အခ်စ္နွင့္ဘဝ

လူတွေက ပိုင်ဆိုင်ပြီးသွားတဲ့အခါ အရင်လို ဂရုစိုက်စရာမလိုတော့ဘူးလို့ထင်သွားတတ်ကြတာပဲ

တကယ့်ကို မှားတယ်ဆိုတာထက် တကယ်ကို တန်ဖိုးမထားရာ ရောက်ပါတယ် ။ စကားလေးတစ်လုံးတောင် သုံးတတ်ကြသေးတယ် တံငါသည်တစ်ယောက် ကိုယ့်ပလိုင်းတဲ့ရောက်နေတဲ့ ငါးကို အစာကျွေးသေးလို့လားတဲ့ ။

ကျွန်မဟာ ငါးလေးတစ်ကောင်မဟုတ်ခဲ့သလို အစာကိုမက်လို့ချိတ်ကို ဟပ်ခဲ့တာမဟုတ်ဘူးလေ ။ ရှင့်ကိုချစ်လို့ ဘ၀ထဲ တိုး၀င်ဖို့ ကြိုးစားခဲ့တာပါ ။ မိန်းမကလေးတော်တော်များများမှာ ထပ်တူညီတဲ့ နောင်တ တစ်ခုတော့ရှိတယ် အဲ့တာဟာ … ငါသာ အဖြေမပေးခဲ့သေးရင် သူ အရင်လိုပဲ အမြဲတစေ ဂရုစိုက်လိမ့်မယ်ဆိုတဲ့ နောင်တပေါ့ ။

အရင်တုန်းကလို ကိုယ့်အချစ်ကို လိုချင်နေတဲ့ လူတစ်ယောက်လို မမြင်ရတော့ဘူး … မရှိလဲ ဖြစ်တယ်ဆိုတဲ့ လူတစ်ယောက် ကိုယ့်အနားရပ်နေသလိုပါပဲ … ခေါင်းကိုက် တာကအစက ဂရုစိုက်တတ်တဲ့သူက .. ခုဆို အိပ်ယာထဲ လဲနေတာတောင် စိတ်ပူရမယ့် အရာလို့ မမြင်တော့ဘူး ။ ဒီလိုပြောင်းလဲခြင်းတွေမှာ နေသားတကျလေးဖြစ်ဖို့ ကျွန်မ အများကြီး ကြိုးစားရဦးမယ် … အရင်တုန်းက ရှင့်ကို ပြန်ရလာဖို့ထက် လက်ရှိ ကိုယ့်အရှေ့ရှိနေတဲ့ ရှင့်ကို နားလည်ပေးနိုင်ဖို့ အများကြီး ကြိုးစားရဦးမယ် ။

အရင်ကဆို… သည်းသည်းလှုပ်ချစ်တတ်ခဲ့သလောက် ကိုယ့်ဘက်က ပြန်ချစ်တဲ့အခါမှ အေးစက်သွားတတ်တဲ့ ဆက်ဆံရေးတွေကြားမှာ မပြတ်ချင်တဲ့စိတ်နဲ့ ဆက်ဆွဲထားရင်း ကျွန်မတို့တွေမှာ တန်ဖိုးတွေ မဲ့သွားတတ်ပါတယ် ။ တကယ်တမ်းကျတော့ အရင်တုန်းက ရှင့်ကို သဘောကျခဲ့ဖူးသလိုပဲ အရင်တုန်းက ဂရုစိုက်မှုလေးတွေ အမြဲတမ်း လိုအပ်ပါတယ် ။ ကျွန်မတို့ မိန်းမသားတွေကလေ … အနည်းဆုံးတော့ ကိုယ့် ချစ်သူအတွက် အရေးပါ အရာရောက်ချင်ကြတယ် ။ အသက်တွေ ဘယ်လောက်ကြီးလာကြီးလာ ဂရုစိုက်ခံချင်ကြတယ် ။ ဒါတွေ … သိအောင် ပြောမပြနိုင်သေးခင် .. ငါသာ အဖြေပြန်မပေးခဲ့သေးရင် အရင်လို ဂရုစိုက်နေဦးမှာပဲဆိုတဲ့ နောင်တလေးတွေပဲ ရှိတယ် ။

တစ်ခုတော့ မှတ်ထားပါ … ကျွန်မသည်လဲ လူပါ။ ဒီနေရာမှာ အမြဲတမ်းရပ်နေပါ့မယ်ဆိုတဲ့ အာမခံချက်တွေ ပေးနိုင်မှာ မဟုတ်ဘူး ။ အရမ်းပင်ပန်းလာတဲ့အခါ ရှင့်ပလိုင်းတဲ့ ခုန်ထွက်ဖြစ်မယ့် ငါးတစ်ကောင်လဲ ဖြစ်ကောင်းဖြစ်လာနိုင်သေးတယ်လေ ။ ပိုင်ပြီးသွားတဲ့အခါ ဂရုစိုက်စရာ မလိုတော့ဘူးဆိုတဲ့ အတွေးတွေထက် … ပိုင်ဆိုင်တုန်းလေးမှာ တန်ဖိုးထားသင့်တယ်ဆိုတဲ့ အတွေးလေးတော့ ရှိစေချင်တယ် ။

မူရင်း‌စာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်။

လူတွေက ပိုင်ဆိုင်ပြီးသွားတဲ့အခါ အရင်လို ဂရုစိုက်စရာမလိုတော့ဘူးလို့ထင်သွားတတ်ကြတာပဲ တကယ့်ကို မှားတယ်ဆိုတာထက် တကယ်ကို တန်ဖိုးမထားရာ ရောက်ပါတယ် ။ စကားလေးတစ်လုံးတောင် သုံးတတ်ကြသေးတယ် တံငါသည်တစ်ယောက် ကိုယ့်ပလိုင်းတဲ့ရောက်နေတဲ့ ငါးကို အစာကျွေးသေးလို့လားတဲ့

ကျွန်မဟာ ငါးလေးတစ်ကောင်မဟုတ်ခဲ့သလို အစာကိုမက်လို့ချိတ်ကို ဟပ်ခဲ့တာမဟုတ်ဘူးလေ ။ ရှင့်ကိုချစ်လို့ ဘဝထဲ တိုးဝင်ဖို့ ကြိုးစားခဲ့တာပါ ။ မိန်းမကလေးတော်တော်များများမှာ ထပ်တူညီတဲ့ နောင်တ တစ်ခုတော့ရှိတယ် အဲ့တာဟာ … ငါသာ အဖြေမပေးခဲ့သေးရင် သူ အရင်လိုပဲ အမြဲတစေ ဂရုစိုက်လိမ့်မယ်ဆိုတဲ့ နောင်တပေါ့ ။