ဒီဇင်ဘာ၁ရက်မှစပီး မန္တလေးမြို့တွင် ကျပ်၅ဝဝတန် ထမင်းဆိုင် ထမင်းဆိုင် ဖွင့်ပါပြီ
မန္တလေးမှာလည်း ကျပ် ၅၀၀ တန် ထမင်းဆိုင် ဖွင့်ပါပြီ (ပြည်သူတွေ ဝဝစားရဖို့ စေတနာဇောတိကတို့ လာပြီ)မန္တလေးမြို့တွင် ကျပ်၅ဝဝတန် တန်ဖိုးနည်းထမင်းဆိုင်ကို ဒီဇင်ဘာ၁ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။
“နေ့စဉ် ကုသိုလ်တွေနဲ့အတူ မျှဝေရင်း အဆိုးဆုံးအချိန်တွေကိုဖြတ်သန်းမယ်။ ပိုက်ဆံမချမ်းသာပါဘူး။ စေတနာ ချမ်းသာတယ်။ စေတနာအကျိုးကြောင့် မဆုတ်ယုတ်ဘူးဆိုတာကို ယုံကြည်တယ်”ဟု ထမင်းဆိုင်အတွက် စီစဉ်နေသူက လူမှုကွန်ရက်ပေါ်သို့ ရေးတင်ထားပါတယ်။
ဝက်သား၊ ကြက်သား၊ ငါးတို့အနက် ကြိုက်ရာတမျိုး၊ ငံပြာရည် ၊ ငပိရည် အတို့အမြုပ်၊ အသီးအရွက်ကြော်၊ ချဉ်ရည်ဟင်း တို့ပါဝင်မှာ ဖြစ်ပါတယ်။
ရောင်းချချိန်မှာ နံနက် ၁၁နာရီမှ နေ့လယ် ၂နာရီ အတွင်းဖြစ်ပြီး ဆိုင်စားစနစ်၊ ပါဆယ်စနစ်တို့ဖြင့် လာရောက်သုံးဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ဆိုင်လိပ်စာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မိဘမေတ္တာ မြန်မာထမင်းနှင့် အကင်ဆိုင်၊ လမ်း၉ဝနှင့် လမ်း၃ဝထောင့်၊ ကျောက်ဆစ်မီးသတ်မြောက်ဖက်ဖြစ်ပါတယ်။
zawgyi
ဒီဇင္ဘာ၁ရက္မွစပီး မႏၲေလးၿမိဳ႕တြင္ က်ပ္၅ဝဝတန္ ထမင္းဆိုင္ ထမင္းဆိုင္ ဖြင့္ပါၿပီ
မႏၲေလးမွာလည္း က်ပ္ ၅၀၀ တန္ ထမင္းဆိုင္ ဖြင့္ပါၿပီ (ျပည္သူေတြ ဝဝစားရဖို႔ ေစတနာေဇာတိကတို႔ လာၿပီ)မႏၲေလးၿမိဳ႕တြင္ က်ပ္၅ဝဝတန္ တန္ဖိုးနည္းထမင္းဆိုင္ကို ဒီဇင္ဘာ၁ရက္မွ စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရပါတယ္။
“ေန႔စဥ္ ကုသိုလ္ေတြနဲ႔အတူ မွ်ေဝရင္း အဆိုးဆုံးအခ်ိန္ေတြကိုျဖတ္သန္းမယ္။ ပိုက္ဆံမခ်မ္းသာပါဘူး။ ေစတနာ ခ်မ္းသာတယ္။ ေစတနာအက်ိဳးေၾကာင့္ မဆုတ္ယုတ္ဘူးဆိုတာကို ယုံၾကည္တယ္”ဟု ထမင္းဆိုင္အတြက္ စီစဥ္ေနသူက လူမႈကြန္ရက္ေပၚသို႔ ေရးတင္ထားပါတယ္။
ဝက္သား၊ ၾကက္သား၊ ငါးတို႔အနက္ ႀကိဳက္ရာတမ်ိဳး၊ ငံျပာရည္ ၊ ငပိရည္ အတို႔အျမဳပ္၊ အသီးအ႐ြက္ေၾကာ္၊ ခ်ဥ္ရည္ဟင္း တို႔ပါဝင္မွာ ျဖစ္ပါတယ္။
ေရာင္းခ်ခ်ိန္မွာ နံနက္ ၁၁နာရီမွ ေန႔လယ္ ၂နာရီ အတြင္းျဖစ္ၿပီး ဆိုင္စားစနစ္၊ ပါဆယ္စနစ္တို႔ျဖင့္ လာေရာက္သုံးေဆာင္ႏိုင္တယ္လို႔ ဆိုပါတယ္။
ဆိုင္လိပ္စာ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ မိဘေမတၱာ ျမန္မာထမင္းႏွင့္ အကင္ဆိုင္၊ လမ္း၉ဝႏွင့္ လမ္း၃ဝေထာင့္၊ ေက်ာက္ဆစ္မီးသတ္ေျမာက္ဖက္ျဖစ္ပါတယ္။



