ၾကားသိရသမွ်

ပညာရေးဌာနက အလုပ်ပြုတ် သွားရတဲ့ ကျောင်းဆရာမလေး နှင့် မဟာပညာကျော်များ

အလုပ္ျပဳတ္ သြားရတဲ့ ေက်ာင္းဆရာမေလး ႏွင့္ ပညာေရးဌာနက မဟာပညာေက်ာ္မ်ား

ႀကိဳတင္အေၾကာင္းၾကားထားျခင္း မရွိပဲ စာသင္ေက်ာင္းတေက်ာင္းသို႔ စစ္ေဆးေရးဆရာ ဆရာမမ်ား ေရာက္ရွိလာၾကသည္ စာသင္ခန္းသို႔ဝင္ဝင္ခ်င္း စစ္ေဆးေရးဆရာမျဖစ္သူမွ ေရွ႕ဆုံးတန္းမွေကာင္ေလးကို စ ေမးလိုက္သည္။ “ကေနာင္မင္းသားကို ဘယ္သူလုပ္ႀကံတာလဲ” ေက်ာင္းသားျဖစ္သူက

က်ေနာ္ လုပ္ႀကံတာ မဟုတ္ပါဘူးဆရာမ၊ ဆရာမေဒါသထြက္သြားသည္။ “ကေနာင္မင္းသားကို ဘယ္သူလုပ္ႀကံတာလဲ”ဟု ခပ္က်ယ္က်ယ္ေလး တတန္းလုံးကို ေအာ္ေမးလိုက္သည္။ တတန္းလုံးကကေလးမ်ားက တညီတညာထဲပင္ က်ေနာ္တို႔ မဟုတ္ပါဘူးဆရာမတဲ့။ ေနာက္က ေက်ာင္းအုပ္ဆရာႀကီးမွာ မ်က္စိမ်က္ႏွာပ်က္ႏွင့္

ဝင္ေျပာလိုက္သည္ ။ “ဟုတ္ပါတယ္ဆရာမရယ္ ဒီကေလးေတြ ႐ိုးသားပါတယ္၊ သူတို႔ မလုပ္ေလာက္ပါဘူး” စစ္ေဆးေရးဆရာမမွာ ေက်ာင္းအုပ္ႀကီး အေျပာေၾကာင့္ ပိုေဒါသထြက္သြားကာ ခ်က္ခ်င္းပင္အခန္းထဲမွ လွည့္ထြက္၍ တိုင္စာေရးၿပီး

ၿမိဳ႕နယ္ပညာေရးမႉးသို႔ ပို႔လိုက္သည္။ သုံးရက္ေလာက္ ၾကာေသာအခါ ပညာေရးမႉးထံမွ စာက်လာသည္မွာ ကေနာင္မင္းသားေသသြားသည္မွာ ၾကာၿပီ ျဖစ္သျဖင့္ စုံစမ္းပါနဲ႔တဲ့။ ဆရာမ ေတာက္ေခါက္ကာ ဘယ္လိုပညာေရးမႉးလဲဆိုကာ မေက်နပ္၍ ပညာေရးဝန္ႀကီးထံ တိုင္စာထပ္ပို႔ေလသည္။ ေလးရက္ေလာက္ၾကာေသာ ဆရာမကို

ရာထူးကရပ္နားေသာစာေရာက္လာသည္။ ဆရာမွာအူေၾကာင္ေၾကာင္ျဖစ္ၿပီး ပညာေရးမႉးကို အက်ိဳးအေၾကာင္း လွမ္းေမးလိုက္သည္။ ပညာေရးမႉးက “အထက္က စာေရာက္လာတယ္ဆရာမ၊ ဆရာမအလုပ္ ဆရာမ မလုပ္ဘဲ ေထာက္လွမ္းေရး လုပ္ေနလို႔ ရာထူးကရပ္ဆိုင္းတာပါ” တဲ့ ငင့္… ေအာ္….

crd-

ယူနီကုတ္

အလုပ်ပြုတ် သွားရတဲ့ ကျောင်းဆရာမလေး နှင့် ပညာရေးဌာနက မဟာပညာကျော်များ

ကြိုတင်အကြောင်းကြားထားခြင်း မရှိပဲ စာသင်ကျောင်းတကျောင်းသို့ စစ်ဆေးရေးဆရာ ဆရာမများ ရောက်ရှိလာကြသည် စာသင်ခန်းသို့ဝင်ဝင်ချင်း စစ်ဆေးရေးဆရာမဖြစ်သူမှ ရှေ့ဆုံးတန်းမှကောင်လေးကို စ မေးလိုက်သည်။ “ကနောင်မင်းသားကို ဘယ်သူလုပ်ကြံတာလဲ” ကျောင်းသားဖြစ်သူက

ကျနော် လုပ်ကြံတာ မဟုတ်ပါဘူးဆရာမ၊ ဆရာမဒေါသထွက်သွားသည်။ “ကနောင်မင်းသားကို ဘယ်သူလုပ်ကြံတာလဲ”ဟု ခပ်ကျယ်ကျယ်လေး တတန်းလုံးကို အော်မေးလိုက်သည်။ တတန်းလုံးကကလေးများက တညီတညာထဲပင် ကျနော်တို့ မဟုတ်ပါဘူးဆရာမတဲ့။ နောက်က ကျောင်းအုပ်ဆရာကြီးမှာ မျက်စိမျက်နှာပျက်နှင့်

ဝင်ပြောလိုက်သည် ။ “ဟုတ်ပါတယ်ဆရာမရယ် ဒီကလေးတွေ ရိုးသားပါတယ်၊ သူတို့ မလုပ်လောက်ပါဘူး” စစ်ဆေးရေးဆရာမမှာ ကျောင်းအုပ်ကြီး အပြောကြောင့် ပိုဒေါသထွက်သွားကာ ချက်ချင်းပင်အခန်းထဲမှ လှည့်ထွက်၍ တိုင်စာရေးပြီး

မြို့နယ်ပညာရေးမှူးသို့ ပို့လိုက်သည်။ သုံးရက်လောက် ကြာသောအခါ ပညာရေးမှူးထံမှ စာကျလာသည်မှာ ကနောင်မင်းသားသေသွားသည်မှာ ကြာပြီ ဖြစ်သဖြင့် စုံစမ်းပါနဲ့တဲ့။ ဆရာမ တောက်ခေါက်ကာ ဘယ်လိုပညာရေးမှူးလဲဆိုကာ မကျေနပ်၍ ပညာရေးဝန်ကြီးထံ တိုင်စာထပ်ပို့လေသည်။ လေးရက်လောက်ကြာသော ဆရာမကို

ရာထူးကရပ်နားသောစာရောက်လာသည်။ ဆရာမှာအူကြောင်ကြောင်ဖြစ်ပြီး ပညာရေးမှူးကို အကျိုးအကြောင်း လှမ်းမေးလိုက်သည်။ ပညာရေးမှူးက “အထက်က စာရောက်လာတယ်ဆရာမ၊ ဆရာမအလုပ် ဆရာမ မလုပ်ဘဲ ထောက်လှမ်းရေး လုပ်နေလို့ ရာထူးကရပ်ဆိုင်းတာပါ” တဲ့ ငင့်… အော်….

crd-