မနေ့ကတော့ ပေါ်တူဂီနိုင်ငံ၊ Budapest မြို့မှာ ပြင်သစ်နဲ့ ပေါ်တူဂီဘောလုံးပွဲစဥ်ကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီပွဲကို ” Chan Views UK” ဆိုတဲ့ Sport News Blogger တစ်ဦးကလည်း သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ် ။
သူကတစ်ဆင့် Live လွှင့်ပေးခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ပေါ်တူဂီပရိသတ်တစ်ဦးက မြန်မာနိုင်ငံအတွက် အားပေးခဲ့တာကို တွေ့ရပါတယ်။
ပေါ်တူဂီပရိသတ်တစ်ဦးက “Chan Views UK” ကပေးတဲ့ တီရှပ်ကိုကိုင်မြှောက်ပြီး အားပေးခဲ့တာ ဖြစ်ပါတယ် ။ တီရှပ်ရဲ့အရှေ့ဘက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာပုံပါရှိပြီး အနောက်ဘက်မှာတော့ ” Free Burma” ဆိုတဲ့စာတန်းပါရှိတာပဲ ဖြစ်ပါတယ် ။
ဒီတီရှပ်ကိုကိုင်ပြီး အားပေးခဲ့တဲ့ ပေါ်တူဂီပရိသတ်တစ်ယောက်ရဲ့ဗီဒီယိုက အခုဆိုရင် လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေးရေပန်းစားနေတာ ဖြစ်ပါတယ် ။
မြန်မာပြည်သူတွေက “Thanks Portugal” ဆိုပြီး ဒီလိုမျိုးလုပ်ပေးခဲ့တဲ့ ပေါ်တူဂီပရိသတ်တစ်ယောက်ကို ကျေးဇူးတင်စကားပြောနေကြတာ ဖြစ်ပါတယ် ။
ဒီဗီဒီယိုက ယခုလက်ရှိ လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ကြည့်ရှုသူများပြားနေသလို အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိနေတာလည်း တွေ့ရပါတယ်။
မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ပြင်သစ်နဲ့ပေါ်တူဂီဘောလုံးပွဲစဥ်မှာ Free Burma အင်္ကျီကိုင်ပြီး အားပေးခဲ့တဲ့ ပေါ်တူဂီပရိသတ်ရဲ့ဗီဒီယိုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit-Chan Views UK’s FB Page
&;