုသရတဲ့အချိန်မှာမှ ပိုတောင် အရှက်ရပါသေးတယ်။ ကိုယ့်ကျင့်သိက္ခာနဲ့ စိတ်နေစိတ်ထား မကောင်းတာကမှ ရှက်ရမှာ ဖြစ်ပါတယ်။

ကြီးနိုင်ငယ်ညှင်း အကျင့်နဲ့ လူတန်းစားခွဲခြားတတ်တဲ့ စိတ်တွေကမှ ရှက်စရာ ဖြစ်ပါတယ်။

crd….

Unicode

(၂) လိင်ဆက်ဆံခြင်းကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွ