ဗဟုသုတ


နာလည်မှုလွဲနေကြတဲ့ စုံအချက်ပြမီး မဟုတ်တဲ့ Hazard Lights နှင့် ကိုယ်တွေ့ဖြစ်ရပ်

ယာဉ်မောင်းသူတော်တော်များများ နာလည်မှုလွဲမှားနေကြတဲ့ စုံမီး (Hazard Lights) နဲ့ပတ်သက်ပြီး ကိုယ်တွေ့ဖြစ်ရပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီနေ့ ကျွန်တော်စီးနေတဲ့စက်ဘီးနဲ့ ကားနဲ့ဝင်တိုက်မိပါတယ်.. ဘာလို့တိုက်မိတာလဲလို့ဆိုရင် တစ်ဖက်က ကားကပုံမှာပြထားတဲ့ Hazard Lights ကိုလွဲမှားစွာအသုံးပြုမိလို့ပါ.. ပုံထဲမှာပါတဲ့ဟာလေးကို Hazard lights လို့ခေါ်ပါတယ်နော်..။

ကျွန်တော်ဆီမှာ အလွယ်ခေါ်တာတော့ စုံမီးပေါ့.. သူ့ကို အသုံးပြုတဲ့ပုံ အမျိုးမျိုးရှိတယ်.. ဒါပေမယ့် Hazard Lights က သင့်ရဲ့ယာဉ် လမ်းဆုံတစ်ခုခုမှာ တည့်တည့်သွားမယ်ဆိုရင် ပြရတဲ့မီးမဟုတ်ပါဘူးနော်.. ထပ်ပြောပါမယ် လမ်းဆုံတစ်ခုခုမှာ တည့်တည့်သွားချင်တယ်ဆိုရင် Hazard Lights မီးကို ပြစရာ မလိုသလို.. ဘာမီးမှလည်း ပြစရာ မလိုပါဘူးနော်..။

ဖြစ်ပုံက ဒီနေ့လမ်းဆုံတစ်ခုမှာ ကျွန်တော်ကစက်ဘီးနဲ့တည့်တည့် သွားမှာ.. ဘယ်ဘက်မှာ ကားတစ်စီးကညာမီးကို ပြပြီးမောင်းလာတာမြင်တော့ ကျွန်တော်လည်းအရှိန်မလျှော့ပဲ လမ်းဆုံကိုအဖြတ်.. ဆရာသမား Probox က ကျွန်တော့စက်ဘီးကို တည့်တည့်ဝင်ဆော်ပါလေရော..။

ကံကောင်းတာကတိုက်တော့မယ်ဆိုတာသိတာနဲ့ ဘရိတ်ရသလောက်ညစ်ပြီ ခြေထောက်ကို မြှောက်ထားလိုက်လို့ တော်သေးတယ်ပြောရမယ်.. မဟုတ်ရင်ကျိုးလောက်တယ်.. အရှိန်သိပ်မပါလို့ ကျွန်တော်ရော စက်ဘီးရော ဘာမှမဖြစ်ပေမယ့်

ဆရာသမား Probox ရဲ့ ဘောနပ်ကတော့ ကျွန်တော်ကိုယ်လုံးပြုတ်ကျတဲ့ အရှိန်နဲ့ နည်းနည်းပိန်သွားလေရဲ့.. ဆရာသမားကတိုက်တိုက်ပြီးချင်းကိုယ့်ဆင်းဖြဲတာ.. အံမာ.. သူတည့်တည့် လာနေတာ မမြင်ဘူးလားပေါ့.. ကျွန်တော်ကလည်း မြင်တယ်..။

ညာမီး ပြထားလို့ကွေ့မယ်ထင်ပြီး ဖြတ်တာဖြစ်တဲ့ အကြောင်းပြောတော့မှ.. အားပါး.. ဆရာသမားက အားကြီးနဲ့ ” ဟေ့ကောင် ငါပြတာညာမီးမဟုတ်ဘူး ဒဲ့မီး ကွ ဒဲ့မီး” တဲ့.. သောက်ကျိုးနဲ.. ။

ကျွန်တော်သိလိုက်ပါပြီ.. Hazard Lights ကို ဒဲ့မီးဆိုပြီးပြောနေမှန်း.. ကျွန်တော်တို့ လမ်းဆုံတစ်ခုမှ ကိုယ့်ရဲ့ဘေးနှစ်ဘက်ကကားတွေရဲ့ရှေ့ မီးကိုမြင်ရရင် တစ်ခြမ်းဘဲမြင်ရပါတယ်.. အဲ့အတွက် Hazard lights ကို ဒဲ့မီးအဖြစ်အသုံးပြုရင် မျက်နှာချင်းဆိုင်ကားကလွဲလို့ ကျန်တဲ့ ဘက်ကကားတွေအကုန်လုံးကမီးတစ်လုံးပဲ မြင်ရပါတယ်.။

အဲ့အတွက်ကြောင့် ဒီနေ့ကျွန်တော် ကြုံရတဲ့နားလည်မှုလွဲမှားတဲ့အဖြစ်မျိုးကြုံရတာပါ.. ကျွန်တော်ရဲ့ အဖြစ်ကို ပြန်ဆက်ရရင်.. သအဲ့လိုပြောတော့မှ ကျွန်တော်လည်း အဲ့ဒါမျိုးပြလို့ မရကြောင်း.. အဲ့လိုပြတဲ့အတွက် ကျွန်တော်ဘက်က နားလည်မှုလွဲကြောင်းရှင်းပြတာတောင်

ဆရာသမားက သိပ်လက်ခံချင်ပုံ မရလို့.. ဘေးနားက Taxi ယာဉ်မောင်း အကိုတစ်ယောက်က ဝင်ပြောပေးမှ လက်ခံသွားတယ်.. အတိုက်ခံရလို့ လျှော်ကြေးတွေ ဘာတွေရလား မမေးပါနဲ့နော်..။

အခန့်မသင့်ကိုယ်တောင်ပြန်လျှော်ရမယ့်ကိန်းဆိုက်နေလို့ မနဲရှင်းပြရတယ်.. အဲ့ဒီ့ ဆရာသမားဘေးနားက အမျိုးသမီးကတော့ မေးရှာပါတယ်.. မောင်လေးဘယ်နားထိသွားလဲ ဘာလုပ်ပေးရမလဲလို့.. ဘာမှ မလုပ်ပေးပါနဲ့ အမတို့ကားပဲပြင်လိုက်ပါလို့..တကယ်လည်း ကိုယ်လည်း ဘာမှမဖြစ်သလို စက်ဘီးလဲ ဘာမှမဖြစ်ဘူး..။

အဲ့ ဆရာသမားရဲ့ Probox သာ ဘောနက်တွေပိန် နုတ်ခမ်းမွေးတွေ ကျွတ်ကျနဲ့.. တော်သေးတယ် အိမ်စီးကားဖြစ်နေလို့.. Taxi ဆို ပြင်ဆင်စရိတ်တွေးပြီးကိုယ်ပါစိတ်မကောင်းဖြစ်နေရဦးမယ်.. အဲ့တော့ အဓိကကတော့ ပုံထဲမှာပါတဲ့ မီးလေးက Hazard Lights ပါ..။

ဒဲ့(တည့်တည့်) သွားတဲ့အခါမှာ သုံးရတဲ့ မီး မဟုတ်သလိုတည့်တည့် သွားတဲ့အခါမှာလည်း ဘာမီးမှမသုံးရပါဘူးနော်.. အရမ်းသုံးချင်တယ်ဆိုရင်တော့အိမ်ကနေဓါတ်မီးတစ်လက်ထည့်လာပြီး လမ်းဆုံရောက်တိုင်း ထိုးနေလို့ ရပါတယ်.. အဲ့တော့ ကူပြောပေးတဲ့ Taxi ဆရာအကိုကိုလည်း ကျေးဇူးတင်ပါတယ်..။

စုံအချက်ပြမီး Hazard Light ကို အောက်ပါ အခြေအနေများ၌သာ ဖွင့်၍ မောင်းနှင် ကြရမည် ဖြစ်သည်။

(၁)လမ်းမပေါ်၌ ကားပျက်နေစဉ်

(၂)ခေတ္တရပ်၍ ပစ္စည်းတင်/ချ ပြုလုပ်နေစဉ်

(၃)ကားဘီးပေါက်၍ လဲလှယ်ရန် Jack ဖြင့်ထောက်မထားစဉ်

(၄)စက်ပျက်နေသော ကားကို ဆွဲခေါ်လာစဉ်

(၅)တစ်ဖက်ပိတ်လမ်း၏ အဆုံး၌ ရပ်ထားစဉ်

(၆)ချောက်ကမ်းပါးနှင့် နီးကပ်သော နေရာ၌ ရပ်နားထားစဉ်

(၇)အန္တရာယ်ဇုန်အနီး၌ ရပ်ထားစဉ်

(၈)အရေးပေါ် ထိခိုက်ဒဏ်ရာ ရထားသူကို ကူညီတင်ဆောင်လာစဉ်

(၉)မီးငြိမ်းသတ်ရန် မောင်းနှင်လာစဉ်

(၁၀)မီးလောင်ပေါက်ကွဲနိုင်သော ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်

(၁၁)တိရ စ္ဆာန်များ တင်ဆောင်မောင်းနှင်လာစဉ်

(၁၂)ထုထည် ကြီးမားကျယ်ပြန့်သော စက်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်

(၁၃)ယန္တရားများ လုပ်ငန်းဆောင်ရွက်နေစဉ်

(၁၄)အုပ်စုအလိုက် ယာဉ်တန်းဖြင့် မောင်းနှင်လာစဉ်

(၁၅)ဘေးအန္တရယ် ကျရောက်နေသော နေရာအနီးမှဖြတ်၍ ဖြည်းညှင်းစွာ မောင်းနှင်နေစဉ်

(၁၆)လုံခြုံရေးအခြေအနေအရ အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်ကို စောင့်ရှောက် လိုက်ပါမောင်းနှင်လာစဉ် တွေမျိုတွေမှသုံးလေ့ရှိပါတယ်။

အမှတ်မထင်လုပ်တတ်ကြတဲ့ အမှားတစ်ခုကြောင့် အခန့်မသင့်လျှင် အသက်အန္တရာယ်ဖြစ်စေနိုင်တာမို့ လွဲမှားနေကြတဲ့ စုံမီး Hazard Light မီးနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်မျှဝေပေးလိုက်ရပါတယ်။

Crd