ပြည်သူတွေကို ကာကွယ်မယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ တောထဲဝင်ပြီး အပြင်းအထန်လေ့ကျင့်နေကြတဲ့ လူငယ်လေးတွေကတော့ အားသွန်ခွန်စိုက် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။
လူငယ်တွေကတော့ ရဲစွမ်းသတ္တိအပြည့်ရှိကြလို့ ဘယ်လိုဒုက္ခမျိုးကိုမဆို စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။မိသားစုနဲ့အတူ နွေးနွေးထွေးထွေး နေထိုင်နေရမယ့် အခုလိုအချိန်မှာ အများအကျိုးအတွက် တောတောင်ထဲမှာ ဖြစ်သလိုနေထိုင်နေရတာဖြစ်ပါတယ်။
လူငယ်တွေကတော့ တိုက်ပွဲအတွက် အပြင်းအထန်လေ့ကျင့်ကြသလို ခဏနားတဲ့အချိန်မှာလည်း ပျော်စရာလေးတွေဖန်တီးကြတာဖြစ်ပါတယ်။
လူငယ်လေးတွေကလည်း သူတို့မှာ ပျော်စရာဆိုတာ မရှိသလောက်ရှားတာကြောင့် ပျော်နေတဲ့ပုံပေါက်နေရင် ခွင့်လွှတ်ပေးဖို့လည်း တောင်းဆိုထားတာဖြစ်ပါတယ်။သေနတ်ကြီးတွေကိုင်ပြီး ခန္ဓာကိုယ်နွဲ့နွဲ့နှောင်းနှောင်းနဲ့ ကနေကြတဲ့ လူငယ်တွေရဲ့ ချစ်စရာဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။