ဂ်ပန္ကေလး နဲ႔ ျမန္မာ ကေလး(မဖတ္ရေသးတဲ့သူမ်ားအတြက္)
ဂ်ပန္က ကေလး မ်ားနဲ႔ ျမန္မာ ကေလးမ်ားရဲ႕ ကြာဟ ခ်က္ မ်ား’
1. ဂ်ပန္က ကေလး ေတြ ေလးလံလွတဲ့ ေက်ာင္းသုံး ေက်ာပိုးအိတ္ႀကီးေတြ လြယ္ၿပီး ကိုယ္တိုင္ ရထားစီး၊ကားစီးၿပီး ေက်ာင္းတက္ေနရ ခ်ိန္မွာ ျမန္မာ က ကေလးမ်ား ကုန္းပိုးစီးၿပီး ေက်ာင္းတက္ၾကတယ္။
2. ဂ်ပန္က ကေလးမ်ား မူလတန္းမွာ အလွည့္က် စားဖိုဝင္ ေနရခ်ိန္မွာ ျမန္မာက မူလတန္းကေလးမ်ား ေနာက္က ထမင္း လိုက္ခြံ႕ ေနရတယ္။
3. ဂ်ပန္က မူႀကိဳကေလး ေတြ အမ်ားသုံးအိမ္သာမွာ ကိုယ့္ ဂ်ိဳး ကိုယ္ ထုတ္ၿပီး ရႈးရႈးပန္းေနခ်ိန္မွာ… ျမန္မာက ကေလးေတြ ‘ရွဴး ရွဴး ‘ဆိုၿပီး ေဘာင္းဘီ မစိုေအာင္ ေသးတည္ ေနရတယ္။
4. ဂ်ပန္က ကေလးေတြ ေျခေခါက္ လဲ၊ စက္ဘီးလဲ တဲ့ အခ်ိန္မွာ( မိဘက ရပ္ၾကည့္ေနပါတယ္…ကူၿပီးမထူပါဘူး) ကိုယ့္ဟာကိုယ္ ထ ရပါတယ္။ျမန္မာက ကေလးမ်ား တစ္ခုခု ျဖစ္ၿပီဆိုတာနဲ႔ ‘ဟဲ့သားေလး/ဟဲ့ သမီးေလး ‘ ဆိုၿပီး အရင္ သည္းသည္းလႈပ္ၾကတယ္။
5. ဂ်ပန္က ကေလးေတြ ‘ဆရာမ အခုသင္တာ ကြၽန္ေတာ္ ဘာမွ မသိဘူး …ျပန္ရွင္းျပပါ’ ေတာင္းဆို ရဲ တဲ့ အခ်ိန္မွာ ျမန္မာက ကေလးမ်ား …’ ‘ဟဲ့ ငါစာသင္တုန္းက ေကာင္းေကာင္း နားမေထာင္ ဘူး ေနာက္တခါ အဲ့လို အေမးျမန္းထူရင္ အ႐ိုက္ခံရမယ္’ ….ႀကိမ္းေမာင္းခံေနရတယ္…
6. ျမန္မာ က ကေလးေတြ ….’ေဟွာင့္ ယီးလား လို႔ ဆဲလိုက္စမ္း ‘ သင္ေပးေနခ်ိန္မွာ ဂ်ပန္က ကေလးေတြကို ခါးကုန္း ဦးၫႊတ္တာသင္ေပးေနၾကတယ္။
7. ျမန္မာက ကေလး ေတြကို ပတ္ဝန္းက်င္ က ခ်စ္လို႔ဆိုၿပီး ငိုေအာင္၊ စိတ္မတို တိုေအာင္ စေနခ်ိန္မွာ ဂ်ပန္က ကေလးေတြ ဂိမ္းတစ္ခုခု ေပး ေဆာ့ၿပီး ‘မင္း လုပ္ႏိုင္ခဲ့ၿပီ ဆိုတဲ့ စိတ္’ ေမြးေပးေနၾကတယ္။
8. ျမန္မာ က ကေလးမ်ား သားေရ…လမ္းထိပ္က ဆိုင္မွာ အရက္တစ္လုံး သြားဝယ္စမ္းကြာ….ခိုင္းတဲ့ အခ်ိန္မွာ … ဂ်ပန္က ကေလးေတြ သဘာဝ ေဘး(ငလွ်င္လႈပ္၊ မုန္တိုင္းတိုက္၊ ဆူနာမီ ) လာမယ့္ အခ်ိန္မွာ အစာ ေရစာနဲ႔ ေဆးဝါး ဘယ္လိုရယူရမယ္၊ အသက္ဆက္ဖို႔ ဘယ္လိုနည္းေတြ ရွိတယ္ဆိုတာ ကို သင္ေပးေနၾကတယ္။
9. ‘သား ေရ… က စမ္းကြာ က က’ ဆိုၿပီး ေဆာင္းေဘာက္စ္သံ အက်ယ္ႀကီးဖြင့္ေျမႇာက္ေပးေနခ်ိန္မွာ …ဂ်ပန္က ကေလးေတြ ‘ပတ္ဝန္းက်င္မွာ ဆူညံျခင္းမျပဳဖို႔ ကိုယ့္ၾကာင့္သူတပါး အေႏွာက္ယွက္ မျဖစ္ဖို႔ သင္ေပးေနၾကတယ္။
10. ျမန္မာက ကေလးေတြကို ‘ရန္ျဖစ္ရင္ မင္းက အရင္ဦးေအာင္ လုပ္ခဲ့ေနာ္…ခံလာရရင္ မင့္ကို အရင္ ႐ိုက္ မွာ…ခံမလာရေစနဲ႔ ‘ သင္ေပးေနတဲ့ အခ်ိန္မွာ ဂ်ပန္က ကေလးေတြ ‘လူနဲ႔ လူ႔ပတ္ဝန္းက်င္ကို ဘယ္လို သဟဇာတ ျဖစ္ေအာင္ ေနရမယ္၊ ဘယ္လို ေပါင္းသင္းဆက္ဆံရမယ္’….ဆိုတာ သင္ယူေနၾကရတယ္။
ကဲ…..ဘယ္သူေတြ ၊ ဘာမ်ား လြဲေနၾကသလဲ…..။
Credit~မူရင္းေရးသူအား
ဂျပန်ကလေး နဲ့ မြန်မာ ကလေး(မဖတ်ရသေးတဲ့သူများအတွက်)
ဂျပန်က ကလေး များနဲ့ မြန်မာ ကလေးများရဲ့ ကွာဟ ချက် များ’
1. ဂျပန်က ကလေး တွေ လေးလံလှတဲ့ ကျောင်းသုံး ကျောပိုးအိတ်ကြီးတွေ လွယ်ပြီး ကိုယ်တိုင် ရထားစီး၊ကားစီးပြီး ကျောင်းတက်နေရ ချိန်မှာ မြန်မာ က ကလေးများ ကုန်းပိုးစီးပြီး ကျောင်းတက်ကြတယ်။
2. ဂျပန်က ကလေးများ မူလတန်းမှာ အလှည့်ကျ စားဖိုဝင် နေရချိန်မှာ မြန်မာက မူလတန်းကလေးများ နောက်က ထမင်း လိုက်ခွံ့ နေရတယ်။
3. ဂျပန်က မူကြိုကလေး တွေ အများသုံးအိမ်သာမှာ ကိုယ့် ဂျိုး ကိုယ် ထုတ်ပြီး ရှုးရှုးပန်းနေချိန်မှာ… မြန်မာက ကလေးတွေ ‘ရှူး ရှူး ‘ဆိုပြီး ဘောင်းဘီ မစိုအောင် သေးတည် နေရတယ်။
4. ဂျပန်က ကလေးတွေ ခြေခေါက် လဲ၊ စက်ဘီးလဲ တဲ့ အချိန်မှာ( မိဘက ရပ်ကြည့်နေပါတယ်…ကူပြီးမထူပါဘူး) ကိုယ့်ဟာကိုယ် ထ ရပါတယ်။မြန်မာက ကလေးများ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ ‘ဟဲ့သားလေး/ဟဲ့ သမီးလေး ‘ ဆိုပြီး အရင် သည်းသည်းလှုပ်ကြတယ်။
5. ဂျပန်က ကလေးတွေ ‘ဆရာမ အခုသင်တာ ကျွန်တော် ဘာမှ မသိဘူး …ပြန်ရှင်းပြပါ’ တောင်းဆို ရဲ တဲ့ အချိန်မှာ မြန်မာက ကလေးများ …’ ‘ဟဲ့ ငါစာသင်တုန်းက ကောင်းကောင်း နားမထောင် ဘူး နောက်တခါ အဲ့လို အမေးမြန်းထူရင် အရိုက်ခံရမယ်’ ….ကြိမ်းမောင်းခံနေရတယ်…
6. မြန်မာ က ကလေးတွေ ….’ဟှောင့် ယီးလား လို့ ဆဲလိုက်စမ်း ‘ သင်ပေးနေချိန်မှာ ဂျပန်က ကလေးတွေကို ခါးကုန်း ဦးညွှတ်တာသင်ပေးနေကြတယ်။
7. မြန်မာက ကလေး တွေကို ပတ်ဝန်းကျင် က ချစ်လို့ဆိုပြီး ငိုအောင်၊ စိတ်မတို တိုအောင် စနေချိန်မှာ ဂျပန်က ကလေးတွေ ဂိမ်းတစ်ခုခု ပေး ဆော့ပြီး ‘မင်း လုပ်နိုင်ခဲ့ပြီ ဆိုတဲ့ စိတ်’ မွေးပေးနေကြတယ်။
8. မြန်မာ က ကလေးများ သားရေ…လမ်းထိပ်က ဆိုင်မှာ အရက်တစ်လုံး သွားဝယ်စမ်းကွာ….ခိုင်းတဲ့ အချိန်မှာ … ဂျပန်က ကလေးတွေ သဘာဝ ဘေး(ငလျှင်လှုပ်၊ မုန်တိုင်းတိုက်၊ ဆူနာမီ ) လာမယ့် အချိန်မှာ အစာ ရေစာနဲ့ ဆေးဝါး ဘယ်လိုရယူရမယ်၊ အသက်ဆက်ဖို့ ဘယ်လိုနည်းတွေ ရှိတယ်ဆိုတာ ကို သင်ပေးနေကြတယ်။
9. ‘သား ရေ… က စမ်းကွာ က က’ ဆိုပြီး ဆောင်းဘောက်စ်သံ အကျယ်ကြီးဖွင့်မြှောက်ပေးနေချိန်မှာ …ဂျပန်က ကလေးတွေ ‘ပတ်ဝန်းကျင်မှာ ဆူညံခြင်းမပြုဖို့ ကိုယ့်ကြာင့်သူတပါး အနှောက်ယှက် မဖြစ်ဖို့ သင်ပေးနေကြတယ်။
10. မြန်မာက ကလေးတွေကို ‘ရန်ဖြစ်ရင် မင်းက အရင်ဦးအောင် လုပ်ခဲ့နော်…ခံလာရရင် မင့်ကို အရင် ရိုက် မှာ…ခံမလာရစေနဲ့ ‘ သင်ပေးနေတဲ့ အချိန်မှာ ဂျပန်က ကလေးတွေ ‘လူနဲ့ လူ့ပတ်ဝန်းကျင်ကို ဘယ်လို သဟဇာတ ဖြစ်အောင် နေရမယ်၊ ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်’….ဆိုတာ သင်ယူနေကြရတယ်။
ကဲ…..ဘယ်သူတွေ ၊ ဘာများ လွဲနေကြသလဲ…..။
Credit~မူရင်းရေးသူအား