အမေရိကန်နိုင်ငံ ကော်လိုရာဒိုမှ မိခင်အသစ် “Arlene Marquez” ဟာ မကြာခင်ကဘဲ သားလေးတစ်ဦးကို မွေးဖွားလာခဲ့ပါတယ် ။ ကလေးများက ဗိုက်ဆာသောကြောင့် ညသန်းခေါင်တွင် အိပ်ယာထခြင်းက ပုံမှန်ဖြစ်ပါတယ် ။ တစ်နေ့မှာတော့ Arlene ဟာ ပုံမှန်အတိုင်း မနက် ၃ နာရီမှာ သူ့ကလေးကို အစာကျွေးဖို့ အိပ်ရာက နိုးလာပါတယ် ။ ဒါပေမယ့် ဒီတစ်ခါတော့ သူမ အရမ်းအိပ်ငိုက်သွားတာကြောင့် မှေးခနဲ အိပ်ပျော်သွားရာ သူမနိုးလာတဲ့အခါမှာ ထူးဆန်းတဲ့ မြင်ကွင်းကြောင့် သူမ တုန်လှုပ်သွားခဲ့ပါတယ် ။ ထိုအချိန်မှာ အိမ်မွေးကြောင်လေးက ကုတင်ပေါ်ရပ်နေပြီး သူမရဲ့ ကလေးကို အစာကျွေးရန်အတွက် နို့ဗူးကိုင်ထားနေတာကို တွေ့လိုက်ရပါတယ် ။
Arlene က အရမ်းသဘောကျသွားပါတယ် ။ ဒါကြောင့် ဓာတ်ပုံရိုက်ပြီး facebook ပေါ် တင်လိုက်တဲ့အခါမှာ ကလေးနို့ဗူးကိုင်ဆောင်ထားတဲ့ ကြောင်တစ်ကောင်ရဲ့ ဓါတ်ပုံဟာ ပျံ့နှံ့သွားခဲ့ပါတယ် ။ အင်တာနက်အသုံးပြုသူတွေကတော့ သူမဟာ အရမ်းကံကောင်းတယ်လို့ ပြောနေကြပါတယ် ။ ချစ်စရာကောင်းပြီး နွေးနွေးထွေးထွေးရှိတဲ့ ကြောင်တစ်ကောင်နဲ့ ၎င်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးကြောင်ဖြစ်ကြောင်း ချီးမွမ်းရန် အသင့်ရှိနေကြပါတယ် ။
JRose (KB Chimmy One)
Reference : khaosod
Zawgyi
အေမရိကန္ႏိုင္ငံ ေကာ္လိုရာဒိုမွ မိခင္အသစ္ “Arlene Marquez” ဟာ မၾကာခင္ကဘဲ သားေလးတစ္ဦးကို ေမြးဖြားလာခဲ့ပါတယ္ ။ ကေလးမ်ားက ဗိုက္ဆာေသာေၾကာင့္ ညသန္းေခါင္တြင္ အိပ္ယာထျခင္းက ပုံမွန္ျဖစ္ပါတယ္ ။ တစ္ေန႔မွာေတာ့ Arlene ဟာ ပုံမွန္အတိုင္း မနက္ ၃ နာရီမွာ သူ႔ကေလးကို အစာေကြၽးဖို႔ အိပ္ရာက ႏိုးလာပါတယ္ ။ ဒါေပမယ့္ ဒီတစ္ခါေတာ့ သူမ အရမ္းအိပ္ငိုက္သြားတာေၾကာင့္ ေမွးခနဲ အိပ္ေပ်ာ္သြားရာ သူမႏိုးလာတဲ့အခါမွာ ထူးဆန္းတဲ့ ျမင္ကြင္းေၾကာင့္ သူမ တုန္လႈပ္သြားခဲ့ပါတယ္ ။ ထိုအခ်ိန္မွာ အိမ္ေမြးေၾကာင္ေလးက ကုတင္ေပၚရပ္ေနၿပီး သူမရဲ႕ ကေလးကို အစာေကြၽးရန္အတြက္ ႏို႔ဗူးကိုင္ထားေနတာကို ေတြ႕လိုက္ရပါတယ္ ။
Arlene က အရမ္းသေဘာက်သြားပါတယ္ ။ ဒါေၾကာင့္ ဓာတ္ပုံ႐ိုက္ၿပီး facebook ေပၚ တင္လိုက္တဲ့အခါမွာ ကေလးႏို႔ဗူးကိုင္ေဆာင္ထားတဲ့ ေၾကာင္တစ္ေကာင္ရဲ႕ ဓါတ္ပုံဟာ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္ ။ အင္တာနက္အသုံးျပဳသူေတြကေတာ့ သူမဟာ အရမ္းကံေကာင္းတယ္လို႔ ေျပာေနၾကပါတယ္ ။ ခ်စ္စရာေကာင္းၿပီး ေႏြးေႏြးေထြးေထြးရွိတဲ့ ေၾကာင္တစ္ေကာင္နဲ႔ ၎က ကမာၻေပၚမွာ အေကာင္းဆုံးေၾကာင္ျဖစ္ေၾကာင္း ခ်ီးမြမ္းရန္ အသင့္ရွိေနၾကပါတယ္ ။
JRose (KB Chimmy One)