က်မၼာေရး ဗဟုသုတ

ဇက္ေၾကာတက္ျခင္းကို သက္သာေစမယ့္ အိမ္တြင္းနည္းလမ္းမ်ား/

စစ်တမ်းများအရ လူတွေရဲ့၁၀ရာခိုင်နှုန်းမှာ ဇက်ကြောတက်ခြင်းဖြစ်ပေါ်နေတတ်ပြီး ၆၅ရာခိုင်နှုန်းကျော်လောက်က ဘဝမှာတစ်ခါတော့ခံစားဖူးကြတယ်လို့ဆိုပါတယ်။

ဇက်ကြောတက်ခြင်းဖြစ်စေသော အခြေခံအကြောင်းရင်းတွေကတော့ လေ့ကျင့်ခန်းအလုပ်များခြင်း၊အိပ်စက်ပုံ ထိုင်ပုံ မမှန်ခြင်း၊ပုံစံတစ်ခုတည်းတွင်အထိုင်များခြင်း၊စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်ပါတယ်။

ဇက်ကြောတက်ခြင်းကိုသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများကတော့

(၁)ရေခဲကပ်ခြင်း(လတ်တလောနာကျင်ခြင်းအတွက်)

ရေခဲအိတ်ကို ဇက်ကြောပေါ်တွင် ၂၅မိနစ်ခန့်ကပ်ပေးပါ။လောလောလတ်လတ်နာကျင်ခြင်းကိုသက်သာစေတဲ့အပြင် သွေးကြောတွေကိုကျဉ်းစေတဲ့အတွက် အယောင်ကျစေပါတယ်။ဒါပေမယ့် ရေခဲကို တိုက်ရိုက်မကပ်ပဲ အိတ်တစ်ခုထဲထည့်ပြိးမှ ကပ်ဖို့မမေ့ပါနဲ့။

(၂)အပူကပ်ပါ (နာတာရှည်နာကျင်ခြင်းအတွက်)

ဆန် သို့ ဂျုံကို အိတ်အသေးထဲတွင်ထည့်ပြီးအပူပေးပါ။ရေနွေးအိတ်ကိုလဲသုံးနိုင်ပါတယ်။ထိုအိတ်ကိုဇက်ပေါ်သို့ ၁၅မိနစ်ကပ်ပေးပါ။

မနက်အိပ်ရာထနဲ့ လေ့ကျင့်ခန်းမပြုလုပ်ခင်ကပ်ပေးပါက ပိုထိရောက်ပါတယ်။ရေနွေးနဲ့ရေချိူးခြင်းကိုလဲ ပြုလုပ်နိုင်ပါတယ်။ရေချိူးတဲ့အခါ ဆားခါးထည့်ချိူးပါ။ဆားခါးတွင်ပါသော မက်နီဆီယမ်က ကြွက်သားတွေကို ပြေလျော့စေပါတယ်။

(၃)ဗီတာမင် ဘီ၁၂ပါသောအစာများစားပါ

သင့်အာရုံကြောတွေကို ကာကွယ်ထားသော အလွှာကိုအားကောင်းစေပြီး နာကျင်ခြင်းကိုသက်သာစေပါတယ်

(၄)နနွင်းစားပါ

ဟင်းထဲ နနွင်းထည့်ချက်ခြင်း၊ ရေနွေးထဲနနွင်းနဲ့ပျားရည်ခပ်သောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

(၅)လည်ပင်းလေ့ကျင့်ခန်း

ဇက်ကြောနာကျင်ခြင်းကိုသက်သာစေတဲ့အပြင် လည်ပင်းကြွက်သားများကိုသန်မာစေပါတယ်

လည်ပင်းကိုစက်ဝိုင်းပုံလှည့်ပါ။၃ကြိမ်ပြုလုပ်ပါ။

လည်ပင်းကို ဘယ်ဘက်သို့တတ်န်ုင်သမျှလှည့်ပါ။ထို့နောက်ညာဘက်ကိုလှည့်ပါ။၃ကြိမ်စီပြုလုပ်ပါ

လည်ပင်းကို အပေါ် အောက် ၃ကြိမ်စီ လှည့်ပါ။

Dr Jue (XYZ News)

Zawgyi

စစ္တမ္းမ်ားအရ လူေတြရဲ႕၁၀ရာခိုင္ႏႈန္းမွာ ဇက္ေၾကာတက္ျခင္းျဖစ္ေပၚေနတတ္ၿပီး ၆၅ရာခိုင္ႏႈန္းေက်ာ္ေလာက္က ဘဝမွာတစ္ခါေတာ့ခံစားဖူးၾကတယ္လို႔ဆိုပါတယ္။

ဇက္ေၾကာတက္ျခင္းျဖစ္ေစေသာ အေျခခံအေၾကာင္းရင္းေတြကေတာ့ ေလ့က်င့္ခန္းအလုပ္မ်ားျခင္း၊အိပ္စက္ပုံ ထိုင္ပုံ မမွန္ျခင္း၊ပုံစံတစ္ခုတည္းတြင္အထိုင္မ်ားျခင္း၊စိတ္ဖိစီးမႈမ်ားျခင္းတို႔ ျဖစ္ပါတယ္။

ဇက္ေၾကာတက္ျခင္းကိုသက္သာေစမယ့္ အိမ္တြင္းနည္းလမ္းမ်ားကေတာ့ –

(၁)ေရခဲကပ္ျခင္း(လတ္တေလာနာက်င္ျခင္းအတြက္)

ေရခဲအိတ္ကို ဇက္ေၾကာေပၚတြင္ ၂၅မိနစ္ခန႔္ကပ္ေပးပါ။ေလာေလာလတ္လတ္နာက်င္ျခင္းကိုသက္သာေစတဲ့အျပင္ ေသြးေၾကာေတြကိုက်ဥ္းေစတဲ့အတြက္ အေယာင္က်ေစပါတယ္။ဒါေပမယ့္ ေရခဲကို တိုက္႐ိုက္မကပ္ပဲ အိတ္တစ္ခုထဲထည့္ၿပိးမွ ကပ္ဖို႔မေမ့ပါနဲ႔။

(၂)အပူကပ္ပါ (နာတာရွည္နာက်င္ျခင္းအတြက္)

ဆန္ သို႔ ဂ်ဳံကို အိတ္အေသးထဲတြင္ထည့္ၿပီးအပူေပးပါ။ေရေႏြးအိတ္ကိုလဲသုံးႏိုင္ပါတယ္။ထိုအိတ္ကိုဇက္ေပၚသို႔ ၁၅မိနစ္ကပ္ေပးပါ။

မနက္အိပ္ရာထနဲ႔ ေလ့က်င့္ခန္းမျပဳလုပ္ခင္ကပ္ေပးပါက ပိုထိေရာက္ပါတယ္။ေရေႏြးနဲ႔ေရခ်ိဴးျခင္းကိုလဲ ျပဳလုပ္ႏိုင္ပါတယ္။ေရခ်ိဴးတဲ့အခါ ဆားခါးထည့္ခ်ိဴးပါ။ဆားခါးတြင္ပါေသာ မက္နီဆီယမ္က ႂကြက္သားေတြကို ေျပေလ်ာ့ေစပါတယ္။

(၃)ဗီတာမင္ ဘီ၁၂ပါေသာအစာမ်ားစားပါ

သင့္အာ႐ုံေၾကာေတြကို ကာကြယ္ထားေသာ အလႊာကိုအားေကာင္းေစၿပီး နာက်င္ျခင္းကိုသက္သာေစပါတယ္

(၄)နႏြင္းစားပါ

ဟင္းထဲ နႏြင္းထည့္ခ်က္ျခင္း၊ ေရေႏြးထဲနႏြင္းနဲ႔ပ်ားရည္ခပ္ေသာက္ျခင္းတို႔ ျပဳလုပ္ႏိုင္ပါတယ္။

(၅)လည္ပင္းေလ့က်င့္ခန္း

ဇက္ေၾကာနာက်င္ျခင္းကိုသက္သာေစတဲ့အျပင္ လည္ပင္းႂကြက္သားမ်ားကိုသန္မာေစပါတယ္

လည္ပင္းကိုစက္ဝိုင္းပုံလွည့္ပါ။၃ႀကိမ္ျပဳလုပ္ပါ။

လည္ပင္းကို ဘယ္ဘက္သို႔တတ္ႏ္ုင္သမွ်လွည့္ပါ။ထို႔ေနာက္ညာဘက္ကိုလွည့္ပါ။၃ႀကိမ္စီျပဳလုပ္ပါ

လည္ပင္းကို အေပၚ ေအာက္ ၃ႀကိမ္စီ လွည့္ပါ။

Dr Jue (XYZ News)