“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ အလွန်ထူးခြားလှတဲ့ လူ့ဘဝအကြောင်း”

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည်
လူဝတ်ကြောင် ဦးငြိမ်းမောင် ဘဝ၌
မိုးကောင်းဘုရားသို့ နေ့တိုင်းသွား၏။
အစားအတွက် ပဲဆံရေစိမ်များ ဆောင်ယူလာ၏။
အရင်က ထီး၊ ဖိနပ်ယူဆောင်သွားပေမဲ့
ကြာသော် ဖိနပ်တောင်မစီးတော့ပေ။
ယခင်က ထီး၊ ဖိနပ်များ အနားထား၍
အားထုတ်နေတုန်း ရှပ်ရှပ်အသံကြားသဖြင့်
သူတစ်ပါး ဖြတ်သွားဖြတ်လာကိုနားစွင့်ပြီး
ဖိနပ်များဆွဲသွားပြီလား၊ ထီးများ ယူသွားပြီလားဟု
စိတ်ကစားမိခဲ့၏။
ထို ရှပ်ရှပ်အသံသည်ကား လူလား၊
ရဟန်းလားမသိ။ ထိုဖြတ်သွားဖြတ်လာသူများကား သူတော်ကောင်းမှန်း၊ သူယုတ်မာမှန်းလဲမသိ၊
ထိုပြစ်မှားမှုကား မိမိကိုပင် ထိခိုက်ရချေတော့၏။
အခိုးမခံရပဲ အခိုးခံ နေ ရ ၏။
ပါမသွားပါပဲ နေ့စဉ် ပါနေခဲ့၏။
သံသယစိတ်တွေနှင့်သူတစ်ပါးတို့အား
ပြစ်မှားနေခြင်းသည် အကုသိုလ်ကြီးလွန်းလှပါ၏။
ယခုသော်ကား အနားမှာ
ရှုပ်ချင်သလောက်ရှုပ်
စိတ်မရှုပ်တော့ပြီ။
ဖြတ်ချင်သလောက်ဖြတ်
စိတ်ကားပြတ်နေချေပြီ။
ထီး၊ ဖိနပ်တို့၏ အရေးတင်
အေးရတာမဟုတ်၊ စိတ်လဲ အေးနေရပြီ။
ဖိနပ်ဆိုသော အစွဲတစ်ခု ပြုတ်သွားခြင်းက
ဤမျှအေးစေနိုင်ပါမူ
ရှိသမျှ အစွဲအကုန် ဖြုတ်ချလိုက်သော်….
ဤကား ဖိနပ်တစ်ရံ မဆက်ဆံမိရာမှ
ပေါ်ထွက်လာသော အတွေးစများတည်း။
“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏
ဖိနပ်စွန့်ခြင်း အကြောင်း´´ မှ
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
မေတ္တာများစွာဖြင့်



