အဆိုတော်ကျားပေါက်ရဲ့ Doodle Ukulele လေး ဒေါ်လာ 27500$(မြန်မာကျပ်ငွေ သိန်း၆၀၀ ဝန်းကျင်) ဖြင့်လေလံအောင်
နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် အဆိုတော် ကျားပေါက် doodle art ရေးဆွဲထားတဲ့ Ukulele ကို အွန်လိုင်းမှာလေလံတင်ခဲ့ရာ ဒီညမှာတော့ အပိတ်စျေး အမေရိကန်ဒေါ်လာ ၂၇၅၀၀ (မြန်မာကျပ်ငွေ သိန်း၆၀၀ ဝန်းကျင်) ရရှိကြောင်းသိရပါတယ်။
ကမ္ဘာ့စျေးအကြီးဆုံး ukulele က ဒေါ်လာ ၂၆၀၀၀ ရှိကြောင်း မှတ်တမ်းအချက်အလက်များက ဖော်ပြထားတာမို့ နောက်ဆုံးပိတ် လေလံဆွဲသူက ၂၇၅၀၀ နဲ့ စံချိန်ချိုးပေးခဲ့တာကြောင့် ကမ္ဘာ့စျေးအကြီးဆုံး ukulele အဖြစ် လတ်တလော ဆိုရှယ်မီဒီယာပေါ် လူပြောများနေပါတယ်။
Doodle Art ရေးဆွဲထားတဲ့ Ukulele ဂစ်တာ လေလံဆွဲရောင်းချငွေ အားလုံးကို NUG အစိုးရထံ ပေးအပ်သွားမှာဖြစ်ပြီး လေလံအောင်သူကိုလည်း NUG မှ အသိအမှတ်ပြု အလှူရှင်မှတ်တမ်း ပြန်လည်ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Han Htue Lwin ‘s Facebook
———————-
နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် အဆိုတော် ကျားပေါက် doodle art ရေးဆွဲထားတဲ့ Ukulele ကို အွန်လိုင်းမှာလေလံတင်ခဲ့ရာ ဒီညမှာတော့ အပိတ်ဈေး အမေရိကန်ဒေါ်လာ ၂၇၅၀၀ (မြန်မာကျပ်ငွေ သိန်း၆၀၀ ဝန်းကျင်) ရရှိကြောင်းသိရပါတယ်။
ကမ္ဘာ့ဈေးအကြီးဆုံး ukulele က ဒေါ်လာ ၂၆၀၀၀ ရှိကြောင်း မှတ်တမ်းအချက်အလက်များက ဖော်ပြထားတာမို့ နောက်ဆုံးပိတ် လေလံဆွဲသူက ၂၇၅၀၀ နဲ့ စံချိန်ချိုးပေးခဲ့တာကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး ukulele အဖြစ် လတ်တလော ဆိုရှယ်မီဒီယာပေါ် လူပြောများနေပါတယ်။