စက္တင္ဘာလ ၂၃ ရက္ေန႕မွာေတာ့ ျပည္တြင္း ေ႐ႊေဈးႏႈန္းဟာ အကယ္ဒမီအေခါက္ေ႐ႊတစ္က်ပ္သားကို က်ပ္ ၁၉ သိန္းနဲ႕ေဈးပိတ္ခဲ့ၿပီး ဒါဟာ တစ္ေက်ာ့ျပန္ အျမင့္ဆုံးေဈးတက္တဲ့ ကာလကိုေရာက္လာတာလို႔ ရန္ကုန္ေ႐ႊလုပ္ငန္းရွင္အခ်ိဳ႕ကေျပာပါတယ္။…
(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)
ျမန္မာ့ေ႐ႊေဈးကြက္မွာ ၿပီးခဲ့တဲ့အပတ္က တစ္က်ပ္သားကို က်ပ္ ၁၉ သိန္း ၂ ေသာင္းထိ ေဈးျမင့္ခဲ့ရာကေန ၁၈ သိန္း ၂ေသာင္းအထိ ေဈးျပန္က်ခဲ့ၿပီးတဲ့ေနာက္မွာ အခုလို ၁၉ သိန္းအထိ တစ္ေက်ာ့ျပန္ ေဈးႏႈန္းျပန္ျမင့္ တက္လာတာ ျဖစ္တယ္လို႔ ေ႐ႊလုပ္ငန္းရွင္ေတြက ေျပာပါတယ္။…
” ဒီေန႕ကေတာ့ ၁၉သိန္းနဲ႕ ေဈးပိတ္သြားတာ။ ျပန္တက္တဲ့ တစ္ေက်ာ့ကေတာ့ ဒီတစ္ခါအျမင့္ဆုံးပဲ။ အဓိကေတာ့ ဝယ္လိုအား တအားမ်ားေနတာကိုအသင္း ကလည္း တစ္ေယာက္ကို တစ္ဆယ္သား ဝယ္ရမယ္ စသျဖင့္ ထိန္းခ်ဳပ္ထားေပမယ့္ ဝယ္ခ်င္တဲ့လူက ျဖန႔္ဝယ္တာမ်ိဳးလည္းျဖစ္တယ္။ လူေတြက မဝယ္ရဘူးဆို ပိုဝယ္ခ်င္တယ္ “ လို႔ ျမန္မာနိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက တာဝန္ရွိသူတစ္ဦးက သုံးသပ္ပါတယ္။…
ဒီကေန႕ စက္တင္ဘာ ၂၃ ရက္ အေမရိကန္ေဒၚလာ ေပါက္ေဈးကေတာ့ ပုဂၢလိကဘဏ္ေတြနဲ႕ လိုင္စင္ရေငြလဲေကာင္တာမွာ အေမရိကန္ တစ္ေဒၚလာကို ၁၉၁၅ က်ပ္သာရွိေပမယ့္ ျပင္ပေငြလဲေကာင္တာေတြမွာေတာ့ ၂၀၂၀ က်ပ္ ဝန္းက်င္နဲ႕ အေရာင္းအဝယ္ ျပဳလုပ္ေနပါတယ္။ေ႐ႊ နဲ႕ ေဒၚလာလဲလွယ္ႏႈန္းေတြ စတင္ျမင့္တက္လာခ်ိန္က စလို႔ စစ္ေကာင္စီဘက္က ထိန္းခ်ဳပ္ဖို႔ ႀကိဳး စားလာခဲ့တာျဖစ္ၿပီး လက္ေတြ႕ေဈးကြက္မွာေတာ့ ျမင့္တက္ေနဆဲလည္း ျဖစ္ပါတယ္။…
ေ႐ႊေဈးကြက္ကို ထိန္းခ်ဳပ္ဖို႔အတြက္ ရန္ကုန္ေ႐ႊေဈး ကြက္မွာ အေရာင္းအဝယ္စာရင္းေတြကို မွတ္သားတာ ေဈးမကစားဖို႔ သတိေပးတာေတြ လုပ္ခဲ့သလို ေဒၚလာေငြလဲလွယ္တဲ့ လုပ္ငန္းရွင္ေတြကို ေစာင့္ၾကည့္ထိန္း ခ်ဳပ္တာေတြကိုလည္း လုပ္ကိုင္ခဲ့တယ္လို႔ လုပ္ငန္းရွင္အခ်ိဳ႕က ေျပာပါတယ္။ဒါအျပင္ ေဒၚလာေငြလဲလွယ္ ႏႈန္းကို ထိန္းခ်ဳပ္ဖို႔ ဗဟိုဘဏ္က စက္တင္ဘာ ၂၀ နဲ႕ ၂၂ ရက္ ၂ရက္တည္း မွာကို ကန္ေဒၚလာ ၂၅ သန္း ထုတ္ေရာင္းေပးခဲ့ပါတယ္။…
‘ ‘ ဗဟိုဘဏ္က ေဒၚလာထုတ္ေရာင္းလည္း ေဈးကြက္က လိုသေလာက္ကိုထုတ္ေရာင္းနိုင္မွာ မဟု တ္တဲ့အတြက္ ေျဖရွင္းနိုင္မွာမဟုတ္ဘူး။အဓိက တ႐ုတ္ဘက္ကို ပို႔တဲ့ နယ္စပ္ပို႔ကုန္ ေတြပိတ္ထားကတည္းက ေဒၚလာလိုအပ္ခ်က္က ႀကီးလာတာ။ ပို႔ကုန္ ျပန္ပို႔နိုင္ေအာင္လုပ္နိုင္မွပဲ ေျပလည္မွာ။လူေတြက က်ပ္ေငြကို ယုံၾကည္မႈ က်ဆင္းလာတာလည္းပါတယ္” လို႔ နိုင္ငံျခားေငြ လဲလွယ္ခြင့္လိုင္စင္ရ လုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာစိုးထြန္းက ဘီဘီစီကိုေျပာထားပါတယ္။…
အာဏာမသိမ္းခင္ ဇန္နဝါရီ ေနာက္ဆုံးပတ္က ျမန္မာ့ေ႐ႊေဈးဟာ တစ္က်ပ္သားကို က်ပ္ ၁၃သိန္းဝန္းက်င္ နဲ႕ ေဒၚလာလဲလွယ္ႏႈန္းဟာ တစ္ေဒၚလာကို က်ပ္ ၁၃၀၀ ဝန္းက်င္သာ ရွိခဲ့တာျဖစ္ပါတယ္။အဲဒီကေန စစ္တပ္က အာဏာရယူထားတဲ့ ၈ လ တာ ကာလအတြင္းမွာ စစ္ေကာင္စီဘက္က ေဈးႏႈန္းျမင့္ တက္လာမႈေတြကို ထိန္း ခ်ဳပ္ဖို႔ လုပ္ေဆာင္ေနတဲ့ၾကားက ျမန္မာ့ေ႐ႊေဈး နဲ႕ နိုင္ငံ ျခားေငြလဲလွယ္ႏႈန္းဟာ ေဈးကြက္မွာ တစ္ခါမွ မရွိခဲ့ဘူးတဲ့ ေဈးႏႈန္းေတြအျဖစ္ စံခ်ိန္တင္ ျမင့္တက္လာေနတာလည္း ျဖစ္ပါတယ္။….
ယူနီကုဒ်ဖြင့် ဖတ်ရန်
စက်တင်ဘာလ ၂၃ ရက်နေ့မှာတော့ ပြည်တွင်း ရွှေဈေးနှုန်းဟာ အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၉ သိန်းနဲ့ဈေးပိတ်ခဲ့ပြီး ဒါဟာ တစ်ကျော့ပြန် အမြင့်ဆုံးဈေးတက်တဲ့ ကာလကိုရောက်လာတာလို့ ရန်ကုန်ရွှေလုပ်ငန်းရှင်အချို့ကပြောပါတယ်။…
မြန်မာ့ရွှေဈေးကွက်မှာ ပြီးခဲ့တဲ့အပတ်က တစ်ကျပ်သားကို ကျပ် ၁၉ သိန်း ၂ သောင်းထိ ဈေးမြင့်ခဲ့ရာကနေ ၁၈ သိန်း ၂သောင်းအထိ ဈေးပြန်ကျခဲ့ပြီးတဲ့နောက်မှာ အခုလို ၁၉ သိန်းအထိ တစ်ကျော့ပြန် ဈေးနှုန်းပြန်မြင့် တက်လာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။…
” ဒီနေ့ကတော့ ၁၉သိန်းနဲ့ ဈေးပိတ်သွားတာ။ ပြန်တက်တဲ့ တစ်ကျော့ကတော့ ဒီတစ်ခါအမြင့်ဆုံးပဲ။ အဓိကတော့ ဝယ်လိုအား တအားများနေတာကိုအသင်း ကလည်း တစ်ယောက်ကို တစ်ဆယ်သား ဝယ်ရမယ် စသဖြင့် ထိန်းချုပ်ထားပေမယ့် ဝယ်ချင်တဲ့လူက ဖြန့်ဝယ်တာမျိုးလည်းဖြစ်တယ်။ လူတွေက မဝယ်ရဘူးဆို ပိုဝယ်ချင်တယ် “ လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။…
ဒီကနေ့ စက်တင်ဘာ ၂၃ ရက် အမေရိကန်ဒေါ်လာ ပေါက်ဈေးကတော့ ပုဂ္ဂလိကဘဏ်တွေနဲ့ လိုင်စင်ရငွေလဲကောင်တာမှာ အမေရိကန် တစ်ဒေါ်လာကို ၁၉၁၅ ကျပ်သာရှိပေမယ့် ပြင်ပငွေလဲကောင်တာတွေမှာတော့ ၂၀၂၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ် ပြုလုပ်နေပါတယ်။ရွှေ နဲ့ ဒေါ်လာလဲလှယ်နှုန်းတွေ စတင်မြင့်တက်လာချိန်က စလို့ စစ်ကောင်စီဘက်က ထိန်းချုပ်ဖို့ ကြိုး စားလာခဲ့တာဖြစ်ပြီး လက်တွေ့ဈေးကွက်မှာတော့ မြင့်တက်နေဆဲလည်း ဖြစ်ပါတယ်။…
ရွှေဈေးကွက်ကို ထိန်းချုပ်ဖို့အတွက် ရန်ကုန်ရွှေဈေး ကွက်မှာ အရောင်းအဝယ်စာရင်းတွေကို မှတ်သားတာ ဈေးမကစားဖို့ သတိပေးတာတွေ လုပ်ခဲ့သလို ဒေါ်လာငွေလဲလှယ်တဲ့ လုပ်ငန်းရှင်တွေကို စောင့်ကြည့်ထိန်း ချုပ်တာတွေကိုလည်း လုပ်ကိုင်ခဲ့တယ်လို့ လုပ်ငန်းရှင်အချို့က ပြောပါတယ်။ဒါအပြင် ဒေါ်လာငွေလဲလှယ် နှုန်းကို ထိန်းချုပ်ဖို့ ဗဟိုဘဏ်က စက်တင်ဘာ ၂၀ နဲ့ ၂၂ ရက် ၂ရက်တည်း မှာကို ကန်ဒေါ်လာ ၂၅ သန်း ထုတ်ရောင်းပေးခဲ့ပါတယ်။…
‘ ‘ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းလည်း ဈေးကွက်က လိုသလောက်ကိုထုတ်ရောင်းနိုင်မှာ မဟု တ်တဲ့အတွက် ဖြေရှင်းနိုင်မှာမဟုတ်ဘူး။အဓိက တရုတ်ဘက်ကို ပို့တဲ့ နယ်စပ်ပို့ကုန် တွေပိတ်ထားကတည်းက ဒေါ်လာလိုအပ်ချက်က ကြီးလာတာ။ ပို့ကုန် ပြန်ပို့နိုင်အောင်လုပ်နိုင်မှပဲ ပြေလည်မှာ။လူတွေက ကျပ်ငွေကို ယုံကြည်မှု ကျဆင်းလာတာလည်းပါတယ်” လို့ နိုင်ငံခြားငွေ လဲလှယ်ခွင့်လိုင်စင်ရ လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ဘီဘီစီကိုပြောထားပါတယ်။…
အာဏာမသိမ်းခင် ဇန်နဝါရီ နောက်ဆုံးပတ်က မြန်မာ့ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၁၃သိန်းဝန်းကျင် နဲ့ ဒေါ်လာလဲလှယ်နှုန်းဟာ တစ်ဒေါ်လာကို ကျပ် ၁၃၀၀ ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပါတယ်။အဲဒီကနေ စစ်တပ်က အာဏာရယူထားတဲ့ ၈ လ တာ ကာလအတွင်းမှာ စစ်ကောင်စီဘက်က ဈေးနှုန်းမြင့် တက်လာမှုတွေကို ထိန်း ချုပ်ဖို့ လုပ်ဆောင်နေတဲ့ကြားက မြန်မာ့ရွှေဈေး နဲ့ နိုင်ငံ ခြားငွေလဲလှယ်နှုန်းဟာ ဈေးကွက်မှာ တစ်ခါမှ မရှိခဲ့ဘူးတဲ့ ဈေးနှုန်းတွေအဖြစ် စံချိန်တင် မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။….