Life Style

ထစ်ကနဲရှိ မျက်ရည်ကျတတ်တဲ့ကောင်မလေးမဟုတ်တော့ဘူး

ကျွန်မ ဝမ်းနည်းသွားတဲ့အခါ မျက်ရည်တွေက အရင်ဆုံးကျလာတတ်ပါတယ် ပြန်ချေပဖို့ပြန်ပြောပြဖို့စကားလုံးတွေ အရင်ရှာမရခင်မှာပေါ့ မျက်ဝန်းထဲမှာ မျက်ရည်တွေ အရင်ဝဲတယ် ငါ့ကို အဲ့လိုပြောရက်လေခြင်း ထင်ရက်လေခြင်းဆိုတဲ့ အတွေးတွေနဲ့ အတူ ကျွန်မ ဝမ်းနည်းမှုတွေပဲ အရင် စပြီး ဖြစ်တည်တာပေါ့ ဝမ်းနည်းလိုက်တာနဲ့ မျက်ရည်တွေ ချက်ချင်းကျတော့ပဲ ။

အဲ့လောက်ထိကို ဟန်ဆောင်မှုကင်းခဲ့တာ ဒါမှမဟုတ် ဟန်မဆောင်နိုင်ခဲ့တာပေါ့ ။စိတ်ထဲမှာ တစ်ခုခုဖြစ်နေတဲ့အခါ မျက်နှာမှာ ထင်းကနဲပေါ်တဲ့အထိလဲ အလိမ်အညာကင်းခဲ့တယ် စကားလုံးတစ်လုံးကြောင့် နာကျင်ရတဲ့အခါ မျက်လွှာက အော်တို ကျပြီးသားပဲ တစ်ခုခုကို မကျေနပ်တဲ့အခါ နှုတ်ခမ်းတွေ တုန်လာတဲ့အထိ ဖြစ်ပြီးသားပဲ တစ်ခုခုကြောင့် ဒေါသထွက်တဲ့အခါ မျက်လုံးတွေ အရောင်တောက်လာတဲ့အထိ ပေါ်လွင်ပြီးသားပဲ ။

ဒါတွေက အရင်တုန်းက ဖြစ်ခဲ့တဲ့ ကျွန်မရဲ့ ပုံစံတွေပေါ့ ဟန်ဆောင်မှုကင်းတယ် အရှိကို အရှိအတိုင်း ပြတယ် အရာရာကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ခံစားတယ် ကိုယ်စိတ်ထဲမှာ ရှိတဲ့အတိုင်း မျက်နှာမှာ ပေါ်တယ် ပြီးတော့ မျက်ရည်လွယ်တယ် . . .

ဒီပုံစံကြီးနဲ့ ကျွန်မ အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးတယ် ပြီးတော့ အနာတရတွေတော်တော်များများလဲ ရခဲ့ဖူးတယ် ။ အနာတရဆိုလို့သွေးချင်းချင်းရဲနေတဲ့ အပေါ်ယံ အရေပြားက အနာတွေလို့မမှတ်ပါနဲ့ ဘယ်သူမှ မမြင်နိုင် မသိနိုင်ခဲ့တဲ့ ရင်ဘတ်ထဲက အနာတွေက ပိုပြီးနက်တာပါ ။ နောက်ပိုင်းကျ ကျွန်မ ရင့်ကျက်လာတယ်ဆိုတာထက် ကျွန်မ နည်းနည်းဆင်ခြင်ပြီးနေတတ်လာတယ်လို့ပြောပါရစေ ။

ခဏခဏနာကျင်ခဲ့ရပြီးနောက်ပိုင်း သာမန်နာကျင်မှုလောက်နဲ့ မျက်ရည်တွေ မကျတော့ဘူး ဝမ်းနည်းစရာတွေ ပါလာတဲ့ စကားလုံးတွေကိုတောင် အပြုံးမပျက်ပဲ ပြန်ပြီးပြောလာနိုင်တဲ့အထိ ကျွန်မ နေတတ်လာခဲ့တာပါ ။ ပတ်ဝန်းကျင်က စကားလုံးတွေကို ရင်ဘတ်ကြီးထဲထည့်ပြီး မခံစားဖြစ်တော့ဘူး ။ သူက ငါ့ကို အဲ့လိုပြောတာပဲ ဘာမှမဖြစ်ပါဘူး ကြားတဲ့အခါ ကြားတယ်လို့မှတ်လိုက်တယ် ။ တစ်ဖက်နားက ဝင်ပြီး တစ်ဖက်နားက ထွက်လိုက်တယ် အဲ့အတွက် ဘာမှ ခံစားမနေတော့ဘူး ။

သူက မကောင်းပြောနေလို့မဟုတ်တမ်းတရားတွေပြောနေလို့ဆိုပြီး လိုက်ပြီးလဲ မရှင်းပြဖြစ်တော့ဘူး ဘဝမှာ အဆင်ပြေသလိုလေး နေတတ်လာပါပြီ ။ ဒီအချိန်မှာ တော်ရုံတန်ရုံ ဆုံးရှုံးမှုလောက်နဲ့ ကျွန်မ အပြုံးမပျက်တော့ဘူး ထစ်ကနဲရှိ မျက်ရည်ကျတတ်တဲ့ကောင်မလေးမဟုတ်တော့ဘူး ။

ဘဝကို ပျော်သလိုလေး ဒါမှမဟုတ် အဆင်ပြေသလိုလေး နေတတ်ထိုင်တတ်လာပါပြီ ။

သျှင်ယွန်း

Credit

Unicode