မိမိချစ်သူကို ဖုန်းခေါ်လို့ ဖုန်းမကိုင်တဲ့အခါ မိန်းကလေးတွေ ခေါင်းထဲ အော်တိုပေါ်လာတဲ့ အတွေးများ
မိန်းကလေးတွေ ဆိုတာလေ နည်းနည်းတော့ ပူပင်မှုတွေ များတဲ့ အမျိုးပါ ။ ဘယ်သူ့ကြောင့်မှလည်း မဟုတ်ဘဲ သူတို့ဟာသူတို့ကို အပူအပင်တွေနဲ့ ပြည့်နေ တတ်တာ ။အတွေးတွေများပြီး စိတ်ပူပင် တတ်လွန်းတာ ယောက်ျားနဲ့ မိန်းကလေး မတူတဲ့ အချက်ပါ ။
မိန်းကလေးတွေက အသေးစိတ်တယ် ၊ကိစ္စသေးသေးလေးတွေ ကအစ အလေးထား တတ်တော့ ယောက်ျားလေးတွေနဲ့ ရန်တွေဖြစ် ၊ ငြိကုန်တာပါပဲ ။ချစ်သူမိန်းကလေးက ဖုန်းခေါ်လို့ အကြောင်းတစ်ခုခု ကြောင့် ဖုန်းမကိုင်မိတဲ့ အခါ မိန်းကလေးတွေ ခေါင်းထဲမှာ အတွးပေါင်း သောင်းခြောက်ထောင်က တန်းစီပြီးတော့ကို ဝင်လာတာပါ ။
၁။သူတစ်ခုခုများ ဖြစ်နေတာလား ? သူက ကားမောင်းတာ ဂရုမစိုက်ဘူး ၊ အက်ဆီးဒင့်တွေများ ဖြစ်နေတာလား ?
၂။သူ ဟုတ်ရောဟုတ်ရဲ့လား ? ငါမသိအောင် ဘာမဟုတ် တာတွေ လုပ်နေ တာလဲ မသိဘူး။
၃။သူ့ရည်းစားဟောင်းနဲ့ အတူတူမရှိပါစေနဲ့လို့ ဆုတောင်းပါတယ် ..ဟုတ်နေလို့ကတော့ ဒီကောင်မလွယ်ဘူး။
၄။အိုး လုပ်ပြန်ပြီ ..။ ဖုန်းမကိုင်ပြန်ဘူး ၊ အိုကေလေ အေးဆေးပဲ
၅။အိုး..ငါဘာတွေတွေးနေတာလဲ..သူက ငါ့တစ်ယောက်တည်း ကိုပဲ ချစ်တာပါ
၆။ဒါပေမယ့် ခုထိ ဘာလို့ ဖုန်းမကိုင်သေးတာလဲ… မြန်မြန်ကိုင်ပါတော့
၇။ အခု ငါ အရမ်းလွမ်းနေပြီ
၈။ ဘာကိစ္စတွေများ ရှိနေတာလဲဟယ်
၉။ဒီတစ်ခါတော့ လုံးဝတင်းသွားပြီ … ခွင့်မလွှတ်ဘူး
၁၀။သူငါ့ကို ဂရုမစိုက်ဘူး ၊ အလေးမထားဘူး
၁၁။သေချာတယ်…ဒင်း..ကောင်မတစ်ယောက်နဲ့ အတူတူရှိနေပြီ… စိတ်တွေ အရမ်းတိုနေပြီနော်
၁၂။ ငါဘာလို့မဟုတ်တာတွေ တွေးနေတာလဲ ..သူငါ့အပေါ် မဟုတ်တာ မလုပ်လောက် ပါဘူး။
၁၃။ သူတစ်ခုခုဖြစ်နေပြီ ဘာမှမဖြစ်ပါစေနဲ့ ဘာမှမဖြစ်ပါစေနဲ့
ကဲ..အဲ့ဒါပဲကြည့်တော့ ဖုန်းလေး မကိုင်တာနဲ့ သူတို့စိတ်ထဲ ဘယ်လိုတွေတောင် တွေးပူပြီး ဗြောင်းဆန်နေလဲဆိုတာဒါကြောင့်မို့ ကောင်မလေးတွေ ဖုန်းမကိုင်လို့ ပွစိပွစိပြောတာတွေကို အပြစ်မမြင် ပါနဲ့ ။
မိန်းမတို့ရဲ့ သဘာဝအရ ပူပင်တတ်တဲ့ စိတ်လေးနဲ့ သူတို့ချစ်သူ အပေါ် ချစ်တဲ့ စိတ်ကြောင့် ဒီလိုတွေ ဖြစ်ကုန်တာပါ ။မချစ်တဲ့သူ ကိုတော့ ကောင်မလေးတွေ အဲ့လိုဖြစ်မယ် မထင်ဘူး ။ ဒါလေးတွေက ချစ်တဲ့စိတ်နဲ့ ကြည့်မယ်ဆိုရင် ချစ်ဖို့တောင် ကောင်းပါသေးတယ် နော်။
Credit CHAN (ရွှေအင်းလေး)
Zawgyi
မိမိခ်စ္သူကို ဖုန္းေခၚလို႔ ဖုန္းမကိုင္တဲ့အခါ မိန္းကေလးေတြ ေခါင္းထဲ ေအာ္တိုေပၚလာတဲ့ အေတြးမ်ား
မိန္းကေလးေတြ ဆိုတာေလ နည္းနည္းေတာ့ ပူပင္မႈေတြ မ်ားတဲ့ အမ်ိဳးပါ ။ ဘယ္သူ႔ေၾကာင့္မွလည္း မဟုတ္ဘဲ သူတို႔ဟာသူတို႔ကို အပူအပင္ေတြနဲ႔ ျပည့္ေန တတ္တာ ။အေတြးေတြမ်ားၿပီး စိတ္ပူပင္ တတ္လြန္းတာ ေယာက္်ားနဲ႔ မိန္းကေလး မတူတဲ့ အခ်က္ပါ ။
မိန္းကေလးေတြက အေသးစိတ္တယ္ ၊ကိစၥေသးေသးေလးေတြ ကအစ အေလးထား တတ္ေတာ့ ေယာက္်ားေလးေတြနဲ႔ ရန္ေတြျဖစ္ ၊ ၿငိကုန္တာပါပဲ ။ခ်စ္သူမိန္းကေလးက ဖုန္းေခၚလို႔ အေၾကာင္းတစ္ခုခု ေၾကာင့္ ဖုန္းမကိုင္မိတဲ့ အခါ မိန္းကေလးေတြ ေခါင္းထဲမွာ အတြးေပါင္း ေသာင္းေျခာက္ေထာင္က တန္းစီၿပီးေတာ့ကို ဝင္လာတာပါ ။
၁။သူတစ္ခုခုမ်ား ျဖစ္ေနတာလား ? သူက ကားေမာင္းတာ ဂ႐ုမစိုက္ဘူး ၊ အက္ဆီးဒင့္ေတြမ်ား ျဖစ္ေနတာလား ?
၂။သူ ဟုတ္ေရာဟုတ္ရဲ႕လား ? ငါမသိေအာင္ ဘာမဟုတ္ တာေတြ လုပ္ေန တာလဲ မသိဘူး။
၃။သူ႔ရည္းစားေဟာင္းနဲ႔ အတူတူမရွိပါေစနဲ႔လို႔ ဆုေတာင္းပါတယ္ ..ဟုတ္ေနလို႔ကေတာ့ ဒီေကာင္မလြယ္ဘူး။
၄။အိုး လုပ္ျပန္ၿပီ ..။ ဖုန္းမကိုင္ျပန္ဘူး ၊ အိုေကေလ ေအးေဆးပဲ
၅။အိုး..ငါဘာေတြေတြးေနတာလဲ..သူက ငါ့တစ္ေယာက္တည္း ကိုပဲ ခ်စ္တာပါ
၆။ဒါေပမယ့္ ခုထိ ဘာလို႔ ဖုန္းမကိုင္ေသးတာလဲ… ျမန္ျမန္ကိုင္ပါေတာ့
၇။ အခု ငါ အရမ္းလြမ္းေနၿပီ
၈။ ဘာကိစၥေတြမ်ား ရွိေနတာလဲဟယ္
၉။ဒီတစ္ခါေတာ့ လုံးဝတင္းသြားၿပီ … ခြင့္မလႊတ္ဘူး
၁၀။သူငါ့ကို ဂ႐ုမစိုက္ဘူး ၊ အေလးမထားဘူး
၁၁။ေသခ်ာတယ္…ဒင္း..ေကာင္မတစ္ေယာက္နဲ႔ အတူတူရွိေနၿပီ… စိတ္ေတြ အရမ္းတိုေနၿပီေနာ္
၁၂။ ငါဘာလို႔မဟုတ္တာေတြ ေတြးေနတာလဲ ..သူငါ့အေပၚ မဟုတ္တာ မလုပ္ေလာက္ ပါဘူး။
၁၃။ သူတစ္ခုခုျဖစ္ေနၿပီ ဘာမွမျဖစ္ပါေစနဲ႔ ဘာမွမျဖစ္ပါေစနဲ႔
ကဲ..အဲ့ဒါပဲၾကည့္ေတာ့ ဖုန္းေလး မကိုင္တာနဲ႔ သူတို႔စိတ္ထဲ ဘယ္လိုေတြေတာင္ ေတြးပူၿပီး ေျဗာင္းဆန္ေနလဲဆိုတာဒါေၾကာင့္မို႔ ေကာင္မေလးေတြ ဖုန္းမကိုင္လို႔ ပြစိပြစိေျပာတာေတြကို အျပစ္မျမင္ ပါနဲ႔ ။
မိန္းမတို႔ရဲ႕ သဘာဝအရ ပူပင္တတ္တဲ့ စိတ္ေလးနဲ႔ သူတို႔ခ်စ္သူ အေပၚ ခ်စ္တဲ့ စိတ္ေၾကာင့္ ဒီလိုေတြ ျဖစ္ကုန္တာပါ ။မခ်စ္တဲ့သူ ကိုေတာ့ ေကာင္မေလးေတြ အဲ့လိုျဖစ္မယ္ မထင္ဘူး ။ ဒါေလးေတြက ခ်စ္တဲ့စိတ္နဲ႔ ၾကည့္မယ္ဆိုရင္ ခ်စ္ဖို႔ေတာင္ ေကာင္းပါေသးတယ္ ေနာ္။
Credit CHAN (ေ႐ႊအင္းေလး)