ၾကားသိရသမွ်

ငယ်စဉ်ကလေးဘဝမှာ လှောင်ပြောင်ခံခဲ့ရပေမဲ့လည်း ယနေ့မှာ အောင်မြင်ကျော်ကြားတဲ့မော်ဒယ်တစ်ဦးဖြစ်လာတဲ့ ခြေတံအရှည်ဆုံးအမျိုးသမီး (ရုပ်သံ)

အသက် 20 အရွယ် Chase Kennedy အမည်ရှိအမျိုးသမီးဟာ အရပ် 6’5” ရှိပြီး အမေရိကန်ရှိ အရပ်ရှည်တဲ့အမျိုးသမီးများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ခြေတံအရှည်က 51 လက်မ ရှိတဲ့ Kennedy ဟာ အမြဲတမ်း အရပ်အရှည်ဆုံးမိန်းကလေးဖြစ်ပြီး ယောက်ျားလေးအများစုထက်ပင် အရပ်ရှည်နေခဲ့တာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ကလေးဘဝကိုဖြတ်သန်းခဲ့ရတဲ့အချိန်များစွာရှိခဲ့ပါတယ်။ ငယ်စဉ်က အခြားကလေးများက “ သစ်ကုလားအုတ်”၊ “သစ်ပင်ရဲ့ အကိုင်းအခက်များ ” စတဲ့နာမည်ပြောင်များဖြင့် သူမကိုလှောင်ပြောင်လေ့ရှိခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ သူမက ခြေတံတိုတွေရဖို့လည်း အမြဲအိပ်မက်မက်ခဲ့ရပါတယ်။

.

ဒါပေမယ့်လည်း သူမမှာ အားကစားထူးချွန်တဲ့ဘာသာရပ်တစ်ခုရှိပြီး ဘော်လီဘောနှင့်ဘတ်စကတ်ဘောကဲ့သို့သောကစားနည်းများမှာ Kennedy က သူမရဲ့အရပ်ကကောင်းချီးတစ်ခုဖြစ်နေကြောင်း မကြာမီမှာဘဲသဘောပေါက်ခဲ့ရကြောင်းဆိုခဲ့ပါတယ်။

.

ဘယ်အသင်းမှာပဲဖြစ်ဖြစ် သူမဟာ ပြိုင်ပွဲဝင်များရဲ့အရပ်အရှည်ဆုံး မိန်းကလေးထဲကတစ်ယောက်ဖြစ်ခဲ့ပြီး​ ၎င်းက သူမအတွက်​ အကျိုးရှိ​အောင်​ အပြည့်​အဝအသုံးတည့်တဲ့အရာတစ်ခုဖြစ်နေခဲ့ပါတယ်။ Kennedy ဟာ သူမ အရွယ်ရောက်လာတဲ့အခါမှာလည်း သူမအရပ်အမောင်းကြောင့် date ရတာလည်းအဆင်မပြေနေခဲ့ပါဘူး။

.

နောက်တော့ သူမဟာ မော်ဒယ်တစ်ဦးအဖြစ် မော်ဒယ်လုပ်ငန်းမှာဝင်ရောက်ခဲ့ပေမဲ့ အစပိုင်းတော့ သူမဟာ ပြဿနာများစွာနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ အေဂျင်စီအများစုက သူမရဲ့အရပ်အမောင်းကြောင့် သူမအား ငြင်းပယ်ခဲ့တဲ့အပြင် သူမရဲ့အေဂျင်စီကလည်း သူမကို အချိန်ကြာလာတာနဲ့အမျှ သူမအား ‘ မင်းနဲ့ ငါတို့ဘာလုပ်ရမှန်းမသိတော့ဘူး’ လို့ သူမအားပြောကြားလာခဲ့ပါတယ်။

.

နောက်တော့ Kennedy ဟာ New York နှင့် Europe မှာ သူမရဲ့မော်ဒယ်အလုပ်ကိုကြိုစားအလုပ်လျှောက်ကံစမ်းခဲ့တာကြောင့် Kennedy ဟာ နောက်ပိုင်းမှာ သူမရဲ့ 51 လက်မရှည်တဲ့ခြေထောက်များကြောင့် သဘောကျတဲ့အေဂျင်စီများစွာရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပြီး အခုချိန်လို အောင်မြင်နေတဲ့မော်ဒယ်တစ်ဦးအဖြစ်တည်ရှိလာခဲ့ပါတယ်။

.

Kennedy ဟာ တစ်ချိန်က သူမ ကျောင်းတက်စဉ်တုန်းက တွေးခဲ့တဲ့အတွေးများနဲ့မတူဘဲ ယခုအချိန်မှာတော့ “ ငါ အရပ်မြင့်မှ ဖြစ်မယ် ၊ ငါ အရပ်မြင့်နေတာကိုဝမ်းသာတယ် ” လို့သာ တွေးတောတတ်လာပါတော့တယ်။

.

Kennedy ဟာ အမေရိကမှာ အရှည်ဆုံးခြေထောက်များဖြင့် ရှားပါးတဲ့လူသားနမူနာတစ်ဦးဖြစ်ပြီး သူမရဲ့ခြေထောက်များကြောင့် ခက်ခဲကြမ်းတမ်းတဲ့ငယ်စဉ်ကလေးဘဝရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူမရဲ့ကျော်ကြားမှုဆီသို့ရောက်သွားခဲ့ရတာက သူမရဲ့ခြေထောက်များကြောင့်ဆိုတာကိုသိလိုက်ရလို့ သူမအတွက် ဝမ်းသာမိပါတယ်ဗျာ။

Mia (KB Chimmy One)

Reference : goodtimes