ကျားပေါက်၊ မေဦး၊ ဒေါင်း အပါအဝင် လူပုဂ္ဂိုလ် ၁၇ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်း၏ နောက်ကွယ်
ဧရာဝတီ၊ ဧပြီ ၁၊ ၂၀၂၂
ကျားပေါက်၊ မေဦး၊ ဒေါင်း အပါအဝင် လူပုဂ္ဂိုလ် ၁၇ ဦးကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း စစ်ကောင်စီမီဒီယာ မြဝတီတွင် ယနေ့ညပိုင်း၌ ကြေညာခဲ့သည်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ (၆၇) အရဖွဲ့စည်းသည့် ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ယင်းပုဂ္ဂိုလ်များအား နိုင်ငံသားအဖြစ်မှ ရပ်စဲသည်ဟု စစ်ကောင်စီက ဆိုသ
ယနေ့ည ကြေညာသည့်စာရင်းထဲတွင် ဦးမောင်မောင်လတ်၊ ဦးကျော်မိုးထွန်း၊ အောင်ကျော်နိုင်၊ မြမြကြည်၊ ကျော်စွာမင်း၊ သက်ထားမြရည်စံ၊ စုစုအောင်၊ ကျော်စွာထွန်း၊ ကြူကြူမြင့်၊ မြတ်သွယ်အောင်၊ ယမင်းယု၊ ရဲခေါင်၊ ဟန်ထူးလွင် (ခ) ကျားပေါက်၊ မေဦး (ခ) ဟိန်းမင်းဦး၊ ညီညီသရဝဏ်(ပြည်)၊ ဟန်လင်းနှင့် ဒေါင်းတို့ ပါဝင်သည်။
၎င်းတို့အား နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်၍ ပြည်ပနိုင်ငံများသို့ ထွက်ပြေးသွားသည်ဟု ကြေညာထားပြီး မြန်မာနိုင်ငံ၏အကျိုးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်များ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြောဆိုထားကာ ၎င်းတို့နှင့် ဆက်စပ်တွေ့ရှိသူများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
ပြီးခဲ့သည့် မတ် ၄ ရက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်များဖြစ်သည့် ဦးဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဒေါ်ဇင်မာအောင်၊ ဦးထင်လင်းအောင်၊ ဦးအောင်မျိုးမင်း၊ မအိသဉ္ဇာမောင်၊ ဒေါက်တာဆာဆာ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်းနှင့် လူမှုကွန်ရက်တွင် လူသိများသူ ပန်ဆယ်လိုတို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာခဲ့သည်။
ထို့ပြင် မတ် ၇ ရက်တွင် အဆိုတော် ဆောင်းဦးလှိုင်၊ တင်ဆက်သူ မောင်မောင်အေး၊ NUG စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အလုပ်သမားအရေးလှုပ်ရှားသူ ဦးမောင်မောင်(ခ) ပြည်သစ်ညွန့်ဝေနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့ ၅ ဦးကို စစ်ကောင်စီက နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာထားသည်။credit