ခု ဘာကို လွမ်း မိလဲ သိလား. . .
မနက် (၅) နာရီ မိန်းခလေးတစ်ယောက်တည်းပဲ လမ်းမပေါ်ထွက် workout လုပ်လို့ရတာ
ညဖက် မုန့်ဟင်းခါး ထမင်းကြော် ကြိုက်တဲ့အချိန်ထွက်စားလို့ရတာ
ညဖက် ကြိုက်တဲ့ အချိန်ထွက် အစစ်ဆေး အမေးအမြန်းမရှိ သွားလာလို့ရတာ။
ပိတ်ရက်တွေမှာ နိုင်ငံအနှံ ခရီးသွားလို့ရတာ။
Weekend တွေ မှာ Shopping ထွက်လို့ရတာ။
Internet ကို ဘာမှ ကျော်ခွစရာမလိုပဲ လမ်းပေါ်မှာ အိမ်ထဲမှာ ကားမောင်းရင်းနဲ့ သုံးချင်သလို သုံးလို့ရတာ။
တည်ငြိမ်တဲ့ စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရအောက်မှာ မှန်မှန်ကန်ကန် နဲ့ စီးပွါး ရှာလို့ရတာ။
အပြင်ထွက်တာနဲ့ ကိုယ့်အမှားမလုပ်ထားပဲနဲ့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုတာ။
ညဖက်မိုးချုပ်လည်း အိမ်ရှေ့ ဝရံတာမှာ မီးဖွင့်ပြီး အပင်လေးတွေကို အကြောက်အရွံမရှိ ရေလောင်းလို့ရတာ။
ဘဏ်ထဲက ငွေဆိုတာ လုံခြုံလွန်းလို့ ဘယ်သွားသွား ငွေသားသယ်စရာမလိုပဲ ဖုန်း ရှိရုံ
ဘဏ်ကဒ်ရှိရုံနဲ့ ပေါ့ပေါ့ပါးပါး သွားလာလို့ရတာ။
ကိုယ်ပိုင်စီးပွါးရေးလည်း ပုံမှန်လည်ပတ်လို့ရနေပြီး ဝန်ထမ်းအပြည့်ကို လစာ အပြည့် ပေးနိုင်နေတာ။
ဒါတွေဟာ ပြည်သူ့ အစိုးရ စစ်စစ်လက်ထက်မှာ ရခဲ့တယ်ဆိုတာပဲ။
တွေးမိတိုင်း ရင်နာတယ်။
ဒီလို လူပေါင်းများစွာကို စိတ်သောကရောက်အောင် ပူလောင်အောင်လုပ်တဲ့ မီးက ပြန်လောင်တဲ့အခါ ဘယ်လိုနေမလဲ။
Crd Orginal Uploader