ၾကားသိရသမွ်

ဆရာများနေ့ ဆရာကန်တော့ပွဲတွင် အတန်းပိုင်ဆရာမကို ကြက်လေးတစ်ကောင်ဖြင့် လာရောက်ကန်တော့ခဲ့သည့် ကျောင်းသားလေး

မိမိတို့၏ ဆရာသမားများကို ပေးကပ်ချင်သော စိတ်ထားလေးသည် လူသားတိုင်းတွင်ရှိသောအရာပင်ဖြစ်ပေသည်။ဂုဏ်ကြီးဝါကြီးသော ဆရာသမားတို့ကို ရိုသေလေးစားစွာဖြင့် ကန်တော့သော အစဉ်အလာလေးသည် အလွန်လေးစား မြတ်နိုးဖွယ် အစဉ်အလာလေးတစ်ခုပင်ဖြစ်ပါတယ်။

ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံ မူလတန်းကျောင်းတစ်ခုတွင် ဆရာများနေ့၌ ကျောင်းသားများအတွက် ဆရာကန်တော့ပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ကြပါတယ်။ထိုအခါ ကျောင်းသားကျောင်းသူလေးများဟာ မိမိတို့၏ နေအိမ်တွင် ရှိသော အစားအစာများ ပစ္စည်းများ ဟင်းသီးဟင်းရွက်များဖြင့် လာရောက်ကန်တော့ကြပါတယ်။

ထိုအထဲတွင်မှ ကျောင်းသားလေးတစ်ဦးဟာ အများနှင့်မတူဘဲ ကြက်တစ်ကောင်ကို ယူဆောင်လာပြီး သူ၏ အတန်းပိုင်ဆရာမကို ကန်တော့ခဲ့တာဖြစ်ပါတယ်။ကလေးငယ်၏ ကန်တော့ပစ္စည်းလေးဟာ လူအများကို သဘောကျပြီး ရယ်မောနေစေခဲ့တာဖြစ်ပါတယ်။

Unicode

ဆရာများနေ့ ဆရာကန်တော့ပွဲတွင် မိမိ၏အတန်းပိုင်ဆရာမကို ကြက်တစ်ကောင်ဖြင့် လာရောက်ကန်တော့ခဲ့သည့် ကျောင်းသားလေး

မိမိတို့၏ ဆရာသမားများကို ပေးကမ်းချင်သော စိတ်ထားလေးသည် လူသားတိုင်းတွင်ရှိသောအရာပင်ဖြစ်ပေသည်။ ဂုဏ်ကြီးဝါကြီးသော ဆရာသမားတို့ကို ရိုသေလေးစားစွာဖြင့် ကန်တော့သော အစဉ်အလာလေးသည် အလွန်လေးစား မြတ်နိုးဖွယ် အစဉ်အလာလေးတစ်ခုပင်ဖြစ်ပါတယ်။