ယောက်ျားတစ်ချို့ ဖောက်ပြန်ရတဲ့ အဓိက အကြောင်းအရင်း…
လောကမှာ အိမ်ထောင်သည် ဘဝရဲ့ အရေးအကြီးဆုံး သတိထား ရမဲ့အရာဟာ အိမ်ထောင်ရေး ဖောက်ပြန်ခြင်းပါပဲ။ အိမ်ထောင်ရေး ဖောက်ပြန် ခြင်းကို
လူမှု အသိုင်းဝန်းနှင့် လူမှုဝန်းကျင်ကလည်း လက်မခံသလို ဆွေမျိုးသားချင်း အသိုင်းဝန်းကလည်း လက်မခံပါ။ သို့သော်လည်း ဒီနေ့ခေတ်ကြီးမှာ ပုံစံအမျိုးမျိုးကြောင့်
အိမ်ထောင်ရေး ဖောက်ပြန် နေသည်ကို တွေ့နေရသည်၊ ကြားနေရသည်၊ မြင်နေ ရပါတယ်။ ဒီလို အိမ်ထောင်ရေး ဖတ်ပြန်ဖို့ရာ အဓိက ကြတဲ့ အကြောင်းရင်း တွေကတော့……
၁။ သူစိမ်း မိန်းကလေး တစ်ယောက်နဲ့ အနေနီးစပ်ခြင်း။ ၂။ ဇနီးသည်နှင့် အနေဝေးခြင်း။
၃။ မိမိမှာ ပုံမှန်ဝင်ငွေ ကောင်းတဲ့ အလုပ် အကိုင်ရှိခြင်း။ ၄။ ရုပ်ရည် ရူပကာရှိခြင်း။ ၅။ ရာထူး ပါဝါ အာဏာရှိခြင်း။
၆။ စကားပြော လိမ္မာ ပါးနပ်ခြင်း။ ၇။မိန်းကလေးနဲ့ အားနည်းချက်ကို သိရှိခြင်း။ စသည့် အကြောင်းတရား တွေပေါ်မှာ အခြေခံပြီး အိမ်ထောင်ရေး ဖောက်ပြန် ကြတာ များတတ်ပါတယ်။
သင့်မှာ ဘယ်လို့ အရည်ချင်း ကောင်းတွေရှိနေပါစေ အိမ်ထောင်ရေး ဖောက်ပြန်ဖို့ မစဉ်းစားပါနဲ့။ ကိုယ့်ရဲ့ ဇနီးသည် အပေါ်မှာ သစ္စာစောင့်သိပါ။
သင်ဟာ အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့ လူလို့ သင့်ရဲ့မိတ်ဆွေ ၊သင့်ရဲ့ သူငယ်ချင်း တစ်ယောက်ဟာ သိထားတယ် ကြားထားတယ် ၊မြင်ထားတယ် ဆိုရင်
သင့်အပေါ်မှာ ဟိုအရင်ကလို ယုံကြည်မှုတွေ မရှိတော့ ဘူးဆိုတာ မမေ့ပါနဲ့။ သင့်ကို ပါးစပ်ကသာ ထုတ်မပြောတာ သူတို့ရဲ့ မသိစိတ်ထဲမှာ သင်ကို ညရေးညတာမှာ
အိမ်လည် ခေါ်ခြင်း၊သူ၏ ညီမတွေ အမတွေ ၊ ဇနီးမယားတွေနဲ့ မိတ်ဆက်ပေးရမှာ သင့်အပေါ် မယုံမကြည် ဖြစ်နေမှာပါ။ ဘာလို့လည်းဆိုတော့ သင်ဟာ
အိမ်ထောင်ရေး ဖောက်ပြန်ချင်စိတ်၊ တနည်းပြော ရရင်သင်ဟာ သစ္စာမရှိတဲ့လူလို့ သူ့ရဲ့စိတ်ထဲမှာ စွဲနေလို့ပါ။ ဒါကြောင့် အိမ်ထောင်ရေး ဖောက်ပြန်ဖို့ မတွေးပါနဲ့။
သင်အိမ်ထောင်ရေး ဖောက်ပြန်လိုက်တာ ဆန္ဒကို မထိမ်းနိုင်လိုပဲဆိုဆို ၊မိန်းကလေး တစ်ယောက်က အခွင့်ရေး ပေးလို့ပဲဆိုဆို ဖောက်ပြန်ပြီးတာနဲ့ နောက်ဆက်တွဲ
ပြဿနာတွေက တမ်းစီနေပါ။ ၁။ သင်နဲ့ သင့်ရဲ့ မိဘ ညီအစ်ကို မောင်နှမ နာမည်ပျက်မယ် သိက္ခာကြမယ်။ ၂။ သင့်ရဲ့ ဇနီးသည်နှင့် သင့်ရဲ့ သားသမီး မျက်နှာငယ်ရမယ်။
၃။ တဖက်မှာ မိန်းကလေး အရှက်တကွဲ အကျိုးနည်းဖြစ်မယ်။ စတဲ့ သင့်ရဲ့ မိုက်မဲမှု သင့်ရဲ့ ဆန္ဒကို ဦးစားပေးမှု၊ မဆင်ကြင်မှု တွေကြောင့်အများ အားလုံး
ဒုက္ခရောက် နိုင်တယ်ဆိုတာ မမေ့ပါနဲ့။ အခုလို ဝင်ရောက်ဖတ်ရှု့ ပေးကြသော စာဖတ်ပရိသတ်ကြီး တစ်ဦးချင်း တစ်ယောက်ချင်း စီတိုင်းကို အထူးပင် ကျေးဇူးတင်
ရှိပါသည်။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံနိုင် ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ…မြန်မာပြည်သူ
ပြည်သားများ လိုလား တောင့်တသော နေ့ရက်များ ကိုလည်း အမြန်ဆုံး ရောက်ရှိ ပိုင်ဆိုင် နိုင်ကြပါစေ ခင်ဗျာ….
Credit – အညာသားလေး