နိုင္ငံတကာသတင္း

ေသဆုံးၿပီး ၁ နာရီအၾကာတြင္ အသက္ျပန္ရွင္လာခဲ့တဲ့ အံ့ဖြယ္ မိန္းကေလး

ေသဆုံးၿပီး ၁ နာရီအၾကာတြင္ အသက္ျပန္ရွင္လာခဲ့တဲ့ အံ့ဖြယ္ မိန္းကေလး

ေသဆုံးၿပီး ၁ နာရီအၾကာတြင္ အသက္ျပန္ရွင္လာခဲ့တဲ့ အင္ဒိုနီးရွားမွ အ့ံဖြယ္မိန္းခေလး

ကြၽန္ေတာ္တို႔လူအမ်ားစုဟာ ေသျခင္းတရားနဲ႔ ေသဆုံးၿပီးေနာက္ကြယ္က ျဖစ္ပ်က္တဲ့အေၾကာင္းေတြကို နားလည္ဖို႔ခက္ခဲလွပါတယ္။ ကြၽန္ေတာ ္ေသဆုံးတဲ့အခါ ဘာျဖစ္သြားမွာလဲ။ ကြၽန္ေတာ္တို႔ရဲ႕ အသိစိတ္ေတြဟာ အျခားတစ္ေနရာမွာ ရွိေနမွာလား။

ဒါမွမဟုတ္ကြၽန္ေတာ္တို႔ဟာ အျခားတစ္ဘဝကို ခ်က္ခ်င္းျပန္ဝင္စားမွာလား။ စတဲ့ေမးခြန္းမ်ားစြာရွိေနပါတယ္။ ထိုထဲကမွေမးခြန္းတစ္ခ်ိဳ႕ကိုေတာ့ အင္ဒိုနီးရွားႏိုင္ငံမွ မိန္းကေလးတစ္ဦးက ေျဖၾကားေပးခဲ့ပါတယ္။

 

Kosmo ရဲ႕ေျပာၾကားခ်က္အရ အေရွ႕ဂ်ာဝါေဒသရွိ Siti Masfufah Wardah အမည္ရတဲ့ ထိုအမ်ိဳးသမီးဟာ နာတာရွည္ဆီးခ်ိဳေရာဂါႏွင့္ ကိုယ္တြင္းအဂၤါ ဆိုင္ရာ ျပႆနာမ်ားအတြက္

Dr. Moh Saleh Kota Probolinggo ရဲ႕ ေဆး႐ုံသို႔ တက္ေရာက္လာခဲ့ၿပီး ထို႔ေနညေန၆နာရီမွာ ဘဲဆုံးပါးသြားခဲ့ၿပီလို႔ ေဆး႐ုံမွေျပာၾကားခဲ့ပါတယ္။

သူမရဲ႕မိသားစုဟာ သူမရဲ႕အသုဘကိစၥေတြကို ဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔အတြက္ ည ၇ နာရီမွာသူမကို ေဆး႐ုံကေန ေခၚေဆာင္ လာခဲ့ပါတယ္။ သူမကိုသန႔္ရွင္းေရးလုပ္မို႔ ျပင္ဆင္ေနခ်ိန္မွာေတာ့ သူမဟာေသရာကေန ျပန္ႏိုးထလာခဲ့ပါတယ္။ သူမကို သန႔္ရွင္းလုပ္ေနတဲ့သူေတြက သူမဟာမ်က္လုံးျပန္ပြင့္လာခဲ့ေၾကာင္း လိုက္လံေျပာၾကားခဲ့တာပါ။

 

” သူမကိုေရခ်ိဳးမယ္လို႔ စလုပ္တဲ့အခ်ိန္မွာ သူမရဲ႕ႏွလုံးဟာျပန္ခုန္လာခဲ့ကာ သူ႔မရဲ႕မိသားစုအပါအဝင္ အျခားလူအားလုံးပါ ထိတ္လန႔္သြားခဲ့တယ္ ” လို႔အသုဘပို႔ လာသူတစ္ဦးကဆိုပါတယ္။

အဲဒီေနာက္မွာေတာ့ ေရခ်ိဳးတဲ့ေနရာကေန သူမကိုအိမ္သို႔ျပန္ေခၚလာၿပီး ဆရာဝန္ေတြကို သြားေရာက္ပင့္ေဆာင္ခဲ့ပါတယ္။ ဆရာဝန္ေတြ ေရာက္လာတဲ့အခ်ိန္မွာေတာ့ သူမကိုအသက္ရႈလမ္းေၾကာင္းဆိုင္ရာ စက္ပစၥည္းအကူအညီေတြနဲ႔ ေအာက္စီဂ်င္ေတြေပးခဲ့ပါတယ္။

ဒါေပမယ့္လည္းကံဆိုးစြာဘဲ ေနာက္တစ္နာရီအၾကာမွာေတာ့ သူမဟာျပန္ၿပီး ေသဆုံးသြားခဲ့ျပန္ပါတယ္။ ေသဆုံးရာကေနျပန္ရွင္လာတဲ့ အျဖစ္အပ်က္ေတြဟာ ဘယ္သူမွ အတိအက်မသိႏိုင္တဲ့ ထူးဆန္းတဲ့ ျဖစ္ရပ္ေတြျဖစ္ပါတယ္။

 

ဒီလိုျဖစ္ႏိုင္ေျခကေတာ့ အခ်က္မ်ားစြာရွိပါတယ္။ ဥပမာလူေတြအေနနဲ႔ကေတာ့ အသက္ရႉကူစက္ေတြနဲ႔ ရင္ဘတ္ကိုဖိအားေပးထားတဲ့ဟာေတြ ႏွလုံးအတြင္းစုပုံေနတာမ်ိဳးနဲ႔ ေနာက္တစ္ခ်က္ကေတာ့ hyperkalemia ျဖစ္ပါတယ္။

ဒါကေတာ့ ေသြးထဲမွာ ပိုတက္ဆီယမ္ေတြ ျမင့္မားစြာရွိေနတဲ့ အခါမ်ိဳးမွာလည္း ေသရာကျပန္ရွင္လာႏိုင္တယ္ ” လို႔ဆရာဝန္တစ္ဦးကဆိုပါတယ္။

#crd

UNICODE

သေဆုံးပြီး ၁ နာရီအကြာတွင် အသက်ပြန်ရှင်လာခဲ့တဲ့ အံ့ဖွယ် မိန်းကလေး

သေဆုံးပြီး ၁ နာရီအကြာတွင် အသက်ပြန်ရှင်လာခဲ့တဲ့ အင်ဒိုနီးရှားမှ အံ့ဖွယ်မိန်းခလေး

ကျွန်တော်တို့လူအများစုဟာ သေခြင်းတရားနဲ့ သေဆုံးပြီးနောက်ကွယ်က ဖြစ်ပျက်တဲ့အကြောင်းတွေကို နားလည်ဖို့ခက်ခဲလှပါတယ်။ ကျွန်တော ်သေဆုံးတဲ့အခါ ဘာဖြစ်သွားမှာလဲ။ ကျွန်တော်တို့ရဲ့ အသိစိတ်တွေဟာ အခြားတစ်နေရာမှာ ရှိနေမှာလား။

ဒါမှမဟုတ်ကျွန်တော်တို့ဟာ အခြားတစ်ဘဝကို ချက်ချင်းပြန်ဝင်စားမှာလား။ စတဲ့မေးခွန်းများစွာရှိနေပါတယ်။ ထိုထဲကမှမေးခွန်းတစ်ချို့ကိုတော့ အင်ဒိုနီးရှားနိုင်ငံမှ မိန်းကလေးတစ်ဦးက ဖြေကြားပေးခဲ့ပါတယ်။

Kosmo ရဲ့ပြောကြားချက်အရ အရှေ့ဂျာဝါဒေသရှိ Siti Masfufah Wardah အမည်ရတဲ့ ထိုအမျိုးသမီးဟာ နာတာရှည်ဆီးချိုရောဂါနှင့် ကိုယ်တွင်းအင်္ဂါ ဆိုင်ရာ ပြဿနာများအတွက်

Dr. Moh Saleh Kota Probolinggo ရဲ့ ဆေးရုံသို့ တက်ရောက်လာခဲ့ပြီး ထို့နေညနေ၆နာရီမှာ ဘဲဆုံးပါးသွားခဲ့ပြီလို့ ဆေးရုံမှပြောကြားခဲ့ပါတယ်။

သူမရဲ့မိသားစုဟာ သူမရဲ့အသုဘကိစ္စတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ည ၇ နာရီမှာသူမကို ဆေးရုံကနေ ခေါ်ဆောင် လာခဲ့ပါတယ်။ သူမကိုသန့်ရှင်းရေးလုပ်မို့ ပြင်ဆင်နေချိန်မှာတော့ သူမဟာသေရာကနေ ပြန်နိုးထလာခဲ့ပါတယ်။ သူမကို သန့်ရှင်းလုပ်နေတဲ့သူတွေက သူမဟာမျက်လုံးပြန်ပွင့်လာခဲ့ကြောင်း လိုက်လံပြောကြားခဲ့တာပါ။

” သူမကိုရေချိုးမယ်လို့ စလုပ်တဲ့အချိန်မှာ သူမရဲ့နှလုံးဟာပြန်ခုန်လာခဲ့ကာ သူ့မရဲ့မိသားစုအပါအဝင် အခြားလူအားလုံးပါ ထိတ်လန့်သွားခဲ့တယ် ” လို့အသုဘပို့ လာသူတစ်ဦးကဆိုပါတယ်။

အဲဒီနောက်မှာတော့ ရေချိုးတဲ့နေရာကနေ သူမကိုအိမ်သို့ပြန်ခေါ်လာပြီး ဆရာဝန်တွေကို သွားရောက်ပင့်ဆောင်ခဲ့ပါတယ်။ ဆရာဝန်တွေ ရောက်လာတဲ့အချိန်မှာတော့ သူမကိုအသက်ရှုလမ်းကြောင်းဆိုင်ရာ စက်ပစ္စည်းအကူအညီတွေနဲ့ အောက်စီဂျင်တွေပေးခဲ့ပါတယ်။

ဒါပေမယ့်လည်းကံဆိုးစွာဘဲ နောက်တစ်နာရီအကြာမှာတော့ သူမဟာပြန်ပြီး သေဆုံးသွားခဲ့ပြန်ပါတယ်။ သေဆုံးရာကနေပြန်ရှင်လာတဲ့ အဖြစ်အပျက်တွေဟာ ဘယ်သူမှ အတိအကျမသိနိုင်တဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။

ဒီလိုဖြစ်နိုင်ခြေကတော့ အချက်များစွာရှိပါတယ်။ ဥပမာလူတွေအနေနဲ့ကတော့ အသက်ရှူကူစက်တွေနဲ့ ရင်ဘတ်ကိုဖိအားပေးထားတဲ့ဟာတွေ နှလုံးအတွင်းစုပုံနေတာမျိုးနဲ့ နောက်တစ်ချက်ကတော့ hyperkalemia ဖြစ်ပါတယ်။

ဒါကတော့ သွေးထဲမှာ ပိုတက်ဆီယမ်တွေ မြင့်မားစွာရှိနေတဲ့ အခါမျိုးမှာလည်း သေရာကပြန်ရှင်လာနိုင်တယ် ” လို့ဆရာဝန်တစ်ဦးကဆိုပါတယ်။

#crd