ဗဟုသုတ

ရေနွေးအိုးလေးတွေက ပြောပြပေးမယ့် သင့်အကြောင်းက ဘာတွေလဲ ဖတ်ကြည့်လိုက်တော့

ရေနွေးအိုးလေးတွေက ပြောပြပေးမယ့် သင့်အကြောင်းက ဘာတွေလဲ ဖတ်ကြည့်လိုက်တော့

နံပါတ် ၁

သင်ဟာ တီထွင်ကြံဆမှုကောင်းတဲ့ လူတစ်ယောက်ပါ။ ဘဝကို ဂုဏ်ပကာသနတွေနဲ့ ဖြတ်သန်းရတာမျိုးကို မနှစ်သက်ဘဲ ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းရတာကို သဘောကျသူတစ်ယောက်ပေါ့။ ကော်ဖီလေးတစ်ခွက်နဲ့ ထောင်တစ်ထောင့်မှာ အေးဆေးထိုင်ပြီး ရောက်တတ်ရာရာ တွေးတောရတာမျိုးကို နှစ်သက်ပါတယ်။

နံပါတ် ၂

သင်ဟာ အမြဲအားအင်အပြည့်နဲ့ တတ်ကြွနေသူတစ်ယောက်ပါ။ ငြိမ်ငြိမ်မနေပဲ လျှောက်လုပ်နေရတာမျိုးကို နှစ်သက်ပြီး ပျင်းတဲ့ခံစားချက်က သင့်အတွက် ငရဲခန်းတစ်ခုလိုပါပဲ။ ကမ္ဘာကြီးနဲ့ လူတွေအကြောင်းကို စိတ်ဝင်စားနေတတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတာက သင့်ရဲ့အားသာချက်တစ်ခုပေါ့။

နံပါတ် ၃

သင်ဟာ အေးအေးချမ်းချမ်း နေတတ်သူတစ်ယောက်ပါ။ ဘဝရဲ့အနိမ့်အမြင့် အတက်အကျတွေကို နားလည်သဘောပေါက်ထားတဲ့အတွက် လောကဓံတွေကို မဖြုံပါဘူး။ ဟာသဉာဏ်အပြည့်ရှိပြီး သနားကြင်နာတတ်တာလေးက သင့်ရဲ့ကောင်းတဲ့အရာလေးတွေပေါ့။ တစ်ခါတစ်လေ တစ်စုံတစ်ယောက်အပေါ် မှီခိုချင်စိတ်လေး အနည်းငယ်တော့ ရှိနေတတ်ပါတယ်။

နံပါတ် ၄

သင်ဟာ ဘဝကိုဟန်ချက်ညီညီ ဖြတ်သန်းနေသူတစ်ယောက်ပါ။ စိတ်ဖိစီးမှုဆိုတာ ဘာလဲပြန်မေးရလောက်အောင် စိတ်ဖိစီးမှုကင်းသူဆိုလည်း မမှားပါဘူး။ သူတစ်ပါးကို ကူညီဖေးမတတ်ပြီး လူတိုင်းကို အကောင်းမြင်တတ်တာလေးကို သင့်ရဲ့ကောင်းတဲ့အကျင့်လေးတွေပေါ့။

credit to lotaya_quiz

Zawgyi


နံပါတ် ၁


နံပါတ် ၂


နံပါတ် ၃


နံပါတ် ၎


credit to lotaya_quiz