ဈေးကြီးပေးဝယ်ရပြီး ရှုပ်ယှက်ခတ်နေတဲ့ အဝတ်အစားတွေလောက် အမျိုးသမီးတွေကို အိုစာစေတာ မရှိဘူး” လို့ fashion icon တစ်ယောက်ဖြစ်တဲ့ Coco Chanel က ပြောပါတယ်။ သင့်ကို လက်ရှိအသက်ထက် ကြီးတယ်လို့ ထင်ရစေတဲ့ fashion တွေ အများကြီးပါပဲ။
၁။ ဆံပင်အလွန်မည်းခြင်း သို့မဟုတ် အဝါရောင် တောက်လွန်းခြင်း=ဆံပင်ကလည်း ရုပ်ရည်ကို လွှမ်းမိုးမှုရှိပါတယ်။ ဆံပင်ကို နှစ်ရောင်စပ်ပြီးဆိုးတာ- အရောင်ဖျော့ဖျော့လေး ဆိုးတာက သင့်ကို ရှိရင်းစွဲ အသက်ထက် နုပျိုသွားစေမှာပါ။
၂။ အလွန်အမင်း ပြင်ဆင်ထားခြင်း=တစ်ခါတလေမှာ ဈေးကြီးပေးဝယ်ထားရတဲ့ အဝတ်အစားတွေ-အိတ်တွေ- ဖိနပ်တွေကို တစ်ပြိုင်နက်တည်း ဝတ်ဆင်တတ်ကြပါတယ်။ အဲဒီလို စုပြုံပြီး ဝတ်ဆင်ခြင်းက သင့်ကို အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။
၃။ အရောင်အလွန်တောက်သော သားရေဖိနပ်=အရောင်တောက်တောက် အသုံးအဆောင် ပစ္စည်းတွေဟာ အတိတ်က ခေတ်စားခဲ့တဲ့ fashionတွေ ဖြစ်သွားခဲ့ပါပြီ။ အရောင်မတောက်တဲ့ အသုံးအဆောင်အစ္စည်းတွေက ပိုပြီး smart ကျစေပါတယ်။
၄။ ဆံပင်ကို အလွန်အမင်း ပြင်ဆင်ထားခြင်း=သင်က ဆံပင်ကို တစ်ခေါင်းလုံးကောက်လိုက်ခြင်း အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ ခပ်ပြေပြေလေးနဲ့ သဘာဝဆန်နေတာက ပိုပြီး ကြည့်လှပါတယ်။
၅။ ဈေးပေါသည့် လက်ဝတ်ရတနာများ=ပလက်စတစ်နဲ့ ပြုလုပ်ထားတဲ့နားကပ်-လက်စွပ်-လည်ဆွဲ- လက်ကောက်-ရောင်စုံဖန်စီပစ္စည်းတွေက အမျိုးသမီးတိုင်းနဲ့ မလိုက်ဖက်ပါဘူး။
၆။ အရောင်တောက်တောက် လက်သည်းဆိုးဆေး=အရောင်တောက်တောက် လက်သည်းဆိုးဆေးတွေက အသားအရောင်တိုင်းနဲ့ မလိုက်ဖက်သလို အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ အရောင်တောက်တောက်တွေကိုမှ ဆိုးချင်ရင် လက်သည်းပေါ်မှာ ပုံဖော်ထားတာလေးတွေက သင့်ကို နုပျိုတယ်လို့ ထင်စေရပါတယ်။
၇။ စာတန်းပါသော T-shirt=စာတန်းပါတဲ့ T-shirt တွေကို ဝတ်ရမှာ အလွန်ဂရုစိုက်သင့်ပါတယ်။ တချို့စာတန်းပါတဲ့ T-shirt တွေက သင့်ကို မရင့်ကျက်သေးဘူး လို့ ထင်ရစေပါတယ်။
၈။ အလွန်ရှေးရိုးဆန်သော style=ယခုခေတ်မှာ ရိုးရိုးလေးနဲ့ ငယ်ရွယ်နုပျိုစေတဲ့ fashion တွေ အများကြီး ခေတ်စားပါတယ်။ ရှေးရှေးတုန်းက fashion တွေက သင့်ကို အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။
9။ ကြယ်သီးတွေပါတဲ့ ရင်ကွဲသိုးမွေးအင်္ကျီ=အဲဒီလိုအင်္ကျီတွေက လူကို ဝစေတယ်လို့ ထင်ရစေပါတယ်။ သိုးမွေး အင်္ကျီပွပွကြီးတွေက အချိန်အတော်ကြာတဲ့အထိ ခေတ်စားနေဦးမှာပါ။
၁၀။ အလွန်လိုက်ဖက်သော အရောင်များ=အဖြူနဲ့အနက်- အဖြူနဲ့ အနီ စတဲ့ အရောင်အတွဲအစပ်တွေက ယခုခေတ်မှာ လူကြိုက်မများတော့ပါဘူး။ တစ်ခါတလေမှာ မလိုက်ဖက်တဲ့ အရောင်တွေကို တွဲစပ်ပြီး ဝတ်တာကလည်း သင့်ကို နုပျိုစေမှာပါ။
၁၁။ ခြေအိတ်=အသားပေါ်နေတဲ့ ခြေအိတ်တွေက တစ်ခါတရံမှာ ကြည့်လို့မလှပါဘူး။ ခြေအိတ်အမည်းရောင်က နှစ်တွေကြာသွားလည်း လူကြိုက်များဆဲပါပဲ။
၁၂။ အလွန်တိုသော ဆံပင်=ဆံပင်တိုတာက အမျိုးသမီးတွေကို နုပျိုသွားစေပေမယ့် အရမ်းတိုလွန်းရင်လည်း မလှတော့ပြန်ပါဘူး။ ခပ်ပြေပြေလေးကွေးနေတဲ့ ဆံပင်တိုလေးတွေက သင့်ကိုပိုပြီး ထင်ပေါ်စေပါတယ်။credit
(For Zawgyi)သင့်ကို အဖွားကြီးလို့ ထင်ရစေတဲ့ ဖက်ရှင်များ=”ဈေးကြီးပေးဝယ်ရပြီး ရှုပ်ယှက်ခတ်နေတဲ့ အဝတ်အစားတွေလောက် အမျိုးသမီးတွေကို အိုစာစေတာ မရှိဘူး” လို့ fashion icon တစ်ယောက်ဖြစ်တဲ့ Coco Chanel က ပြောပါတယ်။ သင့်ကို လက်ရှိအသက်ထက် ကြီးတယ်လို့ ထင်ရစေတဲ့ fashion တွေ အများကြီးပါပဲ။
၁။ ဆံပင်အလွန်မည်းခြင်း သို့မဟုတ် အဝါရောင်တောက်လွန်းခြင်း=ဆံပင်ကလည်း ရုပ်ရည်ကို လွှမ်းမိုးမှုရှိပါတယ်။ ဆံပင်ကို နှစ်ရောင်စပ်ပြီးဆိုးတာအရောင်ဖျော့ဖျော့လေး ဆိုးတာက သင့်ကို ရှိရင်းစွဲ အသက်ထက် နုပျိုသွားစေမှာပါ။
၂။ အလွန်အမင်း ပြင်ဆင်ထားခြင်း=တစ်ခါတလေမှာ ဈေးကြီးပေးဝယ်ထားရတဲ့ အဝတ်အစားတွေ-အိတ်တွေ- ဖိနပ်တွေကို တစ်ပြိုင်နက်တည်း ဝတ်ဆင်တတ်ကြပါတယ်။ အဲဒီလို စုပြုံပြီး ဝတ်ဆင်ခြင်းက သင့်ကို အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။
၃။ အရောင်အလွန်တောက်သော သားရေဖိနပ်=အရောင်တောက်တောက် အသုံးအဆောင် ပစ္စည်းတွေဟာ အတိတ်က ခေတ်စားခဲ့တဲ့ fashionတွေ ဖြစ်သွားခဲ့ပါပြီ။ အရောင်မတောက်တဲ့ အသုံးအဆောင်အစ္စည်းတွေက ပိုပြီး smart ကျစေပါတယ်။
၄။ ဆံပင်ကို အလွန်အမင်း ပြင်ဆင်ထားခြင်း=သင်က ဆံပင်ကို တစ်ခေါင်းလုံးကောက်လိုက်ခြင်း အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ ခပ်ပြေပြေလေးနဲ့ သဘာဝဆန်နေတာက ပိုပြီး ကြည့်လှပါတယ်။
၅။ ဈေးပေါသည့် လက်ဝတ်ရတနာများ=ပလက်စတစ်နဲ့ ပြုလုပ်ထားတဲ့နားကပ်၊ လက်စွပ်၊ လည်ဆွဲ၊ လက်ကောက်၊ ရောင်စုံဖန်စီပစ္စည်းတွေက အမျိုးသမီးတိုင်းနဲ့ မလိုက်ဖက်ပါဘူး။