ၾကားသိရသမွ်

သမီးရည်းစားနှစ်ဦးစကားများရာ မိန်းကလေး၏လက်ချက်ဖြင့် ကောင်လေးဖြစ်သူ… See more

Zawgyi

သမီးရည္းစားႏွစ္ဦးစကားမ်ားရာ မိန္းကေလး၏လက္ခ်က္ျဖင့္ ေကာင္ေလးျဖစ္သူ… See more

ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္တြင္အဂၤါေန႔က သမီးရည္းစားႏွစ္ေယာက္ စကားမ်ားရန္ျဖစ္ၾကရာ ေကာင္မေလး၏ လက္ခ်က္ျဖင့္ ေကာင္ေလးမူးေမ့လဲက်ၿပီး ေဆး႐ုံတင္ပို႔ခဲ့ရေၾကာင္း သတင္းရရွိသည္။

ကိုႀကီးႏွင့္ ညီအစ္ကိုေမာင္ႏွမမ်ား ပရဟိတအဖြဲ႕ ၏ လူမွုကြန္ယက္ေပၚတြင္ ေဖာ္ျပထားေသာ သတင္းအရ တာေမြၿမိဳ႕နယ္ သမိန္ဗရမ္းလမ္းမေပၚရွိ ဆိုင္တစ္ဆိုင္၏ အေရွ႕တြင္

သမီးရည္းစား ႏွစ္ေယာက္ရန္ျဖစ္ၾကၿပီး ေကာင္မေလးက ရည္းစားျဖစ္သူေကာင္ေလးအား ပုလင္းျဖင့္ ဦးေခါင္းကို ရိုက္ခဲ့ရာ ေကာင္ေလးမွာ မူးေမ့လဲက်သြာခဲ့သည္။

ထို႔ေနာက္ ေကာင္မေလးက ကြဲသြားေသာ ပုလင္းကြဲစတစ္ခုကိုယူကာ သူမ၏လက္အား ျပန္လွီးခဲ့ၿပီးေနာက္ လမ္းမေပၚ သတိလစ္ေမ့လဲက်သြားခဲ့ေၾကာင္း ေဖာ္ျပထားသည္။ ဒဏ္ရာရရွိသူ ႏွစ္ဦးစလုံးအား ကိုႀကီးႏွင့္

ညီအစ္ကိုေမာင္ႏွမမ်ား ပရဟတိအသင္းမွ လူနာတင္ယာဥ္ျဖင့္ အနီးဆုံးေဆး႐ုံျဖစ္သည့္ သၽွင္ပါကူ အထူးကုေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ၿပီး ထိုမွတစ္ဆင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ဆက္လက္၍ အျမန္ဆုံး ပို႔ေဆာင္ေပးခဲ့ရေၾကာင္း ေဖာ္ျပထားသည္။

ကိုႀကီးႏွင့္ ညီအစ္ကိုေမာင္ႏွမမ်ား ပရဟိတအဖြဲ႕သို႔ ပိုပိုေလးမွ ဆက္သြယ္ေမးျမန္ခဲ့ရာ ျဖစ္စဥ္တစ္ခုလုံးကို မသိရွိရပဲ သြားရင္းလာရင္း ၾကဳံႀကိဳက္သျဖင့္ ကူညီေပးခဲ့ျခင္းသာ ျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။

Unicode

သမီးရည်းစားနှစ်ဦးစကားများရာ မိန်းကလေး၏လက်ချက်ဖြင့် ကောင်လေးဖြစ်သူ… See more

ရန်ကုန်မြို့ တာမွေမြို့နယ်တွင်အင်္ဂါနေ့က သမီးရည်းစားနှစ်ယောက် စကားများရန်ဖြစ်ကြရာ ကောင်မလေး၏ လက်ချက်ဖြင့် ကောင်လေးမူးမေ့လဲကျပြီး ဆေးရုံတင်ပို့ခဲ့ရကြောင်း သတင်းရရှိသည်။

ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့ ၏ လူမှုကွန်ယက်ပေါ်တွင် ဖော်ပြထားသော သတင်းအရ တာမွေမြို့နယ် သမိန်ဗရမ်းလမ်းမပေါ်ရှိ ဆိုင်တစ်ဆိုင်၏ အရှေ့တွင်

သမီးရည်းစား နှစ်ယောက်ရန်ဖြစ်ကြပြီး ကောင်မလေးက ရည်းစားဖြစ်သူကောင်လေးအား ပုလင်းဖြင့် ဦးခေါင်းကို ရိုက်ခဲ့ရာ ကောင်လေးမှာ မူးမေ့လဲကျသွာခဲ့သည်။

ထို့နောက် ကောင်မလေးက ကွဲသွားသော ပုလင်းကွဲစတစ်ခုကိုယူကာ သူမ၏လက်အား ပြန်လှီးခဲ့ပြီးနောက် လမ်းမပေါ် သတိလစ်မေ့လဲကျသွားခဲ့ကြောင်း ဖော်ပြထားသည်။ ဒဏ်ရာရရှိသူ နှစ်ဦးစလုံးအား ကိုကြီးနှင့်

ညီအစ်ကိုမောင်နှမများ ပရဟတိအသင်းမှ လူနာတင်ယာဉ်ဖြင့် အနီးဆုံးဆေးရုံဖြစ်သည့် သျှင်ပါကူ အထူးကုဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်၍ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရကြောင်း ဖော်ပြထားသည်။

ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့သို့ ပိုပိုလေးမှ ဆက်သွယ်မေးမြန်ခဲ့ရာ ဖြစ်စဉ်တစ်ခုလုံးကို မသိရှိရပဲ သွားရင်းလာရင်း ကြုံကြိုက်သဖြင့် ကူညီပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

Crd