ၾကားသိရသမွ်

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သတင္းေကာင္း

zawgyi

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သတင္းေကာင္း

အတူေနထိုင္သူအခ်ိဳ႕တြင္ COVID-19ေတြ႕ရွိသျဖင့္ သီတင္းပတ္တစ္ပတ္ခန႔္ ကြာရန္တင္းဝင္ေနခဲ့ရသည့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔႐ုံးခ်ိန္းကို ျပန္လည္တက္ေရာက္ခဲ့ေၾကာင္း တရား႐ုံးႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ ယခင္တစ္ပတ္ ၾကာသပေတးေန႔ကတည္းက ႐ုံးခ်ိန္းတက္ေရာက္ျခင္းမရွိသလို ယခုသီတင္းပတ္ တနလၤာႏွင့္ အဂၤါေန႔တြင္ ျပဳလုပ္သည့္႐ုံးခ်ိန္းကိုလည္း မတက္ေရာက္ႏိုင္ဘဲျဖစ္ခဲ့ရသည္။

ယေန႔ ႐ုံးခ်ိန္းတက္ေရာက္လာသည့္ အတိုင္ပင္ခံပုဂၢိဳလ္မွာ က်န္းမာေရးေကာင္းမြန္ပုံရေၾကာင္း သတင္းရင္းျမစ္မ်ားကေျပာသည္။

ယေန႔ ႐ုံးခ်ိန္းတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊စီးပြားေရး ပညာရွင္ ေရွာင္တာနယ္လ္၊ စီမံ၊ ဘ႑ာ ျပည္ေထာင္စုဝန္ႀကီး ဦးစိုးဝင္း၊ စီမံ၊ ဘ႑ာ ဝန္ႀကီးေဟာင္း ဦးေက်ာ္ဝင္းႏွင့္ စီမံ၊ ဘ႑ာ ဒုဝန္ႀကီး ဦးဆက္ေအာင္တို႔ကို ပူးတြဲစြဲဆိုထားသည့္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ဥပေဒပုဒ္မ ၃(၁)(ဂ)အမႈကို စစ္ေဆးခဲ့ျခင္းျဖစ္သည္။

မနက္ျဖန္႐ုံးခ်ိန္းတြင္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္ႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူတို႔ကို စြဲဆိုထားသည့္ ပုဒ္မ ၁၃၀-ကအမႈကို ဆက္လက္စစ္ေဆးမည္ျဖစ္သည္။

လက္ရွိတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ အမႈ ငါးမႈအတြက္ ေထာင္ဒဏ္ ေျခာက္ႏွစ္ က်ခံေနရၿပီး အမႈေပါင္း ၁၂မႈျဖင့္ ဆက္လက္တရားရင္ဆိုင္ေနရသည္။

crd-original writer

unicode

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတင်းကောင်း

အတူနေထိုင်သူအချို့တွင် COVID-19တွေ့ရှိသဖြင့် သီတင်းပတ်တစ်ပတ်ခန့် ကွာရန်တင်းဝင်နေခဲ့ရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ရုံးချိန်းကို ပြန်လည်တက်ရောက်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခင်တစ်ပတ် ကြာသပတေးနေ့ကတည်းက ရုံးချိန်းတက်ရောက်ခြင်းမရှိသလို ယခုသီတင်းပတ် တနင်္လာနှင့် အင်္ဂါနေ့တွင် ပြုလုပ်သည့်ရုံးချိန်းကိုလည်း မတက်ရောက်နိုင်ဘဲဖြစ်ခဲ့ရသည်။

ယနေ့ ရုံးချိန်းတက်ရောက်လာသည့် အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ကျန်းမာရေးကောင်းမွန်ပုံရကြောင်း သတင်းရင်းမြစ်များကပြောသည်။

ယနေ့ ရုံးချိန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊စီးပွားရေး ပညာရှင် ရှောင်တာနယ်လ်၊ စီမံ၊ ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စီမံ၊ ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် စီမံ၊ ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်တို့ကို ပူးတွဲစွဲဆိုထားသည့် နိုင်ငံတော်လျှို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)အမှုကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မနက်ဖြန်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့ကို စွဲဆိုထားသည့် ပုဒ်မ ၁၃၀-ကအမှုကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှု ငါးမှုအတွက် ထောင်ဒဏ် ခြောက်နှစ် ကျခံနေရပြီး အမှုပေါင်း ၁၂မှုဖြင့် ဆက်လက်တရားရင်ဆိုင်နေရသည်။