ၾကားသိရသမွ်

အနမ်းတွေတဖွဖွပေးရင်း နောက်ဆုံးအနေနဲ့နှုတ်ဆက်စကားတွေ တတွတ်တွတ်ပြောနေတဲ့ ရေမွန့်မိခင်ရဲ့ဗီဒီယိုဖိုင်

အနမ်းတွေတဖွဖွပေးရင်း နောက်ဆုံးအနေနဲ့နှုတ်ဆက်စကားတွေ တတွတ်တွတ်ပြောနေတဲ့ ရေမွန့်မိခင်ရဲ့ဗီဒီယိုဖိုင်

အဆိုတော်ရေမွန်ကတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၃) ရက်နေ့မှာပဲ သူချစ်ရတဲ့သူတွေအားလုံးကို အပြီးတိုင်နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ် ။ နောက်ဆုံးအချိန်အထိတိုင်အောင် အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ ရေမွန်က အစာအိမ်သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ် ။ ရေမွန်ရဲ့ဈာပနပွဲကိုတော့ ဒီနေ့ဇွန်လ (၂၅) ရက်နေ့မှာပလွတ်မြောက်နယ်မြေကတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

ရေမွန်ရဲ့နောက်ဆုံးခရီးကို မိသားစုဝင်တွေ၊မိတ်ဆွေတွေ၊ ပရိသတ်တွေနဲ့ ပြည်သူတွေ လိုက်ပါပို့ဆောင်ခဲ့ကြတာ ဖြစ်ပါတယ် ။ မီးသင်္ဂြိုဟ်ခါနီးအချိန်မှာတော့ မိခင်ဖြစ်သူက ရေမွန်ရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း နှုတ်ဆက်အနမ်းတွေ တဖွဖွပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သားလေးရဲ့ခေါင်းကိုသပ်ပေးရင်းနဲ့ သူမရင်ထဲက ပြောချင်ခဲ့တဲ့ စကားတွေကို ဖွင့်ဟပြောပြခဲ့တာလည်း ဖြစ်ပါတယ် ။

ရေမွန်ရဲ့မိခင်ကတော့ သားလေးစိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်ဖို့အတွက် နွေးထွေးတဲ့မေတ္တာတွေနဲ့ ဘေးကနေ ဆုတောင်းပေးခဲ့တာလည်း ဖြစ်ပါတယ် ။ “နောက်ဘဝဆက်တိုင်းဆက်တိုင်းမှာ မိစုံဖစုံနဲ့ လူဖြစ်ခွင့်ရရှိပါစေ” လို့လည်း ရေမွန်ရဲ့မိခင်က ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ် ။ တစ်သက်တာခွဲခွာရတော့မယ့် သားဖြစ်သူရဲ့ရုပ်အလောင်းဘေးမှာ ဝမ်းနည်းစွာငိုကြွေးရင်း နှုတ်ဆက်နေတဲ့ မိခင်တစ်ယောက်ရဲ့မြင်ကွင်းက ပြည်သူတွေကိုပါ မျက်ရည်ကျစေခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေရော ပြည်သူတွေပါ ချစ်ခင်လေးစားရတဲ့ ကိုရေမွန်တစ်ယောက် ကောင်းရာမွန်ရာဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

CRD- Myanmarload

&;

zawgyi

အနမ္းေတြတဖြဖြေပးရင္း ေနာက္ဆုံးအေနနဲ႔ႏႈတ္ဆက္စကားေတြ တတြတ္တြတ္ေျပာေနတဲ့ ေရမြန႔္မိခင္ရဲ႕ဗီဒီယိုဖိုင္

အဆိုေတာ္ေရမြန္ကေတာ့ ၿပီးခဲ့တဲ့ ဇြန္လ (၂၃) ရက္ေန႔မွာပဲ သူခ်စ္ရတဲ့သူေတြအားလုံးကို အၿပီးတိုင္ႏႈတ္ဆက္သြားခဲ့တာ ျဖစ္ပါတယ္ ။ ေနာက္ဆုံးအခ်ိန္အထိတိုင္ေအာင္ အမွန္တရားဘက္က ရဲရဲဝင့္ဝင့္ရပ္တည္ခဲ့တဲ့ ေရမြန္က အစာအိမ္ေသြးေၾကာေပါက္ၿပီး ကြယ္လြန္သြားခဲ့ရတာ ျဖစ္ပါတယ္ ။ ေရမြန္ရဲ႕ဈာပနပြဲကိုေတာ့ ဒီေန႔ဇြန္လ (၂၅) ရက္ေန႔မွာပလြတ္ေျမာက္နယ္ေျမကတစ္ေနရာမွာ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။

ေရမြန္ရဲ႕ေနာက္ဆုံးခရီးကို မိသားစုဝင္ေတြ၊မိတ္ေဆြေတြ၊ ပရိသတ္ေတြနဲ႔ ျပည္သူေတြ လိုက္ပါပို႔ေဆာင္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ မီးသၿဂႋဳဟ္ခါနီးအခ်ိန္မွာေတာ့ မိခင္ျဖစ္သူက ေရမြန္ရဲ႕မ်က္ႏွာေလးကို တစိမ့္စိမ့္ၾကည့္ရင္း ႏႈတ္ဆက္အနမ္းေတြ တဖြဖြေပးခဲ့တာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ သားေလးရဲ႕ေခါင္းကိုသပ္ေပးရင္းနဲ႔ သူမရင္ထဲက ေျပာခ်င္ခဲ့တဲ့ စကားေတြကို ဖြင့္ဟေျပာျပခဲ့တာလည္း ျဖစ္ပါတယ္ ။

ေရမြန္ရဲ႕မိခင္ကေတာ့ သားေလးစိတ္ေျဖာင့္ေျဖာင့္နဲ႔သြားႏိုင္ဖို႔အတြက္ ေႏြးေထြးတဲ့ေမတၱာေတြနဲ႔ ေဘးကေန ဆုေတာင္းေပးခဲ့တာလည္း ျဖစ္ပါတယ္ ။ “ေနာက္ဘဝဆက္တိုင္းဆက္တိုင္းမွာ မိစုံဖစုံနဲ႔ လူျဖစ္ခြင့္ရရွိပါေစ” လို႔လည္း ေရမြန္ရဲ႕မိခင္က ဆုေတာင္းေပးခဲ့တာ ျဖစ္ပါတယ္ ။ တစ္သက္တာခြဲခြာရေတာ့မယ့္ သားျဖစ္သူရဲ႕႐ုပ္အေလာင္းေဘးမွာ ဝမ္းနည္းစြာငိုေႂကြးရင္း ႏႈတ္ဆက္ေနတဲ့ မိခင္တစ္ေယာက္ရဲ႕ျမင္ကြင္းက ျပည္သူေတြကိုပါ မ်က္ရည္က်ေစခဲ့တာပဲ ျဖစ္ပါတယ္ ။ ပရိသတ္ေတြေရာ ျပည္သူေတြပါ ခ်စ္ခင္ေလးစားရတဲ့ ကိုေရမြန္တစ္ေယာက္ ေကာင္းရာမြန္ရာဘဝကို ေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

CRD- Myanmarload