ၾကားသိရသမွ်

KBZ BANK အသုံးပြုသူများ ပြဿနာအကြီးကြီးတက်ပြီ

မြန်မာပြည်တွင်း အကူအညီလိုအပ်နေတဲ့ပြည်သူတွေအတွက် အလှူခံပေးသူတွေရဲ့KPay အကောင့်နဲ့ KBZ ဘဏ်အကောင့်တချို့ကိုKBZ ဘဏ်က ထိန်းချုပ်ပိတ်ထားလိုက်ပြီးတဲ့ နောက်မှာ Google PlayStore နဲ့ iOS Appstore တွေမှာ KBZ Pay ရဲ့ rating တွေဟာ ရက်ပိုင်းအတွင်းမှာ သိသိသာသာ ကျဆင်းသွားပါတယ်။

အရင်က Rating 4 အထက်မှာရှိခဲ့တဲ့ KPay ဟာ Google Playstore မှာ Rating 1.1 ပဲ ရှိတော့သလို iOS Appstore မှာတော့ Rating 3 ရှိနေပါသေးတယ်။

အခုလို Rating လျော့ကျတာဟာ အထွေအထူး သိသိသာသာဘဏ်ကို မထိခိုက်ပေမဲ့ အဲဒီလို လျော့ကျတဲ့ Negative Review တွေဟာ အသုံးပြုသူတွေရဲ့ အသံတွေကို ကိုယ်စားပြုတဲ့သဘော ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ စစ်ဘေးရှောင်တွေ၊ CDM တွေနဲ့ ပရဟိတလုပ်ငန်းတွေကို လှူဒါန်းနေတဲ့ KPay၊ Wave Money ၊ KBZ ဘဏ်အသုံးပြုသူတချို့ရဲ့ အကောင့်တွေ ပိတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ကျပ်သိန်းထောင်ချီရှိနေတဲ့ ဘဏ်အကောင့်တချို့လည်း အပိတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို အကောင့်တွေ အပိတ်ခံရပြီးတဲ့နောက်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ၊ ဘဏ်အသုံးပြုသူတွေဟာ KBZ Pay ကို Rating ကျစေဖို့ Appstore တွေမှာ ကြယ်ပွင့်တစ်ပွင့်ပဲ ပေးတာ၊ KBZ ဘဏ်ကို စစ်ကောင်စီက ထိန်းချုပ်ထားကြောင်း၊ မယုံကြည်ရကြောင်းမှတ်ချက်ရေးတာတွေ လုပ်လာကြတာကို တွေ့ရပါတယ်။

အခုလက်ရှိ Google Playstore က KBZ Pay ရဲ့ အောက်မှာ မှတ်ချက်ရေးသားသူပေါင်း လေးသောင်းကျော်ရှိနေပါတယ်။ KBZ ဘဏ်ဟာ ပြည်တွင်း ဘဏ်လုပ်ငန်းဈေးကွက်မှာ ဈေးကွက် ဝေစု ၄၀ ရာခိုင်နှုန်းကျော်ရရှိထားတဲ့ ပုဂ္ဂလိကဘဏ်တစ်ခုလည်းဖြစ်ပါတယ်။

Credit

Zawgyi

ျမန္မာျပည္တြင္း အကူအညီလိုအပ္ေနတဲ့ျပည္သူေတြအတြက္ အလႉခံေပးသူေတြရဲ႕KPay အေကာင့္နဲ႔ KBZ ဘဏ္အေကာင့္တခ်ိဳ႕ကိုKBZ ဘဏ္က ထိန္းခ်ဳပ္ပိတ္ထားလိုက္ၿပီးတဲ့ ေနာက္မွာ Google PlayStore နဲ႔ iOS Appstore ေတြမွာ KBZ Pay ရဲ႕ rating ေတြဟာ ရက္ပိုင္းအတြင္းမွာ သိသိသာသာ က်ဆင္းသြားပါတယ္။

အရင္က Rating 4 အထက္မွာရွိခဲ့တဲ့ KPay ဟာ Google Playstore မွာ Rating 1.1 ပဲ ရွိေတာ့သလို iOS Appstore မွာေတာ့ Rating 3 ရွိေနပါေသးတယ္။

အခုလို Rating ေလ်ာ့က်တာဟာ အေထြအထူး သိသိသာသာဘဏ္ကို မထိခိုက္ေပမဲ့ အဲဒီလို ေလ်ာ့က်တဲ့ Negative Review ေတြဟာ အသုံးျပဳသူေတြရဲ႕ အသံေတြကို ကိုယ္စားျပဳတဲ့သေဘာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာ စစ္ေဘးေရွာင္ေတြ၊ CDM ေတြနဲ႔ ပရဟိတလုပ္ငန္းေတြကို လႉဒါန္းေနတဲ့ KPay၊ Wave Money ၊ KBZ ဘဏ္အသုံးျပဳသူတခ်ိဳ႕ရဲ႕ အေကာင့္ေတြ ပိတ္ခံလိုက္ရတာ ျဖစ္ပါတယ္။ က်ပ္သိန္းေထာင္ခ်ီရွိေနတဲ့ ဘဏ္အေကာင့္တခ်ိဳ႕လည္း အပိတ္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒီလို အေကာင့္ေတြ အပိတ္ခံရၿပီးတဲ့ေနာက္မွာ ဒီမိုကေရစီအေရးလႈပ္ရွားသူေတြ၊ ဘဏ္အသုံးျပဳသူေတြဟာ KBZ Pay ကို Rating က်ေစဖို႔ Appstore ေတြမွာ ၾကယ္ပြင့္တစ္ပြင့္ပဲ ေပးတာ၊ KBZ ဘဏ္ကို စစ္ေကာင္စီက ထိန္းခ်ဳပ္ထားေၾကာင္း၊ မယုံၾကည္ရေၾကာင္းမွတ္ခ်က္ေရးတာေတြ လုပ္လာၾကတာကို ေတြ႕ရပါတယ္။

အခုလက္ရွိ Google Playstore က KBZ Pay ရဲ႕ ေအာက္မွာ မွတ္ခ်က္ေရးသားသူေပါင္း ေလးေသာင္းေက်ာ္ရွိေနပါတယ္။ KBZ ဘဏ္ဟာ ျပည္တြင္း ဘဏ္လုပ္ငန္းေဈးကြက္မွာ ေဈးကြက္ ေဝစု ၄၀ ရာခိုင္ႏႈန္းေက်ာ္ရရွိထားတဲ့ ပုဂၢလိကဘဏ္တစ္ခုလည္းျဖစ္ပါတယ္။

Credit