ၾကားသိရသမွ်

MPT နှင့် Mytel တာဝါတိုင်များကို လုံခြုံရေး တိုးမြှင့်ရန် စစ်ကောင်စီညွှန်ကြား

တစ်နိုင်ငံလုံး၌ စက်တင်ဘာ ၉ ရက် တစ်ရက်တည်းတွင် စစ်အုပ်စုပိုင် ဆက်သွယ်ရေးတာဝါတိုင် ၃၆ ခု ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် Mytel နှင့် MPT ဆက်သွယ်ရေးတာဝါတိုင်များကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရန် စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားစာတစ်စောင် ထွက်ပေါ်လာသည်။

လုံခြုံရေးဆောင်ရွက်ရာတွင် Mytel နှင့် MPT ဆက်သွယ်ရေးတာဝါတိုင်များကိုသာ အဓိက ဦးစားပေးဆောင်ရွက်ရန် အာဏာသိမ်း စစ်ကောင်စီက ညွှန်ကြားထားသည်။

တစ်နိုင်ငံလုံးတွင် ဖောက်ခွဲဖျက်စီးခံခဲ့ရသည့် ဆက်သွယ်ရေးတာဝါတိုင် ၃၆ ခုအနက် စစ်ကိုင်းတိုင်းတွင် ၂၂ နေရာဖြင့် အများဆုံးဖြစ်ပွားခဲ့သည်ဟု ညွှန်ကြားစာတွင် ဖော်ပြထားသည်။

တာဝါတိုင်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ပြည်ထဲရေး(ပထရ) ဝန်ကြီးမှ ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရေးနှင့် အစီအမံများကို တင်ပြဆောင်ရွက်ကြရန် မှာထားပြီး ဖြစ်သည်ဟု လျှို့ဝှက်စာတွင် ပါရှိသည်။

ရဲစခန်းများနှင့် ခုနှစ်မိုင်အတွင်းရှိနေသော ဆက်သွယ်ရေးတာဝါတိုင်များ ဖျက်ဆီးမခံရရေး ကြပ်မတ်ဆောင်ရွက်ရန် သက်ဆိုင်ရာ စခန်းမှူးများကို ညွှန်ကြားထားခြင်းဖြစ်ပြီး ခုနှစ်မိုင်ထက်ဝေးသော တာဝါတိုင်များဖြစ်ပါက တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်။

———————————

တစ္ႏိုင္ငံလုံး၌ စက္တင္ဘာ ၉ ရက္ တစ္ရက္တည္းတြင္ စစ္အုပ္စုပိုင္ ဆက္သြယ္ေရးတာဝါတိုင္ ၃၆ ခု ေဖာက္ခြဲဖ်က္ဆီးခံရၿပီးေနာက္ Mytel ႏွင့္ MPT ဆက္သြယ္ေရးတာဝါတိုင္မ်ားကို လုံၿခဳံေရးတိုးျမႇင့္ေဆာင္႐ြက္ရန္ စစ္ေကာင္စီ၏ လွ်ိဳ႕ဝွက္ ၫႊန္ၾကားစာတစ္ေစာင္ ထြက္ေပၚလာသည္။

လုံၿခဳံေရးေဆာင္႐ြက္ရာတြင္ Mytel ႏွင့္ MPT ဆက္သြယ္ေရးတာဝါတိုင္မ်ားကိုသာ အဓိက ဦးစားေပးေဆာင္႐ြက္ရန္ အာဏာသိမ္း စစ္ေကာင္စီက ၫႊန္ၾကားထားသည္။

တစ္ႏိုင္ငံလုံးတြင္ ေဖာက္ခြဲဖ်က္စီးခံခဲ့ရသည့္ ဆက္သြယ္ေရးတာဝါတိုင္ ၃၆ ခုအနက္ စစ္ကိုင္းတိုင္းတြင္ ၂၂ ေနရာျဖင့္ အမ်ားဆုံးျဖစ္ပြားခဲ့သည္ဟု ၫႊန္ၾကားစာတြင္ ေဖာ္ျပထားသည္။

တာဝါတိုင္မ်ား ဖ်က္ဆီးခံရမႈႏွင့္ ပတ္သက္၍ ျပည္ထဲေရး(ပထရ) ဝန္ႀကီးမွ ဆုေပး၊ ဒဏ္ေပးစနစ္က်င့္သုံးေရးႏွင့္ အစီအမံမ်ားကို တင္ျပေဆာင္႐ြက္ၾကရန္ မွာထားၿပီး ျဖစ္သည္ဟု လွ်ိဳ႕ဝွက္စာတြင္ ပါရွိသည္။

ရဲစခန္းမ်ားႏွင့္ ခုႏွစ္မိုင္အတြင္းရွိေနေသာ ဆက္သြယ္ေရးတာဝါတိုင္မ်ား ဖ်က္ဆီးမခံရေရး ၾကပ္မတ္ေဆာင္႐ြက္ရန္ သက္ဆိုင္ရာ စခန္းမႉးမ်ားကို ၫႊန္ၾကားထားျခင္းျဖစ္ၿပီး ခုႏွစ္မိုင္ထက္ေဝးေသာ တာဝါတိုင္မ်ားျဖစ္ပါက တပ္ႏွင့္ပူးေပါင္းေဆာင္႐ြက္ရန္ ၫႊန္ၾကားထားသည္။