အလွပေရးရာ

မျက်နှာလေးဝင်းပသွားစေမည့်လျှို့ဝှက်နည်းလေး

မျက်နှာလေးဝင်းပသွားစေမည့်လျှို့ဝှက်နည်းလေး

တစ်ခါတစ်လေမှာ အဆင်သင့်လိမ်းနိုင်တဲ့ အလှကုန်တွေထက် အိမ်တွင်းဖြစ် ဓာတုပစ္စည်းမပါတဲ့ မီးဖိုချောင်ပစ္စည်းတွေကပိုပြီး အစွမ်းထက်လှပါတယ်။

အကယ်၍ သင့်ရဲ့အသားအရေက ဝင်းပဖြူစင်မှုမရှိဘဲ ဆဲလ်သေတွေကြောင့်မဲညစ်နေမယ်ဆိုလျှင် ဆားသံပုယိုသီးခြမ်းက အပြည့်အဝ ကူညီပေးပါလိမ့်မယ်။

သံပုယိုသီးကို မထူမပါးလှီးပြီး ဆားအနည်းငယ်ကပ် ကာ မျက်နှာပြင်အနှံ့ ညှင်သာစွာ ပွတ်ပေးလိုက်ပါ။

၂ မိနစ်ခန့် ပြုလုပ်ပြီးလျှင် ရေသီးသန့်ဖြင့် ဆေးကြောပြီး ခြောက်သွေ့အောင် သဘက်ဖြင့် ညှင်သာစွာ သုတ်ပါ။ခြောက်သွေ့အောင်သုတ်ပြီးလျှင်အသားအရေကို ပိုပြီးစိုပြေဝင်းပစေဖို့အတွက် မျက်နှာကို ပေါင်းတင်ပါ။

ပေါင်းတင်ရမယ့် နည်းလမ်းကတော့ ပျားရည် နှင့် သံပုယိုရည်ကို ရောပါ။ ရေကို လိုအပ်သလောက် ရောထည့်နိုင်ပါတယ်။

ထို့နောက် မျက်နှာအနှံ့လိမ်းပြီး ၁၅မိနစ်ခန့်ကြာလျှင် ရေဆေးကြောလိုက်ပါနော်။

ပြီးသွားလျှင် သန့်စင်အောင်သုတ်ပြီး အသားအရေစိုပြေစေမယ့် ခရင်မ် ၊ moisturizer တစ်မျိုးမျိုး လိမ်းထားလိုက်ပါ။

(သံပုယိုသီးက အသားအရေ ခြောက်သွေ့စေနိုင် လို့ ပါ ) အားလုံးပြီးသွားလျှင်တော့ သင့်မျက်နှာလေး သိသိသာသာ ဝင်းပဖြူစင်သွားပါလိ့မ်မယ်နော်။

ခရစ်ဒစ်










ခရစ်ဒစ်