ကိုဗစ္ကို ေအာင္နိုင္ ေနတဲ့ ျမန္မာျပည္ နဲ႕ ေအာင္မွတ္ ရ႐ုံမက ဂုဏ္ထူးပါ ထြက္ခဲ့တဲ့ အစိုးရ
ေန႕လည္ က သူငယ္ခ်င္း တစ္ေယာက္ နဲ႕ စကားေျပာရင္း ကိုဗစ္ကာလ တုန္းကအေၾကာင္းေတြ ကို ေရာက္သြားတယ္။ ျမန္မာျပည္ ကို ကိုဗစ္ စၿပီးဝင္ ကာစ အခ်ိန္ ဧၿပီလဆန္းပိုင္း အေျခအေနေတြေ ပါ့ ။
အဲ့ဒီ တုန္းကဆို အားလုံးကလည္း ဝ႐ုန္းသုန္းကား နဲ႕ ေၾကာက္လန့္ေနၾကခ်ိန္ ။ ခုမွသာ ေအးရာေအးေၾကာင္းျဖစ္ သြားၿပီး သိပ္မေၾကာက္ၾကေတာ့ တာပါ။ မေၾကာက္ဆို ေန႕စဥ္စစ္ေဆးတဲ့ သူအေရအတြက္၊ ေရာဂါေတြ႕ရွိတဲ့သူအေရ အတြက္၊ ျပန္ေကာင္းတဲ့သူ အေရအတြက္ေတြ ကို ဆက္တိုက္ သတင္းတင္ေပးေနတာ ကိုး။
စျဖစ္ကာ စတုန္းကေတာ့ တစ္ေယာက္စၿပီး ေပါ့စတစ္ေတြ႕တာ နဲ႕ တတိုင္းျပည္လုံး မ်ိဳးျပဳတ္ေတာ့ မေလာက္ ေၾကာက္ခဲ့ၾကတာေလ ။ တခ်ိဳ႕ဆို ေလက တဆင့္ကူးစက္တတ္တယ္ ဆိုၿပီး ဇြန္ဘီကားထဲ ကလို လူေတြတ ဘိုင္းဘိုင္းလဲက်ၿပီးေသကုန္ၾကမယ္ လိုလိုေတာင္ေျပာၾကတာ ။ အဲ့ဒီလိုေၾကာက္ခဲ့ၾက တာလည္း ေကာင္းပါတယ္ ။ ေၾကာက္စိတ္ေလးရွိေနေတာ့ ကာကြယ္စရာရွိတာကို ႀကိဳတင္ကာကြယ္ၿပီးသားျဖစ္ တာေပါ့။
တကယ္ေတာ့ ဒီကိုဗစ္ႀကီးဟာ NLD အစိုးရ အတြက္ အႀကီးက်ယ္ဆုံး စိန္ေခၚမႈႀကီးပါ။ ေနာက္ ၆ လအတြင္း လုပ္ေပးရေတာ့မယ့္ေ႐ြးေကာက္ပြဲအတြက္ တကယ့္အဆုံးအျဖတ္ပြဲႀကီးပါ။ ထိန္းခ်ဳပ္စီမံကြပ္ကဲတဲ့ပုံစံ တခ်က္ကေလး လြဲ သြားရင္ ေနာက္ဆက္တြဲရလာဒ္ေတြ က ေတာ္ေတာ္ ဆိုးဆိုးေတြျဖစ္လာ မွာပါ။
ျပန္စဥ္းစားၾကည့္ရင္ အဲ့ဒီအခ်ိန္မွာ လုပ္ရ ကိုင္ရတာ တကယ့္ကို က်ဥ္းထဲၾကပ္ထဲ အေျခအေနပါ။ ေရာဂါကူးစက္မွာေၾကာက္လို႔ အကုန္လုံးကိုပိတ္ခ်ၿပီး Lock Down လုပ္လိုက္ရင္လည္း စီးပြါးေရးျပႆနာ၊ လူမႈေရးျပႆနာေတြ တန္း စီတက္လာၿပီး တိုင္းျပည္ပါ ပ်က္သြားနို င္ပါတယ္ ။ အဲ့ဒါ ကိုေၾကာက္ၿပီး ေနခ်င္သလိုေနၾက၊ သြားခ်င္သလိုသြားၾကဆိုၿပီး လႊတ္ထားလိုက္ရင္လည္း ေရာဂါကူးစက္တာေတြ အမ်ားႀကီးျဖစ္ လာၿပီး အေျခအေန က ပိုဆိုးသြားနိုင္ ပါတယ္။
အဲ့ဒီလိုအေျခအေနမ်ိဳး မွာ Lock Down, Lock Down လို႔ ညာသံေပးၿပီး လူေတြအကုန္လုံးကို ဆင္းရဲၾကပ္တည္းမႈ၊ ဆူပူအုံႂကြမႈေထာင္ေခ်ာက္ထဲကို အႀကံအစည္ရွိရွိနဲ႕တြန္းပို႔ခဲ့ၾကသူေတြလည္း အမ်ားႀကီးပါ။ ဘာမဆိုင္ညာမဆိုင္ ကာလုံေခၚဖို႔ မရွက္မေ ၾကာက္ထေအာ္ခဲ့ၾကတာေတြေတာင္ ရွိပါတယ္။
NLD အစိုးရရဲ႕ အေျမာ္အျမင္ ရွိရွိ ပညာသား ပါပါ နဲ႕ စီမံကြပ္ကဲခဲ့လို႔သာ ခုလိုအေျခအေနဆိုးႀကီးကို သက္ေတာင့္သက္သာနဲ႕၊ အက်အဆုံးအနည္းဆုံးနဲ႕ ေက်ာ္ျဖတ္နိုင္ခဲ့တာပါ။ ဒါေတာင္ အစိုးရရဲ႕စီမံခန့္ခြဲပုံကိုအသိ အမွတ္ မျပဳဘဲ “ကံေကာင္း လို႔ ကိုဗစ္ ဒဏ္ကေနလြတ္လာတာ” လို႔ မရွက္မေၾကာက္ေျပာထြက္ၾကပါေသးတယ္။
ဒီေနရာမွာ က်န္းမာေရးနဲ႕အားကစား ဝန္ႀကီးဌာန ရဲ႕ စီမံခန့္ခြဲသြားတဲ့ ပုံစံ ကို တကယ္အသိအမွတ္ျပဳရမွာပါ။ ကိုယ့္နိုင္ငံရဲ႕ တတ္နိုင္တဲ့အင္အားနဲ႕ ရသေလာက္ကာခဲ့ၾကတာပါ။ က်န္း/အား ဝန္ႀကီးေျပာခဲ့တဲ့ “ဖ်ားသြားမယ္” ဆိုတဲ့ စကားကို ရယ္ေမာဟား တိုက္ခဲ့ၾကတဲ့သူေတြ အမ်ားႀကီးပါ။ က်ေနာ္ကေတာ့ အဲ့ဒီလိုလူေတြထဲမပါခဲ့တာ ခုထက္ထိကိုယ့္ကိုယ္ကိုယ္ဂုဏ္ယူလို႔မဆုံးပါဘူး။
ဒီေနရာမွာ ဝန္ႀကီးရဲ႕ပညာအရည္အခ်င္းနဲ႕ အေတြ႕အ ႀကဳံ၊ သူလုပ္ခဲ့တဲ့ ရာထူး ၊ ဌာနေတြ ကို သိၾကရင္ ခုလိုကူးစက္ကပ္ေရာဂါကပ္ဆိုးႀကီးကို ဘာေၾကာင့္ေက်ာ္ျဖတ္နိုင္ခဲ့ၾကတယ္ဆိုတာ သိမွာပါ။ ဝန္ႀကီးဟာ တခ်ိန္က WHO ရဲ႕ အေရွ႕ေတာင္အာရွေဒသ ဆိုင္ရာ အႀကံေပး အရာရွိပါ ။ တျခား သူလုပ္ခဲ့ဖူးတဲ့အေတြ႕အႀကဳံေတြလည္း အမ်ားႀကီးပါ။
က်ေနာ့္ သူငယ္ခ်င္းေျပာ သလို ပါပဲ ။ “ဟ Epidemiology( ကူးစက္ေရာဂါ၊ ကပ္ေရာဂါ ) ဆိုတာ ဘိုးေတာ္အပိုင္ဆုံး Subject ေလကြာ” တဲ့။ “သူက တသက္လုံးဒါပဲလုပ္လာတာကို” တဲ့။ ကိုင္း။
ဒါ့အျပင္ ျပည္သူေတြ ရဲ႕ပူးေပါင္း ပါဝင္မႈေတြ ကိုလည္း ေမ့မထားသင့္ ပါဘူး။ တျခားအစိုးရေတြ လက္ထက္ မွာဆို ညစ္လုံးလုံးၿပီးပါက္ကြဲ ထြက္လာမယ့္အေျခအေနေတြ ကို သည္းညည္းခံၿပီး မျဖစ္သင့္တာ မျဖစ္ေအာင္ အခ်င္းခ်င္း ဝိုင္းထိန္း ခဲ့ၾက တ ယ္။ ငါတို႔တင္တဲ့အစိုးရလက္ထက္မွာ အမွားအယြင္းေတာ့အျဖစ္မခံဘူးဆိုၿပီး ေတာင့္ခံခဲ့ၾကတယ္။ နိုင္ငံေတာ္အာဏာကို က်ားေခ်ာင္းသလိုေခ်ာင္းေနတဲ့ သူေတြလက္ထဲ မပါေအာင္ ဝိုင္းဝန္းပံ့ပိုးခဲ့ၾက တယ္ ။
အဲ့ဒါေတြကို ခုခ်ိန္မွာေသြးေအးေအး နဲ႕ျပန္စဥ္းစားၾကည့္ ။ သိပ္ၾကည္ႏူး အားရ ဖို႔ေကာင္း တယ္ ။ အစိုးရ နဲ႕ျပည္သူ လက္တြဲ မညီ ခဲ့ရင္ နိုင္ငံေတာ္ အာဏာ သို႔မဟုတ္ ျပည္သူေတြရဲ႕အသက္ေတြ ေပးဆပ္ၾက ရေတာ့ မွာ ။
ဘာပဲေျပာေျပာ ကိုဗစ္ အလြန္ကာလဟာ NLD အစိုးရ ရဲ႕ ေအာင္စာရင္းပဲျဖစ္ တယ္ ။ ေအာင္မွတ္ သာမကဘူး ဂုဏ္ထူးမွတ္ေတာင္ေက်ာ္ေနေသး တယ္။ ပါးစပ္ဟၿပီး အာသာငန္းငန္းနဲ႕ေစာင့္ေနၾက သူေတြ အတြက္ေတာ့ စားရခါနီးမွပုတ္ခ်ခံရ တဲ့ ထမင္းလုတ္လိုျဖစ္ သြားတယ္။
လာမယ့္ နိုဝင္ဘာေ႐ြးေကာက္ပြဲ မွာလည္း ဒီစိတ္ဓာတ္ေတြနဲ႕ ပဲ စစ္အာဏာရွင္စံနစ္ အႂကြင္းအက်န္ အမွိုက္သရိုက္ေတြ ကို ရွင္းလင္းၾက ရပါလိမ့္ မယ္ ။Okka Kyi Winn
Unicode
ကိုးဗစ် ဒိုင်ယာရီ
နေ့လည် က သူငယ်ချင်း တစ်ယောက် နဲ့ စကားပြောရင်း ကိုဗစ်ကာလ တုန်းကအကြောင်းတွေ ကို ရောက်သွားတယ်။ မြန်မာပြည် ကို ကိုဗစ် စပြီးဝင် ကာစ အချိန် ဧပြီလဆန်းပိုင်း အခြေအနေတွေေ ပါ့ ။
အဲ့ဒီ တုန်းကဆို အားလုံးကလည်း ဝရုန်းသုန်းကား နဲ့ ကြောက်လန့်နေကြချိန် ။ ခုမှသာ အေးရာအေးကြောင်းဖြစ် သွားပြီး သိပ်မကြောက်ကြတော့ တာပါ။ မကြောက်ဆို နေ့စဉ်စစ်ဆေးတဲ့ သူအရေအတွက်၊ ရောဂါတွေ့ရှိတဲ့သူအရေ အတွက်၊ ပြန်ကောင်းတဲ့သူ အရေအတွက်တွေ ကို ဆက်တိုက် သတင်းတင်ပေးနေတာ ကိုး။
စဖြစ်ကာ စတုန်းကတော့ တစ်ယောက်စပြီး ပေါ့စတစ်တွေ့တာ နဲ့ တတိုင်းပြည်လုံး မျိုးပြုတ်တော့ မလောက် ကြောက်ခဲ့ကြတာလေ ။ တချို့ဆို လေက တဆင့်ကူးစက်တတ်တယ် ဆိုပြီး ဇွန်ဘီကားထဲ ကလို လူတွေတ ဘိုင်းဘိုင်းလဲကျပြီးသေကုန်ကြမယ် လိုလိုတောင်ပြောကြတာ ။ အဲ့ဒီလိုကြောက်ခဲ့ကြ တာလည်း ကောင်းပါတယ် ။ ကြောက်စိတ်လေးရှိနေတော့ ကာကွယ်စရာရှိတာကို ကြိုတင်ကာကွယ်ပြီးသားဖြစ် တာပေါ့။
တကယ်တော့ ဒီကိုဗစ်ကြီးဟာ NLD အစိုးရ အတွက် အကြီးကျယ်ဆုံး စိန်ခေါ်မှုကြီးပါ။ နောက် ၆ လအတွင်း လုပ်ပေးရတော့မယ့်ရွေးကောက်ပွဲအတွက် တကယ့်အဆုံးအဖြတ်ပွဲကြီးပါ။ ထိန်းချုပ်စီမံကွပ်ကဲတဲ့ပုံစံ တချက်ကလေး လွဲ သွားရင် နောက်ဆက်တွဲရလာဒ်တွေ က တော်တော် ဆိုးဆိုးတွေဖြစ်လာ မှာပါ။
ပြန်စဉ်းစားကြည့်ရင် အဲ့ဒီအချိန်မှာ လုပ်ရ ကိုင်ရတာ တကယ့်ကို ကျဉ်းထဲကြပ်ထဲ အခြေအနေပါ။ ရောဂါကူးစက်မှာကြောက်လို့ အကုန်လုံးကိုပိတ်ချပြီး Lock Down လုပ်လိုက်ရင်လည်း စီးပွါးရေးပြဿနာ၊ လူမှုရေးပြဿနာတွေ တန်း စီတက်လာပြီး တိုင်းပြည်ပါ ပျက်သွားနို င်ပါတယ် ။ အဲ့ဒါ ကိုကြောက်ပြီး နေချင်သလိုနေကြ၊ သွားချင်သလိုသွားကြဆိုပြီး လွှတ်ထားလိုက်ရင်လည်း ရောဂါကူးစက်တာတွေ အများကြီးဖြစ် လာပြီး အခြေအနေ က ပိုဆိုးသွားနိုင် ပါတယ်။
အဲ့ဒီလိုအခြေအနေမျိုး မှာ Lock Down, Lock Down လို့ ညာသံပေးပြီး လူတွေအကုန်လုံးကို ဆင်းရဲကြပ်တည်းမှု၊ ဆူပူအုံကြွမှုထောင်ချောက်ထဲကို အကြံအစည်ရှိရှိနဲ့တွန်းပို့ခဲ့ကြသူတွေလည်း အများကြီးပါ။ ဘာမဆိုင်ညာမဆိုင် ကာလုံခေါ်ဖို့ မရှက်မေ ကြာက်ထအော်ခဲ့ကြတာတွေတောင် ရှိပါတယ်။
NLD အစိုးရရဲ့ အမြော်အမြင် ရှိရှိ ပညာသား ပါပါ နဲ့ စီမံကွပ်ကဲခဲ့လို့သာ ခုလိုအခြေအနေဆိုးကြီးကို သက်တောင့်သက်သာနဲ့၊ အကျအဆုံးအနည်းဆုံးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။ ဒါတောင် အစိုးရရဲ့စီမံခန့်ခွဲပုံကိုအသိ အမှတ် မပြုဘဲ “ကံကောင်း လို့ ကိုဗစ် ဒဏ်ကနေလွတ်လာတာ” လို့ မရှက်မကြောက်ပြောထွက်ကြပါသေးတယ်။
ဒီနေရာမှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာန ရဲ့ စီမံခန့်ခွဲသွားတဲ့ ပုံစံ ကို တကယ်အသိအမှတ်ပြုရမှာပါ။ ကိုယ့်နိုင်ငံရဲ့ တတ်နိုင်တဲ့အင်အားနဲ့ ရသလောက်ကာခဲ့ကြတာပါ။ ကျန်း/အား ဝန်ကြီးပြောခဲ့တဲ့ “ဖျားသွားမယ်” ဆိုတဲ့ စကားကို ရယ်မောဟား တိုက်ခဲ့ကြတဲ့သူတွေ အများကြီးပါ။ ကျနော်ကတော့ အဲ့ဒီလိုလူတွေထဲမပါခဲ့တာ ခုထက်ထိကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလို့မဆုံးပါဘူး။
ဒီနေရာမှာ ဝန်ကြီးရဲ့ပညာအရည်အချင်းနဲ့ အတွေ့အ ကြုံ၊ သူလုပ်ခဲ့တဲ့ ရာထူး ၊ ဌာနတွေ ကို သိကြရင် ခုလိုကူးစက်ကပ်ရောဂါကပ်ဆိုးကြီးကို ဘာကြောင့်ကျော်ဖြတ်နိုင်ခဲ့ကြတယ်ဆိုတာ သိမှာပါ။ ဝန်ကြီးဟာ တချိန်က WHO ရဲ့ အရှေ့တောင်အာရှဒေသ ဆိုင်ရာ အကြံပေး အရာရှိပါ ။ တခြား သူလုပ်ခဲ့ဖူးတဲ့အတွေ့အကြုံတွေလည်း အများကြီးပါ။
ကျနော့် သူငယ်ချင်းပြော သလို ပါပဲ ။ “ဟ Epidemiology( ကူးစက်ရောဂါ၊ ကပ်ရောဂါ ) ဆိုတာ ဘိုးတော်အပိုင်ဆုံး Subject လေကွာ” တဲ့။ “သူက တသက်လုံးဒါပဲလုပ်လာတာကို” တဲ့။ ကိုင်း။
ဒါ့အပြင် ပြည်သူတွေ ရဲ့ပူးပေါင်း ပါဝင်မှုတွေ ကိုလည်း မေ့မထားသင့် ပါဘူး။ တခြားအစိုးရတွေ လက်ထက် မှာဆို ညစ်လုံးလုံးပြီးပါက်ကွဲ ထွက်လာမယ့်အခြေအနေတွေ ကို သည်းညည်းခံပြီး မဖြစ်သင့်တာ မဖြစ်အောင် အချင်းချင်း ဝိုင်းထိန်း ခဲ့ကြ တ ယ်။ ငါတို့တင်တဲ့အစိုးရလက်ထက်မှာ အမှားအယွင်းတော့အဖြစ်မခံဘူးဆိုပြီး တောင့်ခံခဲ့ကြတယ်။ နိုင်ငံတော်အာဏာကို ကျားချောင်းသလိုချောင်းနေတဲ့ သူတွေလက်ထဲ မပါအောင် ဝိုင်းဝန်းပံ့ပိုးခဲ့ကြ တယ် ။
အဲ့ဒါတွေကို ခုချိန်မှာသွေးအေးအေး နဲ့ပြန်စဉ်းစားကြည့် ။ သိပ်ကြည်နူး အားရ ဖို့ကောင်း တယ် ။ အစိုးရ နဲ့ပြည်သူ လက်တွဲ မညီ ခဲ့ရင် နိုင်ငံတော် အာဏာ သို့မဟုတ် ပြည်သူတွေရဲ့အသက်တွေ ပေးဆပ်ကြ ရတော့ မှာ ။
ဘာပဲပြောပြော ကိုဗစ် အလွန်ကာလဟာ NLD အစိုးရ ရဲ့ အောင်စာရင်းပဲဖြစ် တယ် ။ အောင်မှတ် သာမကဘူး ဂုဏ်ထူးမှတ်တောင်ကျော်နေသေး တယ်။ ပါးစပ်ဟပြီး အာသာငန်းငန်းနဲ့စောင့်နေကြ သူတွေ အတွက်တော့ စားရခါနီးမှပုတ်ချခံရ တဲ့ ထမင်းလုတ်လိုဖြစ် သွားတယ်။
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲ မှာလည်း ဒီစိတ်ဓာတ်တွေနဲ့ ပဲ စစ်အာဏာရှင်စံနစ် အကြွင်းအကျန် အမှိုက်သရိုက်တွေ ကို ရှင်းလင်းကြ ရပါလိမ့် မယ် ။
Okka Kyi Winn