က်မၼာေရး ဗဟုသုတ
ချောင်း တအားဆိုးလွန်းပြီဆိုလျှင်
ချောင်း တအားဆိုးလွန်းပြီဆိုလျှင်
ချောင်းဆိုး သွေးပါတိုင်း တီဘီ ရောဂါ မဟုတ်ပါ။
ကိုယ်တွေ့ဖြစ်ရပ်နှင့်ဆေနည်း ချောင်းဆိုးလို့ သွေးပါတိုင်း တီဘီရောဂါပါလို့ တစ်ချို့လူတွေက စွဲထင်နေကြတုန်းပါ ။ ။
ချောင်းဆိုးလို့ သလိပ်ထဲ သွေးပါလာပြီဆိုရင် မကြောက်ပါနဲ့တီဘီရောဂါဖြစ်ချင်မှဖြစ်မှာပါ။တီဘီရောဂါဆိုလဲ ဆေးတွေရှိနေပါပြီ ဆေးပုံမှန်သောက်ရင်ပျောက်ပါတယ်။
ချောင်းဆိုးသွေးပါခဲ့သော်
လုပ်ရိုးလုပ်စဉ်အတိုင်း သလိပ်စစ်၊သွေးစစ်၊ဆီးစစ်၊ဓာတ်မှန်ရိုက် သာမန် ရိုးရိုးဆေးပေးခန်းတွေမှာသွားပြရင် ဓာတ်မှန်ကြည့်ပြီး တီဘီဆေးကျွေးမှာပါ။
ဘာလို့ဆို အဆုတ်မှာ spot တွေ့တယ်ဆိုပြီးကျွေးမှာပါလူတိုင်းရဲ့ အဆုတ်မှာ spot လေးတေရှိပါတယ်။
ပိုးမရှိဘူး ဓာတ်မှန်တစ်ခုပဲကြည့်ပြီး ဆေးကျွေးလာခဲ့ရင်တော့ မစားလိုက်ပါနဲ့ ပိုးမရှိပဲ ကျွေးလာခဲ့ရင် လုံးဝ လုံးဝ မစားပါနဲ့ပိုပြီးတက်ကျွမ်းတဲ့ သမားတော်တို့ အထူးကုတို့နဲ့ပြပါ။ချောင်းဆိုးသွေးပါရခြင်းအကြောင်းရင်းကတော့အမျိုးမျိုးရှိပါတယ် ။
တချို့တွေက မွေးရာပါ သွေးကြောပေါက်တက်သူတေပေါ့(အလေးပင်မလို့မရဘူး၊ အားကစားပြင်းပြင်းထန်ထန်တွေလုပ်လို့မရပါဘူး။)
တချို့က အပူများရင်လဲအဆုတ်ထဲက သွေးကြောသေးသေးလေးတွေ ပေါက်ပြီးလဲ ဖြစ်တက်တယ်
တချို့က အဆုတ်မှာအနာရှိတာ မသိဘူး ပြင်ပလေကိုရှူရင်းကနေ ပြင်ပလေကနေ အမှုန်အမွှားလေးတေ က အသက်ရှူလမ်းကြောင်းကနေ အဆုတ်ထဲက အနာထဲဝင်ပြီး လဲ သွေးထွက်တက်ပါတယ်
တချို့က မှိုပိုးလို့ခေါ်တဲ့ အဆုတ်ထဲကအနာမှာမှိုပေါက်တဲ့ရောဂါပေါ့ ။
သူလဲ အဆုတ်ကအနာထဲ ဥပမာကား အဲကွန်း(လေအေးပေးစက်)တွေမှာ မှိုလေးတေရှိတယ် မျက်စိနဲ့မမြင်ရဘူးပေါ့ သူတို့တေက လေကနေတဆင့် အသက်ရှူလမ်းကြောင်းထဲရောက်ပြီး အဆုတ်ထဲကအနာထဲ ၀င်ပြီးမှိုတေပေါက်ပွားပြီတော့းလဲ ချောင်းဆိုးရင် သွေးထွက်တက်ပါတယ် ။
ချောင်းဆိုးတာကလဲ သွေးထွက်နေလို့ဆိုးတာပါ(အဆုတ်က သူ့ထဲမလိုအပ်တဲ့ အရာတွေကို နှာချေ၊ချောင်းဆိုးခြင်းနဲ့ ဖယ်ထုတ်လိုက်တာပါ)
ဆေးနည်းကတော့
ချောင်းဆိုးသွေးပါလို့ တီဘီစစ်လို့ပိုးမရှိဘူး သာမန် သွေးကြောပေါက်လို့ဆိုးတာပဲဆိုရင်အနောက်တိုင်းဆေးခန်းတွေမှာပြရင် သွေးတိတ်ဆေးတွေ အနာကျက်ဆေးတွေ၊ ချောင်းဆိုးပျောက်ဆေး၊အားဆေး ဒါတေပဲပေးမှာပါ ။
သွေးတိတ်ဆေးက သွေးထွက်တိုင်းသောက်နေရမှာပါ။အခုပေးမဲ့ဆေးနည်းက တိုင်းရင်းဆေးနည်း လေးဖြစ်ပြီးတော့ ပိုက်ဆံလဲမကုန်ပါဘူး မီးဖိုချောင်သုံးပစ္စည်း ၂မျိုးပဲ သုံးရမှာပါ ။အဲ့ပစ္စည်း၂ခုက ကြက်ဥ နဲ့ နနွင်းမှုန့် ပဲဖြစ်ပါတယ်။
ကြက်ဥအစိမ်းကို အလယ်ကအနှစ်ကိုထုတ်ပြီးနနွင်းမှုန့် လက်ဖက်စားဇွန်းနဲ့ တစ်ဇွန်း ထည့် ခလောက်ပြီးတော့ မနက်စောစော အိပ်ယာနိုး မျက်နှာမသစ်ခင်၊ဘာမှမစားရသေးခင် သောက်ပါ ။
တစ်နေ့ကို တစ်လုံးကျသောက်ပါ ရက်၂၀ သောက်ပါ ၃ရက်အတွင်း ဆေးစွမ်းပြသည် ။ ရှောင်ရမှာကတော့အအေးခံလို့မရဘူး၊အလေးပင်မလို့မရဘူး၊ပင်းပန်းတာတွေလုပ်လို့မရဘူး၊အညှော်ခံလို့မရဘူး(မီးခိုးမှန်သမျှ)အုန်းနို့တို့ လက်လုပ်ချဉ်တို့ စတာတွေကိုရှောင်ရမယ်
အပူအစပ်၊ဆီကြော်တေ စတာတေရှောင်ရမယ်။မနက်တိုင်းလမ်းလျှောက် အသက်ရှူလေ့ကျင့်ခန်း လေးပုံမှန်လုပ်ပေး ၊တရားမှတ်ပေး၊အဓိက က အဆုတ်ငို လေ့ကျင့်ခန်းပေးလုပ်ပြီး ကိုယ်ခံအားစနစ်နဲ့ ရောဂါကိုတိုက်ထုတ်တာပေါ့
ဒါကတော့ကျွန်တော့ကိုယ်တွေ့ဖြစ်ရပ်လေးပါ။လိုအပ်သည်များရှိလျှင်လဲ ထောက်ပြပေးပါလို့ပြောကြားရင်း….အားလုံး ဆရာကောင်းသမားကောင်းနဲ့တွေ့ပြီးကျန်းမာကြပါစေဗျာ.
ဆေးနည်းပေးခဲ့သော ဆရာလေးအား အထူးပင်ကျေးဇူးတင်လျက်.
စေတနာဖြင့်K.N.D.O
Kyaw Nanda Oo
ဆေးနည်းကတော့
စေတနာဖြင့်K.N.D.O
Kyaw Nanda Oo