Life Style

အိမ်လေးတစ်လုံးတော့ လိုချင်တယ်.

အိမ်လေးတစ်လုံးတော့ လိုချင်တယ်.ကျွန်တော့်ရဲ့အခန်းထောင့်တစ်နေရာလေးမှာ ကျွန်တော့်ညီလေး ရေးဆွဲထားတဲ့ ပုံလေးတစ်ပုံကို ကပ်ထားတယ်။ ပုံဆွဲစာရွက်လေးထဲ ရေဆေးအရောင် ၃,၄ ရောင်နဲ့ ရေးထားတဲ့ဒီပုံလေးထဲမှာတော့ သစ်ပင်ကြီးအောက်က အိမ်လေးတစ်အိမ်..အဝေးတစ်နေရာမှာတော့ တောင်တန်းလေးတွေရှိတယ်.. ညနေခင်းနေရောင်နဲ့အတူ ငှက်ကလေးတွေလည်းပျံသန်းနေကြတယ်.. အချိုးမကျ မသပ်မရပ်နဲ့ပေါ့။

အရင်က အမှုမဲ့အမှတ်မဲဖြစ်ခဲ့ပေမယ့် ခုတစ်ခေါက်ကြည့်လိုက်မိတော့ ဒီပုံက ရိုးရိုးလေးနဲ့ ကျွန်တော်စိတ်ကို နွေးထွေးစေသလိုလိုပါပဲ။ “အိမ်” ဒီပုံလေးထဲက အိမ်ဆိုတဲ့အငွေ့အသက်လေးက အခုကျွန်တော် ငတ်နေတဲ့အရာဖြစ်လိမ့်မယ်။ အနာဂတ်တွေလည်းပျောက်ဆုံး၊ မနက်တိုင်းမှာ ပျော်ရွှင်မှု ပျောက်ဆုံးနေတဲ့မျက်နှာ၊ ညအိပ်ယာဝင်တိုင်းမကျေမနပ်ဖြစ်ရတဲ့ ခံစားချက် ဒါတွေက နေ့စဉ်ဖြစ်နေတော့ လူရောစိတ်ပါ လဲပြိုမသွားအောင် တင်းခံထားရပါတယ်။ ဒါ့ကြောင့် နွေးထွေးလုံခြုံခြင်း၊ အေးချမ်းသာယာခြင်းအပြည့်.. လှပတဲ့အနာဂတ်တွေအပြည့်နဲ့ အိမ်လေးကို လိုချင်တာ အခုဖြစ်နေတဲ့ ရိုးရှင်းတဲ့ ဆန္ဒတစ်ခုပါပဲ။ ဒါကတော့ကျွန်တော့်ရဲ့ပြဿနာဆိုပေမယ့် စာဖတ်သူတွေမှာလည်း ကိုယ်စီတိုက်ပွဲတွေရှိနေကြမှာမို့ လောကခရီးသွားနေကြသူအချင်းချင်း အခုအချိန်မှာအားပေးလိုပါတယ်။

လက်မခံနိုင်စရာ အခြေအနေအကြောင်းအရာအမျိုးမျိုးကြောင့် အဆင်ပြေတဲ့ဘဝကနေ ဆုံးရှုံးရတာတွေ၊ ခွဲခွာရတာတွေ၊ သက်တောင့်သက်သာမဖြစ်စရာတွေ၊ အနာဂတ်တွေပျက်ဆီးသွားသလိုတွေ လူတိုင်းခံစားတွေ့ကြုံလာနိုင်တာ သဘာဝပါပဲ။ မမျှော်လင့်ပဲဖြစ်လာတာတွေက ကျွန်တော်တို့တားဆီးလို့မရနိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ငုံ့ခံဖို့လည်း မဟုတ်ဘူး ငြိမ်နေဖို့မဟုတ်ပြန်ဘူး.. တွန်းအား အဖြစ်အသုံးပြုပြီး ပိုကြိုးစားရမှာဖြစ်ပါတယ်။ ကျွန်တော့်အမေရဲ့ဆုံးမစကားလိုပဲ အခြေအနေတွေက ကိုယ့်ကိုယ်ဖန်တီးတာမျိုးမဟုတ်ပဲ ကိုယ်က အခြေအနေတွေကို ဖန်တီးရမှာတဲ့လေ..။

နောက်တစ်ချက်က အဆင်ပြေသာယာမှုတွေကိုသာ လိုချင်ရင်တော့လုံလောက်တဲ့ အားစိုက်ကြိုးစားမှုကို မပျက်ကွက်ဖို့လိုပါတယ်။ ရှိသမျှခွန်အားနဲ့ စိုက်ထုတ်ကြိုးစားခြင်းမရှိပဲ ကိုယ့်အပေါ်စိန်ခေါ်နေတဲ့ အခက်အခဲပြသနာ မှန်သမျှကို ငြိမ်ခံပြီးလက်မြောက်အရှုံးပေးမိလိုက်ရင် ကိုယ်ဖန်တီးတဲ့အနာဂတ်ထက် သူများပေးမှရမယ့်အနာဂတ်တွေနဲ့သာရှေ့ဆက်ရမှာဖြစ်ပါတယ်။ ကိုယ်လိုရာခရီးရောက်နိုင်ဖို့ဆိုတာ တစ်ခေါက်လောက်တော့ ရဲရင့်မှ သတ္တိရှိမှ ဇွဲကောင်းမှ အကြောက်တရား၊ စိုးရိမ်မှု စတဲ့အတားအဆီးတွေကနေ ရုန်းထွက်နိုင်မှ။ လွယ်လွယ်နဲ့ရရင် အောငျမွငျမှုတှအေဓိပ်ပါယျမရှိဘူးတဲ့လေ..။

နောက်ဆုံးတော့ ကျွန်တော်တို့ ရဲ့ စိတ်တွေဘယ်လိုရှိခဲ့လဲ ဘယ်လိုလုပ်ဆောင်ခဲ့လဲ ဆိုတဲ့အပေါ်မှာမူတည်ပြီးပဲ အဆုံးသတ်အဖြေမှာ တစ်ယောက်နဲ့တစ်ယောက်ကွာခြားသွားရပါတယ်။ ခုတစ်လော ကျွန်တော်ကြုံနေရတဲ့ပြဿနာအပေါ်မေးမိတဲ့မေးခွန်းနှစ်ခုက အောင်စိတ်ရှိရဲ့လား.. လိပ်ပြာလုံရဲ့လား ဆိုတာပါပဲ။ အောင်စိတ်ရှိရင်.. မှန်ကန်တဲ့လုပ်ရပ်တွေကို ကျွန်တော်မပျက်ကွက်ဘူးဆိုရင်.. ဖျက်စီးခံလိုက်ရတဲ့ နွေးထွေးလုံခြုံတဲ့အိမ်လေးရယ်..လှပတဲ့အနာဂတ်တွေရယ် အားလုံးပြန်ရမယ်လို့ယုံကြည်ပါတယ်။

ကဲစာဖတ်သူတို့ရော ကိုယ့်ပြဿနာအပေါ် ထားတဲ့စိတ်တွေမှန်ပြီလား.. လုပ်ရပ်တွေရောမှန်နေရဲ့လားဗျ။ ကျွန်တော်ကတော့ အောင်စိတ်ရှိတယ် မှန်ကန်တဲ့လုပ်ရပ်တွေနဲ့လိပ်ပြာလုံပါတယ်..ဘာကြောင့်လဲဆို ကျွန်တော် အိမ်လေးတစ်လုံးလိုချင်တယ်လေ..#Home #Safe #Mindset #Action #LivetheDream