မန္တလေး သာစည်မြို့မှ CDM ကျောင်းဆရာတစ်ဦး ပန်းရံ လုပ်ကိုင်ရင်း See More….
MFP ၊ ဖေဖေါ်ဝါရီ – ၂၂
မန္တလေးတိုင်း သာစည်မြို့နယ်မှ CDM အလယ်တန်းပြ ကျောင်းဆရာ ကိုဝင်းထိုက်ကျော်သည် တာချီလိတ်ဒေသသို့ သွားရောက်၍ ပန်းရံအလုပ်လုပ်ကိုင်စဉ် ယမန်နေ့က ခေါင်မိုးမှ ပြုတ်ကျကာ ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောသည်။
“နိုင်ငံရေး အဆင်မပြေတော့ CDM ဝင်တယ်။ ပြီးတော့ ကြုံရာအလုပ် ဝင်လုက်တာ။ မနေ့က (၁၀)ရီလောက်မှာ တိုက်ခေါင်မိုးပေါ်ကနေ ချော်ပြီး ဆုံးတာ” ဟု မိသားစုဝင်က ဆိုသည်။
မိတ္ထီလာခရိုင် သာစည်မြို့နေ အသက်(၂၀)ကျော်အရွယ် ဆရာ ကိုဝင်းထိုက်ကျော်သည် CDM တွင် ပါဝင်ပြီးနောက် မိသားစု စားဝတ်နေရေးအတွက် ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်ရင်း ကွယ်လွန်ခဲ့ရသဖြင့် ဖြစ်သည်ဟု ဆိုသည်။
“မယုံနိုင်ဘူး အကိုရယ်၊ သတင်းကြားကြားချင်းက မဟုတ်ပါစေနဲ့ ဆုတောင်းနေတာ။ အိမ်နဲ့ အဝေးမှာ အဖြစ်ဆိုးလိုက်တာ။ ကောင်းရာမွန်ရာရောက်ပါစေ” ဟု မိသားစုဝင်တစ်ဦးက ဆိုပြီး ဆရာ ကိုဝင်းထိုက်ကျော် ကွယ်လွန်သည့်အပေါ် “အလွန်နှမြောမိကြောင်း” ပြောသည်။
ဆရာ ကိုဝင်းထိုက်ကျော်၏ နာရေးကို တာချီလိတ်မြို့၌ပင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
Credit
Unicode
Credit