အလှပရေးရာ

အသက် ဘယ်လိုပဲ ကြီးလာလာ အမြဲ အသက်၂၀ ကျော် ရုပ်ရည်လို နုပျိုနေမယ့် နည်းလမ်းလေးများ

အသက် ဘယ်လိုပဲ ကြီးလာလာ အမြဲ အသက်၂၀ ကျော် ရုပ်ရည်လို နုပျိုနေမယ့် နည်းလမ်းများ

အသက်တွေ ကြီးလာတာနဲ့ ရုပ်ရည်က ရင့်လာတာမျိုး ဖြစ်လာတာ သဘာဝပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရုပ်ရည် နုပျိုနေတယ်ဆိုတာ ကိုယ့်အပေါ်လည်း မူတည်နေပါသေးတယ်

တောင်ကိုရီးယား သရုပ်ဆောင်တွေကို ကြည့်လိုက်ရင် အသက်တွေတောင် မေ့တဲ့အထိ နုပျိုနေတာကို တွေ့ရမှာပါ။

ဒါကြောင့် အသက်ကြီးလာရင်တောင်မှ နုပျိုနေနိုင်တာ အသေအချာပဲပေါ့

ဒါကြောင့် အမြဲ အသက် ၂၀ ကျော် ရုပ်ရည်လို နုပျိုနေစေမယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ပါအုံးနော်။

စိတ်ချမ်းသာအောင် နေပါ

လှပမှုတွေရဲ့ နောက်ကွယ်မှာ စိတ်ချမ်းသာမှုဆိုတာ ရှိနေတတ်ပါတယ်။

စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့ စကားတွေလည်း ရှိထားလို့ ကိုယ်က နုပျိုချင်တယ် ဆိုရင်တော့

စိတ်ညစ်စရာတွေ သိမ်းဆည်းမထားဖို့ လိုအပ်သလို စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပစ်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ကိုယ့်အတွက် ရယ်မောရမယ့် အချိန်တွေလည်း ပေးရမှာ ဖြစ်ပါတယ်

အသားအရေကို ဂရုစိုက်ပါ

နုပျိုတဲ့ ရုပ်ရည်အတွက် အလိုအပ်ဆုံးက အသားအရေရဲ့ နုပျိုကျန်းမာတဲ့ အသွင်အပြင်ပဲ ဖြစ်ပါတယ်။

ဒီအတွက် အသားအရေ အိုမင်း ရင့်ရော်မှုတွေ ဖြစ်မလာအောင် ကိုလာဂျင် ပုံမှန် သောက်သုံးပေးတာမျိုး၊

နေ့တိုင်း မပျက်မကွက် Skincare လုပ်ပေးတာမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ်။

အသားအရေက နုပျိုနေမှ ကိုယ့်ရဲ့ ရုပ်ရည်ကလည်း နုပျိုနေမှာ ဖြစ်ပါတယ်

ကိုယ် လုပ်ချင်တာတွေလည်း လုပ်ပါ

ကိုယ်လုပ်ချင်တာ လုပ်ရတာလောက် ပျော်ဖို့ ကောင်းတဲ့အရာ မရှိပါဘူး။

ကိုယ့်အတွက် စိတ်ကျန်းမာဖို့ရော၊ ကိုယ် ကျန်းမာဖို့ရော၊ လူငယ်တစ်ယောက်လို

နုပျိုနေဖို့ရောမှာ ကိုယ် လုပ်ချင်တဲ့ အရာကို လုပ်နေနိုင်မှုလည်း ပါဝင်နေပါတယ်။

ကိုယ်က သီချင်းဆိုရတာ ကြိုက်ရင် သီချင်းဆိုနေတာမျိုး၊ ရုပ်ရှင်တွေ ကြည့်နေတာမျိုး၊ ကိုယ်နှစ်သက်တဲ့ အလုပ်အကိုင်မှာ

လုပ်ခွင့် ရအောင် ကြိုးစားပြီး လုပ်နေတာမျိုးတွေကလည်း သင့်ရဲ့ နုပျိုမှု ဖြစ်လာအောင် ဆောင်ယူပေးနိုင်ပါတယ်။

ကျန်းမာရေးကို ဂရုစိုက်ပါ

မကျန်းမာတဲ့ သူတစ်ယောက်က အသက်တွေ ကြီးလာတာနဲ့ ဇရာရဲ့ ဒဏ်ကို သူများထက်ပိုပြီး ခံစားရမှာပါ။

ဒါကြောင့် ကျန်းမာနေစေဖို့ အစားအသောက်နဲ့ အနေအထိုင်ကို ဆင်ခြင်ပေးဖို့ လိုအပ်ပါတယ်။

နုပျိုနေတဲ့ သူတွေကို ကြည့်လိုက်ရင် အမြဲ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နေထိုင်မှု ပုံစံ ရှိနေတာကို တွေ့ရမှာပါ။

ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပေးရင်းနဲ့ အသားအရေအတွက် လိုအပ်တဲ့

အသီးဖျော်ရည်တွေလည်း သောက်ပေးနိုင်ရင် ပိုအကောင်းဆုံးပေါ့။

ဖက်ရှင်ကို သတိထားပါ

လူငယ်ဆိုတာ အချိန် ခဏ အပိုင်းအခြား ဆိုပေမယ့် နုပျိုနေတဲ့သူက

ရယ်စရာ ဖက်ရှင်မျိုး မဟုတ်ရင် လူငယ်ဆန်တဲ့ ဖက်ရှင်မျိုးတွေ ဝတ်လို့ ရပါတယ်။

ဖက်ရှင်က လူတစ်ယောက်ရဲ့ အသွင်အပြင်ကို လုံးဝ ပြောင်းလဲစေနိုင်လို့ လူကြီးဆန်လွန်းတဲ့ ဖက်ရှင်ကို ရွေးချယ်ရင်

ကိုယ့်ရုပ်ရည်ကလည်း ရင့်နေတယ်လို့ မြင်ရစေမှာ ဖြစ်ပါတယ်။

ဒီအတွက် ကိုယ့်ရဲ့ နုပျိုမှုကို ပေါ်လွင်စေအောင် ဝတ်စားတတ်ဖို့ လိုပါတယ်။

#Credit

=============

UNICODE

အသက် ဘယ်လိုပဲ ကြီးလာလာ အမြဲ အသက်၂၀ ကျော် ရုပ်ရည်လို နုပျိုနေမယ့် နည်းလမ်းများ

အသက်တွေ ကြီးလာတာနဲ့ ရုပ်ရည်က ရင့်လာတာမျိုး ဖြစ်လာတာ သဘာဝပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရုပ်ရည် နုပျိုနေတယ်ဆိုတာ ကိုယ့်အပေါ်လည်း မူတည်နေပါသေးတယ်။

တောင်ကိုရီးယား သရုပ်ဆောင်တွေကို ကြည့်လိုက်ရင် အသက်တွေတောင် မေ့တဲ့အထိ နုပျိုနေတာကို တွေ့ရမှာပါ။

ဒါကြောင့် အသက်ကြီးလာရင်တောင်မှ နုပျိုနေနိုင်တာ အသေအချာပဲပေါ့။

ဒါကြောင့် အမြဲ အသက် ၂၀ ကျော် ရုပ်ရည်လို နုပျိုနေစေမယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ပါအုံးနော်။

စိတ်ချမ်းသာအောင် နေပါ

လှပမှုတွေရဲ့ နောက်ကွယ်မှာ စိတ်ချမ်းသာမှုဆိုတာ ရှိနေတတ်ပါတယ်။

စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့ စကားတွေလည်း ရှိထားလို့ ကိုယ်က နုပျိုချင်တယ် ဆိုရင်တော့

စိတ်ညစ်စရာတွေ သိမ်းဆည်းမထားဖို့ လိုအပ်သလို စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပစ်ဖို့ လိုအပ်ပါတယ်

ဒါ့အပြင် ကိုယ့်အတွက် ရယ်မောရမယ့် အချိန်တွေလည်း ပေးရမှာ ဖြစ်ပါတယ်။

အသားအရေကို ဂရုစိုက်ပါ

နုပျိုတဲ့ ရုပ်ရည်အတွက် အလိုအပ်ဆုံးက အသားအရေရဲ့ နုပျိုကျန်းမာတဲ့ အသွင်အပြင်ပဲ ဖြစ်ပါတယ်

ဒီအတွက် အသားအရေ အိုမင်း ရင့်ရော်မှုတွေ ဖြစ်မလာအောင် ကိုလာဂျင် ပုံမှန် သောက်သုံးပေးတာမျိုး၊

နေ့တိုင်း မပျက်မကွက် Skincare လုပ်ပေးတာမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ်။

အသားအရေက နုပျိုနေမှ ကိုယ့်ရဲ့ ရုပ်ရည်ကလည်း နုပျိုနေမှာ ဖြစ်ပါတယ်။

ကိုယ် လုပ်ချင်တာတွေလည်း လုပ်ပါ

ကိုယ်လုပ်ချင်တာ လုပ်ရတာလောက် ပျော်ဖို့ ကောင်းတဲ့အရာ မရှိပါဘူး

ကိုယ့်အတွက် စိတ်ကျန်းမာဖို့ရော၊ ကိုယ် ကျန်းမာဖို့ရော၊ လူငယ်တစ်ယောက်လို

နုပျိုနေဖို့ရောမှာ ကိုယ် လုပ်ချင်တဲ့ အရာကို လုပ်နေနိုင်မှုလည်း ပါဝင်နေပါတယ်။

ကိုယ်က သီချင်းဆိုရတာ ကြိုက်ရင် သီချင်းဆိုနေတာမျိုး၊ ရုပ်ရှင်တွေ ကြည့်နေတာမျိုး၊ ကိုယ်နှစ်သက်တဲ့ အလုပ်အကိုင်မှာ

လုပ်ခွင့် ရအောင် ကြိုးစားပြီး လုပ်နေတာမျိုးတွေကလည်း သင့်ရဲ့ နုပျိုမှု ဖြစ်လာအောင် ဆောင်ယူပေးနိုင်ပါတယ်

ကျန်းမာရေးကို ဂရုစိုက်ပါ

မကျန်းမာတဲ့ သူတစ်ယောက်က အသက်တွေ ကြီးလာတာနဲ့ ဇရာရဲ့ ဒဏ်ကို သူများထက်ပိုပြီး ခံစားရမှာပါ။

ဒါကြောင့် ကျန်းမာနေစေဖို့ အစားအသောက်နဲ့ အနေအထိုင်ကို ဆင်ခြင်ပေးဖို့ လိုအပ်ပါတယ်။

နုပျိုနေတဲ့ သူတွေကို ကြည့်လိုက်ရင် အမြဲ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နေထိုင်မှု ပုံစံ ရှိနေတာကို တွေ့ရမှာပါ။

ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပေးရင်းနဲ့ အသားအရေအတွက် လိုအပ်တဲ့

အသီးဖျော်ရည်တွေလည်း သောက်ပေးနိုင်ရင် ပိုအကောင်းဆုံးပေါ့။

ဖက်ရှင်ကို သတိထားပါ

လူငယ်ဆိုတာ အချိန် ခဏ အပိုင်းအခြား ဆိုပေမယ့် နုပျိုနေတဲ့သူက

ရယ်စရာ ဖက်ရှင်မျိုး မဟုတ်ရင် လူငယ်ဆန်တဲ့ ဖက်ရှင်မျိုးတွေ ဝတ်လို့ ရပါတယ်

ဖက်ရှင်က လူတစ်ယောက်ရဲ့ အသွင်အပြင်ကို လုံးဝ ပြောင်းလဲစေနိုင်လို့ လူကြီးဆန်လွန်းတဲ့ ဖက်ရှင်ကို ရွေးချယ်ရင်

ကိုယ့်ရုပ်ရည်ကလည်း ရင့်နေတယ်လို့ မြင်ရစေမှာ ဖြစ်ပါတယ်။

ဒီအတွက် ကိုယ့်ရဲ့ နုပျိုမှုကို ပေါ်လွင်စေအောင် ဝတ်စားတတ်ဖို့ လိုပါတယ်။

#Credit