ၾကားသိရသမွ်

အမေ့ကိုပါ ရောဂါကူးချင် ကူးပါစေတော့ဆရာမတွေကို ပြောပြီး သမီးလေးနဲ့အတူ အမေဘေးမှာ ရှိနေပေးမယ်နော်တဲ့

အမေ့ကိုပါ ရောဂါကူးချင် ကူးပါစေတော့ဆရာမတွေကို ပြောပြီး သမီးလေးနဲ့အတူ အမေဘေးမှာ ရှိနေပေးမယ်နော်တဲ့…

မှတ်မှတ်ရရ ၂၂.၁၀ .၂၀ရက်နေ့ ကိုဗစ်ကြောင့်ကျနော့ နှလုံးသားအရင့်အမာကြီးကို မျက်ရည်ကျအောင် ဖန်တီးလိုက်တဲ့ မေ့မရနိုင်တော့မယ့် ကြေကွဲစရာနေ့ တနေ့ဆိုလည်းမမှားပါဘူး။

ယ္ခင် အကြိမ်တွေလိုဘဲQuarantine ကနေပိုးမရှိတဲ့သူဆို ပျော်ရွှင်စွာအိမ်ပြန်ကြပိုးတွေ့တဲ့သူတွေဆို ဆက်လက်နေပြီးနောက်ရက်မှာ ကုသရေးစင်တာကိုသွားကြရတယ်။

ဒီနေ့မှာ ဖြစ်သွားတဲ့ဖြစ်စဉ်လေးပါ”အမေ! အဖေ! သမီးတယောက်ထဲဒီမှာ နေခဲ့ရမှာလား ဟင်””အေးပေါ့သမီးလေးရယ်သမီးက ပို့တွေ့လူနာဖြစ်နေတော့ဆေးကုသခံရမယ်လေ သမီးလေးရဲ့””ဟုတ်လားဟင် မေရီးဖေရီးပြောတာ”

“သမီးလေး ဆေးကုသခံလိုက်နော်သမီးဘာကြောက်စရာမဟုတ်ပါဘူးကျန်းမာသွားရင်အမေကိုယ်တိုင် လာခေါ်မယ်နော်သမီးလေးရယ် တိတ် တိတ်””ဟင့်အင်း ဟင့်အင်းမလိုက် ပါရစေနဲ့မေမေနဲ့ ဖေဖေရယ် နော်သမီးကြောက်တယ် နော် ဖေရီး”ကြေကွဲစရာ ရင်နင့်စရာမြင်ကွင်းနဲ့ အသံလေးတွေကြားမှာကျနော် စီးမျောရင်း စွံ့အနေတဲ့အချိန်မှာ

”ကဲဘာသမီးရယ်…အမေ ရင်ခွင်ထဲမှာဘဲနေတော့နော်”မိခင်ဖြစ်သူမှ ခလေးအနားပြန်သွားရင်း”အမေဘာဘဲဖြစ်ဖြစ် အမေ့ကိုပါ ရောဂါကူးချင် ကူးပါစေတော့ဆရာမတွေကို ပြောပြီးသမီးလေးနဲ့အတူ အမေဘေးမှာရှိနေပေးမယ်နော်”တဲ့ဒိထက်ကြေကွဲ သေပွဲတွေနဲ့ခွဲခွာ ခံစားကြရတဲ့ ပုံရိပ်တွေဟာဘယ်လောက်တောင် ဖြစ်နေပြီလဲဆိုတာ……အုန်းဟန် အုန်းဟန်

Credit

zawgyi

အေမ့ကိုပါ ေရာဂါကူးခ်င္ ကူးပါေစေတာ့ဆရာမေတြကို ေျပာၿပီး သမီးေလးနဲ႔အတူ အေမေဘးမွာ ရွိေနေပးမယ္ေနာ္တဲ့…

မွတ္မွတ္ရရ ၂၂.၁၀ .၂၀ရက္ေန႔ ကိုဗစ္ေၾကာင့္က်ေနာ့ ႏွလုံးသားအရင့္အမာႀကီးကို မ်က္ရည္က်ေအာင္ ဖန္တီးလိုက္တဲ့ ေမ့မရႏိုင္ေတာ့မယ့္ ေၾကကြဲစရာေန႔ တေန႔ဆိုလည္းမမွားပါဘူး။

ယၡင္ အႀကိမ္ေတြလိုဘဲQuarantine ကေနပိုးမရွိတဲ့သူဆို ေပ်ာ္႐ႊင္စြာအိမ္ျပန္ၾကပိုးေတြ႕တဲ့သူေတြဆို ဆက္လက္ေနၿပီးေနာက္ရက္မွာ ကုသေရးစင္တာကိုသြားၾကရတယ္။

ဒီေန႔မွာ ျဖစ္သြားတဲ့ျဖစ္စဥ္ေလးပါ”အေမ! အေဖ! သမီးတေယာက္ထဲဒီမွာ ေနခဲ့ရမွာလား ဟင္””ေအးေပါ့သမီးေလးရယ္သမီးက ပို႔ေတြ႕လူနာျဖစ္ေနေတာ့ေဆးကုသခံရမယ္ေလ သမီးေလးရဲ႕””ဟုတ္လားဟင္ ေမရီးေဖရီးေျပာတာ”

“သမီးေလး ေဆးကုသခံလိုက္ေနာ္သမီးဘာေၾကာက္စရာမဟုတ္ပါဘူးက်န္းမာသြားရင္အေမကိုယ္တိုင္ လာေခၚမယ္ေနာ္သမီးေလးရယ္ တိတ္ တိတ္””ဟင့္အင္း ဟင့္အင္းမလိုက္ ပါရေစနဲ႔ေမေမနဲ႔ ေဖေဖရယ္ ေနာ္သမီးေၾကာက္တယ္ ေနာ္ ေဖရီး”ေၾကကြဲစရာ ရင္နင့္စရာျမင္ကြင္းနဲ႔ အသံေလးေတြၾကားမွာက်ေနာ္ စီးေမ်ာရင္း စြံ႕အေနတဲ့အခ်ိန္မွာ

”ကဲဘာသမီးရယ္…အေမ ရင္ခြင္ထဲမွာဘဲေနေတာ့ေနာ္”မိခင္ျဖစ္သူမွ ခေလးအနားျပန္သြားရင္း”အေမဘာဘဲျဖစ္ျဖစ္ အေမ့ကိုပါ ေရာဂါကူးခ်င္ ကူးပါေစေတာ့ဆရာမေတြကို ေျပာၿပီးသမီးေလးနဲ႔အတူ အေမေဘးမွာရွိေနေပးမယ္ေနာ္”တဲ့ဒိထက္ေၾကကြဲ ေသပြဲေတြနဲ႔ခြဲခြာ ခံစားၾကရတဲ့ ပုံရိပ္ေတြဟာဘယ္ေလာက္ေတာင္ ျဖစ္ေနၿပီလဲဆိုတာ……အုန္းဟန္ အုန္းဟန္

Credit