၁။ သွားကျိုးတယ်လို့ အိပ်မက်မက်ရင်
လူပုံ အလယ်မှာ အရှက်တကွဲ ဖြစ်တတ်ပါတယ်။ အချစ်ရေးမှာလည်း ပဋိပက္ခလေးတွေ ဖြစ်တတ်တယ်။ အိမ်ထောင်သည် အမျိုးသမီးတွေ သွားကျိုးတယ် လို့ အိပ်မက်မက်ရင် ကိုယ်ဝန်ဆောင်ရမယ့် နိမိတ်ဖြစ်ပါတယ်။
၂။ အမြင့်ကနေ ပြုတ်ကျတယ်လို့ မက်ရင်
အချစ်ရေးနဲ့ လုပ်ငန်းကိစ္စတွေမှာ ထူးဆန်းတာတွေ ကြုံရတော့မယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။ လုပ်ငန်းနဲ့ ပတ်သက်ရင် ပြဿနာဖြစ်နိုင်ပြီး အချစ်ရေးနဲ့ ပတ်သက်ရင်တော့ ရင်ခုန်စရာလေးတွေ ကြုံတွေ့လာနိုင်တယ် ဆိုတဲ့ နိမိတ်လည်း ဖြစ်ပါတယ်။
၃။ စာမေးပွဲကို ခက်ခက်ခဲခဲနဲ့ ဖြေရတယ်လို့ မက်ရင်
ပညာရေးနဲ့ အလုပ် တစ်ခုခုမှာ စိတ်ဖိစီးစရာတွေ ကြုံလာနိုင်ပါတယ်။ ဖြေရှင်းရခက်တဲ့ ပြဿနာတွေအကြား ရောက်သွားနိုင်တယ် ဆိုတဲ့ နိမိတ်ပါ။ ဒီလို အိပ်မက်မျိုးကို မက်ခဲ့ရင် သူတစ်ပါးကို အာမခံပေးတဲ့ ကိစ္စမျိုး မလုပ်တာ အကောင်းဆုံးပါပဲ။
၄။ ကျောင်း (သို့) အလုပ်ကို ဝတ်လစ်စလစ်နဲ့ သွားတယ်လို့ မက်ခဲ့ရင်
သင့်အလုပ်မှာ ရာထူးတိုးမယ့် နိမိတ်၊ အလုပ်သစ် လုပ်ရမယ့် နိမိတ်ပဲ ဖြစ်ပါတယ်။ ပညာရေးမှာ စာမေးပွဲ ရလဒ်ကောင်းမယ့် နိမိတ်လည်း ဖြစ်ပါတယ်။ လူပုံအလယ်မှာ မျက်နှာပန်းလှပီး ထင်ပေါ်ကျော်ကြားမယ့် နိမိတ်လည်း ဖြစ်ပါတယ်။
၅။ သေဆုံးတယ် လို့ မက်ရင်
သေဆုံးတယ် ဆိုတဲ့ အိပ်မက်ကို အိပ်မက်ဆိုးလို့ မမှတ်ယူလိုက်ပါနဲ့။ ဒီအိပ်မက်ဟာ ကျန်းမာရေး ကောင်းမွန်စေမယ့် နိမိတ်ကောင်းပါ။ ပြီးတော့ အလုပ်အကိုင်၊ အချစ်ရေး၊ စီးပွားရေးစတဲ့ ကိစ္စတွေမှာ လိုအင်ဆန္ဒတွေ ပြည့်ဝမယ့် နိမိတ်လည်း ဖြစ်ပါတယ်။
၆။ ပျံသန်းရတယ် လို့ မက်ရင်
ထင်မထားတာတွေ ဘဝမှာ ဖြစ်လာတတ်ပြီး ကိုယ်တိုင် ဖြေရှင်း ထိန်းချုပ်လို့ မရတဲ့ အဖြစ်မျိုးတွေ ဖြစ်တတ်တယ် ဆိုတဲ့ နိမိတ်ပဲ ဖြစ်ပါတယ်။
၇။ အနုပညာရှင် တစ်ယောက်ယောက်နဲ့ တွေ့ဆုံရတယ်လို့ မက်ခဲ့ရင်
ပညာရပ်အသစ် တစ်ခုခုကို သင်ယူရတော့မယ့် နိမိတ်ပဲ ဖြစ်ပါတယ်။ စိတ်ကူးထားတွေ အမှန်တကယ် ဖြစ်လာမယ်၊ ပျော်ရွှင်စရာကောင်းတဲ့ နေရာကို ခရီးထွက်ရမယ့် နိမိတ်ဖြစ်ပါတယ်။
၈။ ကိုယ်ဝန်ဆောင် နေတယ် လို့ အိပ်မက်မက်ရင်
အလုပ်အကိုင် တိုးတက်ဖို့ အခွင့်အလမ်းသစ်၊ အကြံဉာဏ်သစ်တွေ ရလိမ့်မယ် ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။ တစ်ခါတရံမှာ ကိုယ့်ဘဝအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ် ဆိုတဲ့ နိမိတ်လည်း ဖြစ်ပါတယ်။
၉။ တစ်စုံတစ်ခု အနောက်ကလိုက်လို့ မောပန်းစွာ ထွက်ပြေးရတယ်လို့ မက်ရင်
မိမိရင်ဆိုင်ကြုံတွေ့ နေရတဲ့ ပြဿနာတွေအားလုံး ပြေလည်သွားလိမ့်မယ် ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။ ဘဝ တိုးတက်အောင် ကူညီပေးနိုင်မယ့် သူတော်ကောင်း တစ်ယောက်နဲ့ တွေ့မယ်ဆိုတဲ့ နိမိတ်လည်း ဖြစ်ပါတယ်။ ဒီအိပ်မက်ဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး မက်တာများပါတယ်။
၁၀။ ချစ်သူ (သို့) အိမ်ထောင်ဖက်က သစ္စာဖောက် သွားတယ်လို့ မက်ရင်
အရေးမကြီးတဲ့ ကိစ္စတွေကြောင့် အချိန်ကုန် လူပန်းရမယ့် နိမိတ်ဖြစ်ပါတယ်။ အိပ်မက်ကြောင့် ချစ်သူ အပေါ်မှာ သံသယတွေ သိပ်ပီးမထားပါနဲ့။ ဒီအိပ်မက်ဟာ ချစ်သူဆီကနေ မျှော်လင့်မထားတဲ့ လက်ဆောင်ရမယ် ဆိုတဲ့ အိပ်မက်ကောင်း တစ်ခုလည်း ဖြစ်ပါတယ်။
၁၁။ ထိန်းရခက်တဲ့ ကားကို ကြောက်ကြောက်နဲ့ မောင်းနေရတယ်လို့ မက်ရင်
မိမိအောင်မြင်မှု မရအောင် အကျင့်ဆိုးတွေက ဟန့်တားလိမ့်မယ် ဆိုတဲ့ နိမိတ်ပါ။ ဒါကြောင့် ဒီလို အိပ်မက်မက်တယ် ဆိုရင် လက်ရှိ ကိုယ့်မှာ ရှိနေတဲ့ အကျင့်ဆိုးတွေကို ဖျောက်နိုင်အောင် ကြိုးစားလိုက်ပါ။
၁၂။ တနေရာကို နောက်ကျမှ ရောက်သွားတယ် လို့ မက်ရင်
ကတိ တစ်ခုကို မတည်နိုင်ဘူး ဆိုရင် ဘာအကြောင်းကြောင့်မှ မပေးပါနဲ့ လို့ သတိပေးတဲ့ နိမိတ်ဖြစ်ပါတယ်။ ဖြစ်လာမယ့် ဆိုးကျိုးက ကြီးမားသွားနိုင်လို့ပါ။
သင်အနေနဲ့ ထူးဆန်းတဲ့ အိပ်မက်တွေ မက်တဲ့အခါတိုင်း ဖြစ်လာမယ့် နိမိတ်တွေကို ပြန်ကြည့်နိုင်ဖို့ ဒီစာလေးကို ရှယ်ပြီး သိမ်းထားလိုက်နော်။
crd
for zawgyi
ထူးဆန္းေသာ အိပ္မက္ (၁၂) မ်ဳိးရဲ႕ နိမိတ္မ်ား
၁။ သြားက်ိဳးတယ္လို႔ အိပ္မက္မက္ရင္
လူပုံ အလယ္မွာ အရွက္တကြဲ ျဖစ္တတ္ပါတယ္။ အခ်စ္ေရးမွာလည္း ပဋိပကၡေလးေတြ ျဖစ္တတ္တယ္။ အိမ္ေထာင္သည္ အမ်ိဳးသမီးေတြ သြားက်ိဳးတယ္ လို႔ အိပ္မက္မက္ရင္ ကိုယ္ဝန္ေဆာင္ရမယ့္ နိမိတ္ျဖစ္ပါတယ္။
၂။ အျမင့္ကေန ျပဳတ္က်တယ္လို႔ မက္ရင္
အခ်စ္ေရးနဲ႔ လုပ္ငန္းကိစၥေတြမွာ ထူးဆန္းတာေတြ ႀကဳံရေတာ့မယ္ဆိုတဲ့ နိမိတ္ျဖစ္ပါတယ္။ လုပ္ငန္းနဲ႔ ပတ္သက္ရင္ ျပႆနာျဖစ္ႏိုင္ၿပီး အခ်စ္ေရးနဲ႔ ပတ္သက္ရင္ေတာ့ ရင္ခုန္စရာေလးေတြ ႀကဳံေတြ႔လာႏိုင္တယ္ ဆိုတဲ့ နိမိတ္လည္း ျဖစ္ပါတယ္။
၃။ စာေမးပြဲကို ခက္ခက္ခဲခဲနဲ႔ ေျဖရတယ္လို႔ မက္ရင္
ပညာေရးနဲ႔ အလုပ္ တစ္ခုခုမွာ စိတ္ဖိစီးစရာေတြ ႀကဳံလာႏိုင္ပါတယ္။ ေျဖရွင္းရခက္တဲ့ ျပႆနာေတြအၾကား ေရာက္သြားႏိုင္တယ္ ဆိုတဲ့ နိမိတ္ပါ။ ဒီလို အိပ္မက္မ်ိဳးကို မက္ခဲ့ရင္ သူတစ္ပါးကို အာမခံေပးတဲ့ ကိစၥမ်ိဳး မလုပ္တာ အေကာင္းဆုံးပါပဲ။
၄။ ေက်ာင္း (သို႔) အလုပ္ကို ဝတ္လစ္စလစ္နဲ႔ သြားတယ္လို႔ မက္ခဲ့ရင္
သင့္အလုပ္မွာ ရာထူးတိုးမယ့္ နိမိတ္၊ အလုပ္သစ္ လုပ္ရမယ့္ နိမိတ္ပဲ ျဖစ္ပါတယ္။ ပညာေရးမွာ စာေမးပြဲ ရလဒ္ေကာင္းမယ့္ နိမိတ္လည္း ျဖစ္ပါတယ္။ လူပုံအလယ္မွာ မ်က္ႏွာပန္းလွပီး ထင္ေပၚေက်ာ္ၾကားမယ့္ နိမိတ္လည္း ျဖစ္ပါတယ္။
၅။ ေသဆုံးတယ္ လို႔ မက္ရင္
ေသဆုံးတယ္ ဆိုတဲ့ အိပ္မက္ကို အိပ္မက္ဆိုးလို႔ မမွတ္ယူလိုက္ပါနဲ႔။ ဒီအိပ္မက္ဟာ က်န္းမာေရး ေကာင္းမြန္ေစမယ့္ နိမိတ္ေကာင္းပါ။ ၿပီးေတာ့ အလုပ္အကိုင္၊ အခ်စ္ေရး၊ စီးပြားေရးစတဲ့ ကိစၥေတြမွာ လိုအင္ဆႏၵေတြ ျပည့္ဝမယ့္ နိမိတ္လည္း ျဖစ္ပါတယ္။
၆။ ပ်ံသန္းရတယ္ လို႔ မက္ရင္
ထင္မထားတာေတြ ဘဝမွာ ျဖစ္လာတတ္ၿပီး ကိုယ္တိုင္ ေျဖရွင္း ထိန္းခ်ဳပ္လို႔ မရတဲ့ အျဖစ္မ်ိဳးေတြ ျဖစ္တတ္တယ္ ဆိုတဲ့ နိမိတ္ပဲ ျဖစ္ပါတယ္။
၇။ အႏုပညာရွင္ တစ္ေယာက္ေယာက္နဲ႔ ေတြ႕ဆုံရတယ္လို႔ မက္ခဲ့ရင္
ပညာရပ္အသစ္ တစ္ခုခုကို သင္ယူရေတာ့မယ့္ နိမိတ္ပဲ ျဖစ္ပါတယ္။ စိတ္ကူးထားေတြ အမွန္တကယ္ ျဖစ္လာမယ္၊ ေပ်ာ္ရႊင္စရာေကာင္းတဲ့ ေနရာကို ခရီးထြက္ရမယ့္ နိမိတ္ျဖစ္ပါတယ္။
၈။ ကိုယ္ဝန္ေဆာင္ ေနတယ္ လို႔ အိပ္မက္မက္ရင္
အလုပ္အကိုင္ တိုးတက္ဖို႔ အခြင့္အလမ္းသစ္၊ အႀကံဉာဏ္သစ္ေတြ ရလိမ့္မယ္ ဆိုတဲ့ နိမိတ္ျဖစ္ပါတယ္။ တစ္ခါတရံမွာ ကိုယ့္ဘဝအတြက္ ဝန္ထုပ္ဝန္ပိုး တစ္ခုကို ပိုင္ဆိုင္ရလိမ့္မယ္ ဆိုတဲ့ နိမိတ္လည္း ျဖစ္ပါတယ္။
၉။ တစ္စုံတစ္ခု အေနာက္ကလိုက္လို႔ ေမာပန္းစြာ ထြက္ေျပးရတယ္လို႔ မက္ရင္
မိမိရင္ဆိုင္ႀကံဳေတြ႕ ေနရတဲ့ ျပႆနာေတြအားလုံး ေျပလည္သြားလိမ့္မယ္ ဆိုတဲ့ နိမိတ္ျဖစ္ပါတယ္။ ဘဝ တိုးတက္ေအာင္ ကူညီေပးႏိုင္မယ့္ သူေတာ္ေကာင္း တစ္ေယာက္နဲ႔ ေတြ႕မယ္ဆိုတဲ့ နိမိတ္လည္း ျဖစ္ပါတယ္။ ဒီအိပ္မက္ဟာ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြမွာ ပိုၿပီး မက္တာမ်ားပါတယ္။
၁၀။ ခ်စ္သူ (သို႔) အိမ္ေထာင္ဖက္က သစၥာေဖာက္ သြားတယ္လို႔ မက္ရင္
အေရးမႀကီးတဲ့ ကိစၥေတြေၾကာင့္ အခ်ိန္ကုန္ လူပန္းရမယ့္ နိမိတ္ျဖစ္ပါတယ္။ အိပ္မက္ေၾကာင့္ ခ်စ္သူ အေပၚမွာ သံသယေတြ သိပ္ပီးမထားပါနဲ႔။ ဒီအိပ္မက္ဟာ ခ်စ္သူဆီကေန ေမွ်ာ္လင့္မထားတဲ့ လက္ေဆာင္ရမယ္ ဆိုတဲ့ အိပ္မက္ေကာင္း တစ္ခုလည္း ျဖစ္ပါတယ္။
၁၁။ ထိန္းရခက္တဲ့ ကားကို ေၾကာက္ေၾကာက္နဲ႔ ေမာင္းေနရတယ္လို႔ မက္ရင္
မိမိေအာင္ျမင္မႈ မရေအာင္ အက်င့္ဆိုးေတြက ဟန႔္တားလိမ့္မယ္ ဆိုတဲ့ နိမိတ္ပါ။ ဒါေၾကာင့္ ဒီလို အိပ္မက္မက္တယ္ ဆိုရင္ လက္ရွိ ကိုယ့္မွာ ရွိေနတဲ့ အက်င့္ဆိုးေတြကို ေဖ်ာက္ႏိုင္ေအာင္ ႀကိဳးစားလိုက္ပါ။
၁၂။ တေနရာကို ေနာက္က်မွ ေရာက္သြားတယ္ လို႔ မက္ရင္
ကတိ တစ္ခုကို မတည္ႏိုင္ဘူး ဆိုရင္ ဘာအေၾကာင္းေၾကာင့္မွ မေပးပါနဲ႔ လို႔ သတိေပးတဲ့ နိမိတ္ျဖစ္ပါတယ္။ ျဖစ္လာမယ့္ ဆိုးက်ိဳးက ႀကီးမားသြားႏိုင္လို႔ပါ။
သင္အေနနဲ႔ ထူးဆန္းတဲ့ အိပ္မက္ေတြ မက္တဲ့အခါတိုင္း ျဖစ္လာမယ့္ နိမိတ္ေတြကို ျပန္ၾကည့္ႏိုင္ဖို႔ ဒီစာေလးကို ရွယ္ၿပီး သိမ္းထားလိုက္ေနာ္။
crd