ျမန္မာျပည္ရွိ ဆင္းရဲသား အေျခခံလူတန္းစားမ်ားရဲ့ဘဝကို စာနာသနားစိတ္ျဖင့္ တစ္ဖက္တစ္လမ္းကေန တတ္နိုင္သေလာက္ လိုက္လံကူညီေထာက္ပံ့ေပးေနတဲ့ ဖိလစ္ပိုင္နိုင္ငံသား Sinon Loresca ဟာဆိုရင္ သူ႔ရဲ့ျဖဴစင္တဲ့စိတ္ထား၊ ၾကင္နာတတ္တဲ့ႏွလုံးသားေၾကာင့္ ျမန္မာပရိသတ္ေတြရဲ့ အခ်စ္ေတြကိုရရွိပိုင္ဆိုင္ထားတာပါ။
အလ်ဥ္းသင့္ရင္ သင့္သလို ကူညီလႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ SInon က ျမန္မာျပည္သူေတြရဲ့ ကိုးကြယ္မႈနဲ႔ ယဥ္ေက်းမႈကိုလည္း အေလးထားျမတ္နိုးသူပါ။
Sinon က ကိုဗစ္-၁၉ ေရာဂါေၾကာင့္ Stay Home ကာလမ်ားအၿပီးမွာ ျမန္မာျပည္ရဲ့ နာမည္ႀကီးေနရာေဒသေတြကို သြားလာလည္ပတ္ေနတာကို ေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ ဇြဲကပင္ေၿမ ဘားအံကိုေရာက္ရွိေနတဲ့ Sinon က ကရင္ျပည္နယ္ကိုေရာက္ခိုက္မွာ မၾကာေသးခင္ကမွ ဇြဲကပင္ေတာင္တြင္ ကိုယ့္ကိုကိုယ္ Suicide လုပ္ အဆုံးစီရင္သြားတဲ့ေကာင္ေလးရဲ့ မိဘမ်ားရွိရာေနအိမ္သို႔သြားေရာက္ခဲ့တယ္လို႔ သိရပါတယ္။
သားျဖစ္သူ ဆုံးပါးသြားတာေၾကာင့္ ပူေဆြးေသာကေရာက္ေနတဲ့ ထိုေကာင္ေလးရဲ့မိဘအိမ္သို႔သြားေရာက္ၿပီး အားေပးႏွစ္သိမ့္ခဲ့တာကို ေတြ႕ျမင္ရပါတယ္။ ထိုအေၾကာင္းကိုေတာ့ Sinon က…
“ဒီေန႔ က်ေတာ္ မၾကာေသးခင္က Suicideလုပ္သြားတဲ့ ေကာင္ေလးရဲ့မိဘေတြအိမ္ကို သြားခဲ့ပါတယ္.. က်ေတာ္သူတို႔ေတြကိုႏွိမ္သိမ့္ေပးခဲ့တယ္.. သူတို႔ေတြဘယ္ေလာက္မ်ား ပူေဆြးေသာကေရာက္ေနမလဲဗ်ာ 😔အဲ့ဒါေၾကာင့္ သူတို႔အခုလိုမေမၽွာ္လင့္တဲ့အရာျဖစ္သြားတဲ့အခ်ိန္၊ ပူေဆြးေသာကေရာက္ေနတဲ့အခ်ိန္မွာ သြားေရာက္ခဲ့တာပါ.. ဒီေန႔ေတာ့ဒီေလာက္ပါဘဲ” ဆိုကာ မိဘေတြရဲ့ပူေဆြးမႈကို သူကိုယ္တိုင္ဝမ္းနည္းခံစားခဲ့ရေၾကာင္း ပုံရိပ္မ်ားႏွင့္တကြ ေရးသားမၽွေဝထားပါတယ္။
Sinon ရဲ့ ျဖဴစင္ၿပီး ၾကင္နာတတ္တဲ့စိတ္ထားေလးကေတာ့ တကယ့္ကို ခ်ီးက်ဴးစရာပါပဲေနာ္…
(ပိုပိုေလး)
unicode
မြန်မာပြည်ရှိ ဆင်းရဲသား အခြေခံလူတန်းစားများရဲ့ဘဝကို စာနာသနားစိတ်ဖြင့် တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် လိုက်လံကူညီထောက်ပံ့ပေးနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ဟာဆိုရင် သူ့ရဲ့ဖြူစင်တဲ့စိတ်ထား၊ ကြင်နာတတ်တဲ့နှလုံးသားကြောင့် မြန်မာပရိသတ်တွေရဲ့ အချစ်တွေကိုရရှိပိုင်ဆိုင်ထားတာပါ။
အလျဉ်းသင့်ရင် သင့်သလို ကူညီလှူဒါန်းမှုတွေပြုလုပ်နေတဲ့ SInon က မြန်မာပြည်သူတွေရဲ့ ကိုးကွယ်မှုနဲ့ ယဉ်ကျေးမှုကိုလည်း အလေးထားမြတ်နိုးသူပါ။
Sinon က ကိုဗစ်-၁၉ ရောဂါကြောင့် Stay Home ကာလများအပြီးမှာ မြန်မာပြည်ရဲ့ နာမည်ကြီးနေရာဒေသတွေကို သွားလာလည်ပတ်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဇွဲကပင်မြေ ဘားအံကိုရောက်ရှိနေတဲ့ Sinon က ကရင်ပြည်နယ်ကိုရောက်ခိုက်မှာ မကြာသေးခင်ကမှ ဇွဲကပင်တောင်တွင် ကိုယ့်ကိုကိုယ် Suicide လုပ် အဆုံးစီရင်သွားတဲ့ကောင်လေးရဲ့ မိဘများရှိရာနေအိမ်သို့သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
သားဖြစ်သူ ဆုံးပါးသွားတာကြောင့် ပူဆွေးသောကရောက်နေတဲ့ ထိုကောင်လေးရဲ့မိဘအိမ်သို့သွားရောက်ပြီး အားပေးနှစ်သိမ့်ခဲ့တာကို တွေ့မြင်ရပါတယ်။ ထိုအကြောင်းကိုတော့ Sinon က…
“ဒီနေ့ ကျတော် မကြာသေးခင်က Suicideလုပ်သွားတဲ့ ကောင်လေးရဲ့မိဘတွေအိမ်ကို သွားခဲ့ပါတယ်.. ကျတော်သူတို့တွေကိုနှိမ်သိမ့်ပေးခဲ့တယ်.. သူတို့တွေဘယ်လောက်များ ပူဆွေးသောကရောက်နေမလဲဗျာ 😔အဲ့ဒါကြောင့် သူတို့အခုလိုမမျှော်လင့်တဲ့အရာဖြစ်သွားတဲ့အချိန်၊ ပူဆွေးသောကရောက်နေတဲ့အချိန်မှာ သွားရောက်ခဲ့တာပါ.. ဒီနေ့တော့ဒီလောက်ပါဘဲ” ဆိုကာ မိဘတွေရဲ့ပူဆွေးမှုကို သူကိုယ်တိုင်ဝမ်းနည်းခံစားခဲ့ရကြောင်း ပုံရိပ်များနှင့်တကွ ရေးသားမျှဝေထားပါတယ်။
Sinon ရဲ့ ဖြူစင်ပြီး ကြင်နာတတ်တဲ့စိတ်ထားလေးကတော့ တကယ့်ကို ချီးကျူးစရာပါပဲနော်…
(ပိုပိုလေး)