မြန်မာပြည်မှာ မိန်းကလေးတွေ တစ်ယောက်တည်းဆို လုံးဝ မလုံခြုံတော့ဘူးဆိုတာ ပြလိုက်တဲ့အဖြစ်
မြန်မာနိုင်ငံက မိန်းခလေးတွေ တစ်ယောက်တည်း အပြင်ထွက်ရတာ လုံးဝ မလုံခြုံတော့ပါဘူး။
ဒီနေ့ နေလည် ၂ နာရီ သင်တန်းရှိလို့ ညီမတစ်ယောက်ထည်း မြေနီကုန်းကို YBS 21 စီးပြီး သွားပါတယ်။
ကားပေါ်ကဆင်းတော့ မှတ်တိုင်မှာ အမျိုးသားတစ်ယောက် စောင့်နေတာ တွေ့ရတယ်။ သူ့ကို သတိထားမိတာက သူက ကုတ်အကျီအနက် ဘောင်းဘီအရှည် အနက် နေကာမျက်မှန် ဝတ်ထားလို့ ကားပေါ် က ဆင်းဆင်းချင်း သတိထားမိတာပါတယ်။ (မောင်မဲ)
ညီမက မြေနီကုန်း မှတ်တိုင်ကနေ Dagon Center ဘက်ကို လမ်းလျှောက်ပါတယ်။
ညီမနဲ့အတူ အဲ့ (မောင်မဲ) က လိုက်လာတာကို သတိထားမိတော့ ညီမလည်း ခြေလှမ်းကို ခပ်သွက်သွက် အမြန်လေး လျှောက်ပါတယ်။
သူကပါ အမြန် လိုက်လျှောက်ပြီး ညီမဘေးကို ရောက်လာပါတယ်။ ညီမနောက်ကို လိုက်လာတာ ဟုတ်မဟုတ် သိချင်လို့ လမ်းလျှောက် နေတာကို ချက်ချင်း ရပ်လိုက်တယ်။
ဒါပင်မဲ့ (မောင်မဲ) က ဆက်မသွားပဲ ညီမနဲ့အတူ လိုက်ရပ်ပါတယ်။ ညီမလည်း သူ့ကို ကြောက်တဲ့ပုံမျိုး မပြပဲ မျက်နှာကို သေချာ စိုက်ကြည့်လိုက်တယ်။
(သူပုံစံက လုံးဝ ကြောက်ရွံမှု မရှိပဲ ညီမကို ပြန်စိုက်ကြည့်ပြီး တစ်ခုခု လုပ်တော့မဲ့ ပုံမျိုးနဲ့ ညီမနားကို ကပ်လာပါတယ်)
ညီမအနောက်ကို လှည့်ကြည့်တော့ အမျိုးသားတစ်ယောက်လည်း လမ်းလျှောက်လာတာကို တွေ့တယ်။ (ထိုသူက မောင်နီ)
ညီမ သူ့ကို အကူအညီ တောင်းမလို့ (မောင်နီ) ကို ကြည့်လိုက်တာ စိတ်ထဲ မသင်္ကာလို့ အကူအညီ မတောင်းပဲ (မောင်နီ) အနောက်က လမ်းသွားသူ အမျိုးသားနှစ်ယောက်ကို တွေ့တော့ ညီမ အကူအညီတောင်းဖို့ အဲ့အမျိုးသား နှစ်ယောက်နား သွားပြီး ကပ်ပြီး လမ်းပြန်လျှောက်ပါတယ်။
လမ်းသွားသူ အမျိုးသား နှစ်ယောက်ကလည်း ညီမကို မကူညီပဲ ရှောင်ထွက်သွားပါတယ်။ သူတို့က (မောင်မဲ) ညီမနောက်ကို လိုက်နေတာကို မြင်ပါတယ်။ သူတို့ ဘာလို့ ရှောင်ထွက်သွားလဲ မပြောတတ်ပါဘူး။
(မောင်မဲ) က ညီမနားကို ထပ်ကပ်လာပါတယ်။ “အကြွေ လဲပေးလို့ ရမလား” စကား လာပြောပါတယ်။ ညီမ မကြားချင်ယောင်ဆောင်ပြီး လမ်းထပ်လျှောက်ပါတယ်။
တဖြေးဖြေးနဲ့ အနားကို ထပ်တိုးလာပါတယ်။ အနောက်က (မောင်နီ) ဆိုသူကလည်း ထပ်မံ အနားကပ်လာပါတယ်။
အမျိုးသားနှစ်ယောက် ကြားတည်း ရောက်သွားတဲ့ အခြေအနေမှာ ညီမလည်း ကြောက်ကြောက်နဲ့ အဝေးက မြင်ရတဲ့ အတွဲတစ်တွဲစီကို အားကုန်ပြေးပြီး “ညီမနောက်ကို လူတစ်ယောက် လိုက်နေလို့ ကယ်ပါအုန်း” ဆိုပြီး အကူအညီ တောင်းပါတယ်။
အဲ့ချိန်မှာ အသံတွေ တုန်နေတာပါ။ ကူညီပေးတဲ့ အတွဲကလည်း သင်တန်းထိ လိုက်ပို့ပေးပါတယ်။ တကယ်လည်း ကျေးဇူးတင်ပါတယ်။
သူတို့ထပ်ပြီး အနောက်က ပြေးလိုက်လာပါသေးတယ်။ (အဲ့ချိန်မှ ညီမ သိလိုက်ရတာက မောင်မဲနဲ့ မောင်နီ နဲ့က တစ်ဖွဲ့ထည်းပါ )
လူက အသားတွေတုန် အသံတွေပါတုန်ပြီး တကယ်လည်း ကြောက်ပါတယ်။ အော်လည်း မအော်ရဲဘူး။ တစ်ခုခု လုပ်သွားရင် အရင် ထိခိုက်မဲ့သူက ကိုယ်ပဲ ဖြစ်နေတော့ မအော်ပဲ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး အရင်လွတ်အောင် ပြေးပြီးမှ အကူအညီ တောင်းရတယ်။
တစ်ခါမှလည်း အဲ့လို မဖြစ်ဖူးပါဘူး။ သင်တန်းအပြန်ကို ကြောက်ကြောက်နဲ့ ပြန်လာခဲ့ရတယ်။ ငါ့နောက်များ လိုက်လာနေလားဆိုပြီး စိတ်ချလက်ချ မသွားရဲဘူး ဖြစ်နေတယ်။
မိန်းခလေးတွေ ဒီလိုမျိုး ကြုံတွေ့လာရင်လည်း နီးစပ်ရာကို အကူအညီ တောင်းကြပါ။
တစ်ယောက်တည်း အပြင်သွားတဲ့ မိန်းခလေးတွေလည်း ဘေးပတ်ဝန်းကျင်ကို သတိထားပြီး ဂရုစိုက် သွားကြပါနော်။
ဒီနိုင်ငံမှာ နေရတာ နေ့ခင်းဘက်ကြီးလည်း မလုံခြုံတော့ပါဘူး။
𝕮𝖗𝖊𝖉𝖎𝖙 𝕿𝖔 𝕺𝖗𝖎𝖌𝖎𝖓𝖆𝖑 𝖀𝖕𝖑𝖔𝖆𝖉𝖊𝖗