အသားညိဳမည္းသူမ်ားအတြက္ 100ရာခိုင္ႏႈန္း ထိေရာက္မႈ႐ွိတဲ့အသားျဖဴနည္း…
အသားျဖဴေဆးေတြေသာက္တာက တကယ္ေရာျဖဴရဲ႕လား၊ ေဘးေရာကင္းရဲ႕လား၊ လိုး႐ွင္းေတြကေရာ အမွန္တကယ္ ျဖဴလာရဲ႕လား?
ေနေရာင္ျခည္ဒဏ္ကိုခံရျခင္း ၊ ပတ္ဝန္းက်င္ေလထုညစ္ညမ္းျခင္း၊ က်န္းမာေရးအေျခအေန၊ အသားေျခာက္ျခင္း ၊ စိတ္ဖိစီးမႈ၊ လူေနမႈပုံစံမွားယြင္းျခင္း၊
ဓါတုပစၥည္းေတြပါဝင္တဲ့ အလွကုန္ပစၥည္းေတြကို အခ်ိန္ၾကာျမင့္စြာ သုံးစြဲျခင္းတို႔ေၾကာင့္ အသားညိဳမည္းျခင္းကို ျဖစ္လာေစပါတယ္။
အသားျဖဴခ်င္လို႔ နည္းလမ္းမ်ားစြာသုံးၿပီး ျပဳလုပ္ေနၾကေပမယ့္ အမွန္တကယ္ ထိေရာက္မႈ႐ွိရဲ႕လား၊
ေဘးကင္းရဲ႕လားဆိုတဲ့ ေမးခြန္းေတြကိုေတာ့ ေသခ်ာမေျဖႏိုင္ၾကပါဘူး။
ဒ့ါအျပင္ အခ်ိဳ႕နည္းလမ္းေတြကလည္း ေငြကုန္ေၾကးၾကမ်ားတဲ့အတြက္ လူတိုင္းမတတ္ႏိုင္ၾကပါဘူး။
ဒါ့ေၾကာင့္ ေဘးကင္းၿပီး ထိေရာက္တဲ့ အသားျဖဴနည္းလမ္းကို ေဖာ္ျပေပးခ်င္ပါတယ္။
ဒီနည္လမ္းကို အပိုင္း ၂ပိုင္းခြဲၿပီး လုပ္ရမွာပါ။ ပထမအပိုင္းမွာေတာ့ scrub လုပ္ရမွာျဖစ္ပါတယ္။
ပထမဦးစြာ scrub လုပ္ရန္အတြက္ ပန္းကန္လုံးတစ္ခုထဲသို႔ သၾကား လက္ဖက္ရည္ဇြန္း ၁ဇြန္းခြဲခန္႔ ထည့္ပါ။
ၿပီးေနာက္ စႏၵကူးေပါင္ဒါမႈန္႔ကို ၁ဇြန္းထည့္ၿပီး ေမႊပါ။ ထို႔ေနာက္ ခရမ္းခ်ဥ္သီးကို အဝိုင္းပုံလွီးၿပီး ထိုအမႈန္႔ထဲသို႔ ႏွစ္လိုက္ပါ။
ထိုခရမ္းခ်ဥ္သီးျဖင့္ ကိုယ္ျဖဴခ်င္တဲ့ လက္ ၊ေျခ ၊မ်က္ႏွာ ကိုယ္ခႏၶာအစိတ္အပိုင္းတို႔ကို ပြတ္ေပးပါ။
ပြတ္တဲ့အခါ အနည္းငယ္ဖိၿပီး ပြတ္ေပးပါ။သို႔မွသာ ခရမ္းခ်ဥ္သီးအရည္ ထြက္လာမွာ ျဖစ္ပါတယ္။
၅မိနစ္ ၊ ၁၀မိနစ္ခန္႔ၾကာေအာင္ ပြတ္ၿပီလွ်င္ ေရျဖင့္စင္ၾကယ္ေအာင္ ေဆးေၾကာပါ။
ၿပီးလွ်င္ ေျခာက္ေသြ႕ေအာင္ သုတ္လိုက္ပါ။ ဒါဆိုရင္ေတာ့ scrub လုပ္တဲ့အပိုင္း ၿပီးပါၿပီ။
အေရျပားေပၚမွာ႐ွိတဲ့ ဆဲလ္ေသေတြ ၊ ေခ်းေတြ ကင္းစင္သြားၿပီျဖစ္လို႔ အသားအေရက သန္႔စင္ၾကည္လင္သြားပါၿပီ။
ဒါဆိုရင္ေတာ့ ျဖဴေအာင္လုပ္ရမယ့္ အပိုင္းေလး ေရာက္လာပါၿပီ။
ပထမဆုံး အာလူးကို အခြံခြာၿပီးေရေဆးကာ ျခစ္စက္ျဖင့္ ျခစ္ပါ။ ထိုအာလူးျခစ္မ်ားကို ဖိၿပီး အရည္ထြက္ေအာင္ ျပဳလုပ္ပါ။
ထို႔ေနာက္ ပန္းကန္လုံးထဲသို႔ ဆန္မႈန္႔ကို လက္ဖက္ရည္ဇြန္း ၂ဇြန္း ထည့္ပါ။
အရည္ညႇစ္ထားေသာ အာလူးရည္ကို ၄ဇြန္းထည့္ပါ။
ထို႔ေနာက္ ပ်ားရည္ ၁ဇြန္းႏွင့္ သံပုယိုရည္ ၃ဇြန္းထည့္ကာ သမေအာင္ ေမႊပါ။
ထို႔ေနာက္ အေရျပားေပၚသို႔ သုတ္လိမ္းၿပီး မိနစ္ ၃၀ၾကာေအာင္ ထားလိုက္ပါ ။
ၿပီးေနာက္တြင္ေတာ့ ၅မိနစ္ခန္႔ ႏွိပ္ေပးၿပီး သန္႔စင္ေအာင္ ေဆးေၾကာကာ ျဖဴဝင္းတဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ပါၿပီ။
ဒီနည္းကို တစ္ပါတ္လွ်င္၂ႀကိမ္မွ ၃ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ပါတယ္။
(ပါဝင္ပစၥည္းမ်ား၏ ပမာဏအခ်ိဳးအဆကို မိမိသုံးမယ့္အေနအထားအလိုက္ ခ်ိန္ဆႏိုင္ပါသည္)
Unicode
အသားညိုမည်းသူများအတွက် 100ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့အသားဖြူနည်း…
အသားဖြူဆေးတွေသောက်တာက တကယ်ရောဖြူရဲ့လား၊ ဘေးရောကင်းရဲ့လား၊ လိုးရှင်းတွေကရော အမှန်တကယ် ဖြူလာရဲ့လား?
နေရောင်ခြည်ဒဏ်ကိုခံရခြင်း ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်း၊ ကျန်းမာရေးအခြေအနေ၊ အသားခြောက်ခြင်း ၊ စိတ်ဖိစီးမှု၊ လူနေမှုပုံစံမှားယွင်းခြင်း၊
ဓါတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းတို့ကြောင့် အသားညိုမည်းခြင်းကို ဖြစ်လာစေပါတယ်။
အသားဖြူချင်လို့ နည်းလမ်းများစွာသုံးပြီး ပြုလုပ်နေကြပေမယ့် အမှန်တကယ် ထိရောက်မှုရှိရဲ့လား၊
ဘေးကင်းရဲ့လားဆိုတဲ့ မေးခွန်းတွေကိုတော့ သေချာမဖြေနိုင်ကြပါဘူး။
ဒ့ါအပြင် အချို့နည်းလမ်းတွေကလည်း ငွေကုန်ကြေးကြများတဲ့အတွက် လူတိုင်းမတတ်နိုင်ကြပါဘူး။
ဒါ့ကြောင့် ဘေးကင်းပြီး ထိရောက်တဲ့ အသားဖြူနည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။
ဒီနည်လမ်းကို အပိုင်း ၂ပိုင်းခွဲပြီး လုပ်ရမှာပါ။ ပထမအပိုင်းမှာတော့ scrub လုပ်ရမှာဖြစ်ပါတယ်။
ပထမဦးစွာ scrub လုပ်ရန်အတွက် ပန်းကန်လုံးတစ်ခုထဲသို့ သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲခန့် ထည့်ပါ။
ပြီးနောက် စန္ဒကူးပေါင်ဒါမှုန့်ကို ၁ဇွန်းထည့်ပြီး မွှေပါ။ ထို့နောက် ခရမ်းချဉ်သီးကို အဝိုင်းပုံလှီးပြီး ထိုအမှုန့်ထဲသို့ နှစ်လိုက်ပါ။
ထိုခရမ်းချဉ်သီးဖြင့် ကိုယ်ဖြူချင်တဲ့ လက် ၊ခြေ ၊မျက်နှာ ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို ပွတ်ပေးပါ။
ပွတ်တဲ့အခါ အနည်းငယ်ဖိပြီး ပွတ်ပေးပါ။သို့မှသာ ခရမ်းချဉ်သီးအရည် ထွက်လာမှာ ဖြစ်ပါတယ်။
၅မိနစ် ၊ ၁၀မိနစ်ခန့်ကြာအောင် ပွတ်ပြီလျှင် ရေဖြင့်စင်ကြယ်အောင် ဆေးကြောပါ။
ပြီးလျှင် ခြောက်သွေ့အောင် သုတ်လိုက်ပါ။ ဒါဆိုရင်တော့ scrub လုပ်တဲ့အပိုင်း ပြီးပါပြီ။
အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေ ၊ ချေးတွေ ကင်းစင်သွားပြီဖြစ်လို့ အသားအရေက သန့်စင်ကြည်လင်သွားပါပြီ။
ဒါဆိုရင်တော့ ဖြူအောင်လုပ်ရမယ့် အပိုင်းလေး ရောက်လာပါပြီ။
ပထမဆုံး အာလူးကို အခွံခွာပြီးရေဆေးကာ ခြစ်စက်ဖြင့် ခြစ်ပါ။ ထိုအာလူးခြစ်များကို ဖိပြီး အရည်ထွက်အောင် ပြုလုပ်ပါ။
ထို့နောက် ပန်းကန်လုံးထဲသို့ ဆန်မှုန့်ကို လက်ဖက်ရည်ဇွန်း ၂ဇွန်း ထည့်ပါ။
အရည်ညှစ်ထားသော အာလူးရည်ကို ၄ဇွန်းထည့်ပါ။
ထို့နောက် ပျားရည် ၁ဇွန်းနှင့် သံပုယိုရည် ၃ဇွန်းထည့်ကာ သမအောင် မွှေပါ။
ထို့နောက် အရေပြားပေါ်သို့ သုတ်လိမ်းပြီး မိနစ် ၃၀ကြာအောင် ထားလိုက်ပါ ။
ပြီးနောက်တွင်တော့ ၅မိနစ်ခန့် နှိပ်ပေးပြီး သန့်စင်အောင် ဆေးကြောကာ ဖြူဝင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။
ဒီနည်းကို တစ်ပါတ်လျှင်၂ကြိမ်မှ ၃ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။
(ပါဝင်ပစ္စည်းများ၏ ပမာဏအချိုးအဆကို မိမိသုံးမယ့်အနေအထားအလိုက် ချိန်ဆနိုင်ပါသည်)