ၾကားသိရသမွ်

၂၀၂၂အတွက်တော့ ရင်လေးမိပါတယ်…

၂၀၂၂အတွက်တော့ ရင်လေးမိပါတယ် နိုင်ငံရေးတန်ပိုအလွန်မြင့်လာလိမ့်မယ် နိုင်ငံတကာရင်းနှီးမြုပ်နှံသူ အတော်များများပြန်ကုန်တာကြောင့် နိုင်ငံခြားငွေရလမ်းနည်းသွားမယ်

ပညာတတ် အလုပ်လက်မဲ့တွေအလွနိများလာမယ် ငွေကြေးဖောင်းပွမှုနှုန်း တက်လာတာနဲ့အမျှဒေါ်လာ ရွှေ အိမ်ခြံမြေ ကားဈေးတွေပေါပေါမရနိုင်တော့ဘူ အဆင်မပြေမှူတွေများလာလေသူ့ကြောင့်

ကိုယ့်ကြောင့်ဆိုတဲ့ စိတ်တွေဖြစ်လာကြပြီး လူတွေရန်လိုစိတ်များလာကြမယ်၂၀၂၁မှာစိုက်ပျိုးရေးစရိတ် မြင့်မားတာနဲ့ စစ်ဘေးဒဏ်ခံနေရလို့ မစိုက်ပျိုးနိုင်ခဲ့တာတွေကြောင့်၂၀၂၂မှာဆန်ရေစပါး သီးနှံတွေရှားပါးပြီ းဈေးနှုန်းကြီးမြင့်ပါလိမ့်မယ်

အိမ်နီးခြင်းတရုတ်နိုင်ငံက နယ်စပ်တွေပိတ်ထားတဲ့အတွက် စားသောက်ကုန်တွေ မတင်သွင်းနိုင်တာကလဲ ကုန်ဈေးနှုန်းကြီးစေတာတချက်ပါပါတယ် အခန့်မသင့်ရင်အငတ်ဘေးကြုံရနိုင်တယ်

အားလုံးစနစ်တကျပြင်ဆင်ထားကြပါ ဝင်ငွေများများမရနိုင်တဲ့အချိန်မှ ာထွက်ငွေနဲ နိုင်သမျှနဲအောင်လုပ်တာက အကောင်းဆုံးနည်းလမ်းတစ်ခုပါ တတ်နိုင်သမျှနဲ့ မိမိပတ်ဝန်းကျင်ကိုကူညီစောင့်ရှောက်ကြပါ အားလုံးအဆင်ပြေကြပါစေခင်ဗျာ

ပြည်စိုး ချစ်ချင်းများစွားဖြင့်

Credit

Zawgyi




