ယခုတလော မြန်မာပြည်မြို့အနှံ့တွင် ညသန်းခေါင်ချိန်၌ ပုံမှန်မဟုတ်သော ခွေးအူခြင်းများ နေစဉ်ကြားရလျက်ရှိသည်။ ပုံမှန်ဟောင်သော အသံမဟုတ်ပဲ စူးရှဆို့နစ်သောအသံများ၊ ဆိုးဝါးသောအသံများတို့ဖြင့် နားမကြားသာအောင်အူလျက်ရှိသည်။
ထိုအရာသည် မကောင်းသောနိမိတ်ကိုပြနေခြင်းဖြစ်လေသည်။ မြို့ရွာတို့၌ ဘေးဆိုး၊ အန္တရာယ်ဆိုး၊ ကပ်ဆိုးမကောင်းမှု့တို့ ကြီးစွာကျရောက်နိူင်ပြီး အသေအပျောက်များနိူင်ခြင်း၊ မြို့ရွာတို့၌ ကုသိုလ်တရားနည်းပါးလာ၍ ဖုတ်၊ ပြိတ္တာ၊ ဘီလူး၊ တစ္ဆေ၊ နာနာဘာဝတို့က ဝင်ရောက်လာကြခြင်းတို့ကြောင့်ဖြစ်လေသည်။
ထိုသို့ဝင်ရောက်လာကြသောအခါ မကောင်းသောအရာများကို မြင်နိူင်စွမ်းအရှိဆုံးမှာ ခွေးများပင်ဖြစ်လေသည်။ နောက်တခုကား မြို့ရွာများကို စောင့်ရှောက်သော သမ္မာဒေဝနတ်ကောင်း နတ်မြတ်များမှလည်း ဘေးဆိုးတို့ကိုမကြုံရအောင် ခွေးတို့မှတဆင့် သတိပေးစေသော အရာတို့လည်းရှိလေသည်။
တစ်ခါတုန်းက ဘရာဇီးနိုင်ငံမှာ လမ်းမကြီးတွေပေါ်ခွေးအူတာ လူအယောက်များစွာက လောက်လေးဂွဖြင့် ပစ်ကြတာတောင် ခွေးအုပ်စုကတော့ အအူမပျက် ထူးထူးဆန်းဆန်း အူကြပါသတဲ့။ သေနတ်မိုးပေါ်ထောင်ဖေါက်သည်အထိ သွားရောက်ကာတားမြစ်သော်လည်း သေနတ်ဖေါက်ချိန် စက္ကန့်ပိုင်းမျှသာရပ်သွားပြီး ဆက်လက်၍ အူနေကြပါသတဲ့။ ငါးရက်အတွင်း သောင်းချီသေကြပျက်စီးပါသတဲ့။
ထို့သို့ပုံမှန်မဟုတ်သောခွေးအူပါက ခွေးအူနေသောအချိန်တွင် လုပ်ဆောင်ရမည့်အရာမှာ သမ်ဗုဒ်ဓေဂါထာအား ကျယ်လောင်စွာရွတ်ဆိုခြင်း၊ ဖွင့်ထားခြင်းတို့ကို ပြုလုပ်ရပေမည်။
သမ္ဗုဒ္ဓေဂါထာရွတ်ဆိုသည့် အသံ၏အစွမ်းသည် ဖုတ်၊ ပြိတ္တာ၊ ဘီလူး၊ တစ္ဆေ၊ နာနာဘာဝတို့ကမခံနိူင်ပဲ ပူလောင်လာပြီး မြို့ရွာတို့နှင့်ဝေးရာသို့သာ ထွက်ပြေးကြရလေသည်။ မိမိထံသော်လည်းကောင်း၊ အိမ်ဝိုင်းနှင့်လမ်းတို့တွင်သော်လည်းကောင်း ခိုကပ်မီတွယ်နေသော မကောင်းဆိုးဝါးများကို ချုပ်နှောင်ထားသကဲ့သို့ပူလောင်စေပြီး မနေနိူင်သည်အဆုံး အဝေးသို့သာပြေးကြရလေသည်။
ထို့အတူ သမ္ဗုဒ္ဓေဂါထာ၏အစွမ်းကြောင့် မသန့်သောနေရာများလည်းသန့်စေလေသည်။ ဤကဲ့သို့ မကောင်းဆိုးဝါးများနှင့် မသန့်သောနေရာများမရှိတော့ပဲကင်းစင်သွားသောအခါ မြို့ရွာတို့သည်လည်း ဘေးဆိုး၊ အန္တရာယ်ဆိုး၊ ကပ်ဆိုးများမှ ကင်းဝေးသွားစေလေသည်။
ထိုမှမဟုတ်ပဲ ဘုရားတရားမေ့လျောနေကြသောအခါတွင် မြို့ရွာတို့တွင်ဝင်ရောက်လာကြသော မကောင်းဆိုးဝါးများက မြို့ရွာအတွင်းရှိလူတို့ထက်အားကောင်းလာကြသောအခါ လူတို့အားနှိပ်စက်ကြလေတော့သည်။
နှိပ်စက်သောအခါတွင် ဖြစ်နေသောရောဂါများပိုမိုပြင်းထန်လာခြင်း၊ လူများစွာဖျားနာလာကြခြင်း၊ အသေအပျောက်များလာခြင်း၊ ထိတ်လန့်တုန်လှုပ်သေဆုံးကြခြင်းတို့ ဆက်တိုက်ဖြစ်ပေါ်လာလေသည်။ ထိုကြောင့် မြန်မာပြည်သူပြည်သားအပေါင်းတို့အား ပရိတ်ပဌာန်းများရွတ်ဆိုခြင်း၊ ဖွင့်ထားခြင်းနှင့်ဘုရားတရားများလုပ်ကာ သတိတရားဖြင့်နေထိုင်ကြစေလိုသည်။
ရတနာ့သုတ်တော်အား အဓိကထား၍ အမြဲမပြတ်ရွတ်ဆိုခြင်း၊ ဖွင့်ထားခြင်းတို့ကိုပြုလုပ်၍၊ မကောင်းသောခွေးအူသံတို့ကို ကြားရသောအခါ သမ္ဗုဒ္ဓေဂါထာတော်အား အဓိကထား၍ရွတ်ဆိုခြင်း၊ ဖွင့်ထားခြင်းတို့ကို ပြုလုပ်အပ်ပေသည်။ မြန်မာပြည်ကြီး အမြန်ဆုံးဘေးကင်းပါစေ။
credit.
zawgyi
ယခုတေလာ ျမန္မာျပည္ၿမိဳ႕အႏွံ႔တြင္ ညသန္းေခါင္ခ်ိန္၌ ပုံမွန္မဟုတ္ေသာ ေခြးအူျခင္းမ်ား ေနစဥ္ၾကားရလ်က္ရွိသည္။ ပုံမွန္ေဟာင္ေသာ အသံမဟုတ္ပဲ စူးရွဆို႔နစ္ေသာအသံမ်ား၊ ဆိုးဝါးေသာအသံမ်ားတို႔ျဖင့္ နားမၾကားသာေအာင္အူလ်က္ရွိသည္။
ထိုအရာသည္ မေကာင္းေသာနိမိတ္ကိုျပေနျခင္းျဖစ္ေလသည္။ ၿမိဳ႕႐ြာတို႔၌ ေဘးဆိုး၊ အႏၲရာယ္ဆိုး၊ ကပ္ဆိုးမေကာင္းမႈ႕တို႔ ႀကီးစြာက်ေရာက္ႏိူင္ၿပီး အေသအေပ်ာက္မ်ားႏိူင္ျခင္း၊ ၿမိဳ႕႐ြာတို႔၌ ကုသိုလ္တရားနည္းပါးလာ၍ ဖုတ္၊ ၿပိတၱာ၊ ဘီလူး၊ တေစၦ၊ နာနာဘာဝတို႔က ဝင္ေရာက္လာၾကျခင္းတို႔ေၾကာင့္ျဖစ္ေလသည္။
ထိုသို႔ဝင္ေရာက္လာၾကေသာအခါ မေကာင္းေသာအရာမ်ားကို ျမင္ႏိူင္စြမ္းအရွိဆုံးမွာ ေခြးမ်ားပင္ျဖစ္ေလသည္။ ေနာက္တခုကား ၿမိဳ႕႐ြာမ်ားကို ေစာင့္ေရွာက္ေသာ သမၼာေဒဝနတ္ေကာင္း နတ္ျမတ္မ်ားမွလည္း ေဘးဆိုးတို႔ကိုမႀကဳံရေအာင္ ေခြးတို႔မွတဆင့္ သတိေပးေစေသာ အရာတို႔လည္းရွိေလသည္။
တစ္ခါတုန္းက ဘရာဇီးႏိုင္ငံမွာ လမ္းမႀကီးေတြေပၚေခြးအူတာ လူအေယာက္မ်ားစြာက ေလာက္ေလးဂြျဖင့္ ပစ္ၾကတာေတာင္ ေခြးအုပ္စုကေတာ့ အအူမပ်က္ ထူးထူးဆန္းဆန္း အူၾကပါသတဲ့။ ေသနတ္မိုးေပၚေထာင္ေဖါက္သည္အထိ သြားေရာက္ကာတားျမစ္ေသာ္လည္း ေသနတ္ေဖါက္ခ်ိန္ စကၠန႔္ပိုင္းမွ်သာရပ္သြားၿပီး ဆက္လက္၍ အူေနၾကပါသတဲ့။ ငါးရက္အတြင္း ေသာင္းခ်ီေသၾကပ်က္စီးပါသတဲ့။
ထို႔သို႔ပုံမွန္မဟုတ္ေသာေခြးအူပါက ေခြးအူေနေသာအခ်ိန္တြင္ လုပ္ေဆာင္ရမည့္အရာမွာ သမ္ဗုဒ္ေဓဂါထာအား က်ယ္ေလာင္စြာ႐ြတ္ဆိုျခင္း၊ ဖြင့္ထားျခင္းတို႔ကို ျပဳလုပ္ရေပမည္။
သမၺဳေဒၶဂါထာ႐ြတ္ဆိုသည့္ အသံ၏အစြမ္းသည္ ဖုတ္၊ ၿပိတၱာ၊ ဘီလူး၊ တေစၦ၊ နာနာဘာဝတို႔ကမခံႏိူင္ပဲ ပူေလာင္လာၿပီး ၿမိဳ႕႐ြာတို႔ႏွင့္ေဝးရာသို႔သာ ထြက္ေျပးၾကရေလသည္။ မိမိထံေသာ္လည္းေကာင္း၊ အိမ္ဝိုင္းႏွင့္လမ္းတို႔တြင္ေသာ္လည္းေကာင္း ခိုကပ္မီတြယ္ေနေသာ မေကာင္းဆိုးဝါးမ်ားကို ခ်ဳပ္ေႏွာင္ထားသကဲ့သို႔ပူေလာင္ေစၿပီး မေနႏိူင္သည္အဆုံး အေဝးသို႔သာေျပးၾကရေလသည္။
ထို႔အတူ သမၺဳေဒၶဂါထာ၏အစြမ္းေၾကာင့္ မသန႔္ေသာေနရာမ်ားလည္းသန႔္ေစေလသည္။ ဤကဲ့သို႔ မေကာင္းဆိုးဝါးမ်ားႏွင့္ မသန႔္ေသာေနရာမ်ားမရွိေတာ့ပဲကင္းစင္သြားေသာအခါ ၿမိဳ႕႐ြာတို႔သည္လည္း ေဘးဆိုး၊ အႏၲရာယ္ဆိုး၊ ကပ္ဆိုးမ်ားမွ ကင္းေဝးသြားေစေလသည္။
ထိုမွမဟုတ္ပဲ ဘုရားတရားေမ့ေလ်ာေနၾကေသာအခါတြင္ ၿမိဳ႕႐ြာတို႔တြင္ဝင္ေရာက္လာၾကေသာ မေကာင္းဆိုးဝါးမ်ားက ၿမိဳ႕႐ြာအတြင္းရွိလူတို႔ထက္အားေကာင္းလာၾကေသာအခါ လူတို႔အားႏွိပ္စက္ၾကေလေတာ့သည္။
ႏွိပ္စက္ေသာအခါတြင္ ျဖစ္ေနေသာေရာဂါမ်ားပိုမိုျပင္းထန္လာျခင္း၊ လူမ်ားစြာဖ်ားနာလာၾကျခင္း၊ အေသအေပ်ာက္မ်ားလာျခင္း၊ ထိတ္လန႔္တုန္လႈပ္ေသဆုံးၾကျခင္းတို႔ ဆက္တိုက္ျဖစ္ေပၚလာေလသည္။ ထိုေၾကာင့္ ျမန္မာျပည္သူျပည္သားအေပါင္းတို႔အား ပရိတ္ပဌာန္းမ်ား႐ြတ္ဆိုျခင္း၊ ဖြင့္ထားျခင္းႏွင့္ဘုရားတရားမ်ားလုပ္ကာ သတိတရားျဖင့္ေနထိုင္ၾကေစလိုသည္။
ရတနာ့သုတ္ေတာ္အား အဓိကထား၍ အၿမဲမျပတ္႐ြတ္ဆိုျခင္း၊ ဖြင့္ထားျခင္းတို႔ကိုျပဳလုပ္၍၊ မေကာင္းေသာေခြးအူသံတို႔ကို ၾကားရေသာအခါ သမၺဳေဒၶဂါထာေတာ္အား အဓိကထား၍႐ြတ္ဆိုျခင္း၊ ဖြင့္ထားျခင္းတို႔ကို ျပဳလုပ္အပ္ေပသည္။ ျမန္မာျပည္ႀကီး အျမန္ဆုံးေဘးကင္းပါေစ။
credit.