ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းသည် မီးစဖွားချိန်တွင် အားစိုက်ထုတ်ခဲ့ရသည့်အတွက် နာကျင်မှုဒဏ်တွေနှင့်အတူ ချက်ချင်းအားပြန်ပြည့်ဖို့ရာ မတတ်နိုင်ပဲ ရက်အနည်းငယ် အချိန်ယူပြီးမှသာလျှင် သာမန်လို လှုပ်ရှားနိုင်ကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၅နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ပထမဆုံးကိုယ်ဝန်လွယ်ထားရစဥ် မီးဖွားချိန်၌ ကြုံတွေ့ရမည့် နာကျင်မှုဒဏ်ကို ထိတ်လန့်နေခဲ့ပြီး ငွေကုန်ကြေးကျခံကာ ခွဲမွေးရန် ခင်ပွန်းဖြစ်သူနှင့် တိုင်ပင်ခဲ့စဥ် သဘောတူခဲ့၍ စိတ်သက်သာရာရစေခဲ့သည်။
အမျိုးသမီးသည် တကယ်တမ်း ဗိုက်အရမ်းနာလာလို့ ဆေးရုံတက်ရချိန်တွင် ခင်ပွန်းဖြစ်သူသည် နာကျင်မှုဒဏ်သက်သာအောင် ဗိုက်ခွဲပြီးမွေးချင်သော ဇနီးသည်ရဲ့ အဆိုပြုချက်ကို ငြင်းပယ်ကာ လက်မှတ်မထိုးပေးပဲ နေခဲ့သည်။
ဇနီးသည်လည်း မတတ်နိုင်သည့်အဆုံး ရိုးရိုးပဲမွေးခဲ့ရကာ ကလေးမွေးမွေးပြီးချင်းမှာပဲ ကုတင်ပေါ်ကဆင်းပြီး ဒေါသကြီးစွာ ခင်ပွန်းဖြစ်သူကို မကျေနပ်ခြင်းများစွာနဲ့ ဆဲဆိုရန်လုပ်နေ၍ ဆေးရုံတွင်းရှိ သူနာပြုဆရာမများမှ မနည်းဆွဲထားခဲ့ရပြီး ချက်ချင်းသွားလာလှုပ်ရှားနိုင်တာကို ကြည့်ရင်း အံ့အားသင့်ကုန်ကြသည်။
Hlaing (Love Feeling)
Zawgyi
ကလေးကိုဗိုက်ခွဲမွေးချင်သော်လည်း ခင်ပွန်းဖြစ်သူမှ လက်မှတ်မထိုးပေးတာကြောင့် ရိုးရိုးမွေးမွေးပြီးချင်းမှာပဲ ဒေါသတကြီးနဲ့ ခင်ပွန်းသည်ကို ရန်လုပ်ခဲ့သော အမျိုးသမီး
ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းသည် မီးစဖွားချိန်တွင် အားစိုက်ထုတ်ခဲ့ရသည့်အတွက် နာကျင်မှုဒဏ်တွေနှင့်အတူ ချက်ချင်းအားပြန်ပြည့်ဖို့ရာ မတတ်နိုင်ပဲ ရက်အနည်းငယ် အချိန်ယူပြီးမှသာလျှင် သာမန်လို လှုပ်ရှားနိုင်ကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံမှ အသက်၂၅နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ပထမဆုံးကိုယ်ဝန်လွယ်ထားရစဉ် မီးဖွားချိန်၌ ကြုံတွေ့ရမည့် နာကျင်မှုဒဏ်ကို ထိတ်လန့်နေခဲ့ပြီး ငွေကုန်ကြေးကျခံကာ ခွဲမွေးရန် ခင်ပွန်းဖြစ်သူနှင့် တိုင်ပင်ခဲ့စဉ် သဘောတူခဲ့၍ စိတ်သက်သာရာရစေခဲ့သည်။