တော်လှန်ရေး ရန်ပုံငွေအတွက် “စ”မှတ် ဇာတ်လမ်းတိုကို “ရုပ်ရှင်လက်မှတ်” ရောင်းပြီး ထုတ်လွှင့်မယ်
ဩဂုတ် ၁ ၊ ၂၀၂၂
တော်လှန်ရေး ရန်ပုံငွေအတွက် ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ “စ”မှတ် ဇာတ်လမ်းတိုကို “ရုပ်ရှင်လက်မှတ်” ရောင်းပြီး ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
“စ”မှတ် ဇာတ်လမ်းတိုကို နာမည်ကျော် တော်လှန်တဲ့ အနုပညာရှင်တွေဖြစ် အနုပညာရှင် ဒေါင်း၊ အနုပညာရှင် ချစ်သုဝေတို့ ပါဝင်ပြီး အခြားသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတာပါ။
‘အနုပညာထုတ်ကုန်တစ်ခု နဲ့ တော်လှန်ရေးအတွက် ငွေရှာမှာပါ၊ (Premium Ticket) လက်မှတ်များ စတင်ရောင်းချပါပြီ။ လူတစ်ဦးကို (၁) စောင်ဝယ်လို့ရသလို ရန်ပုံငွေအဖြစ် များများဝယ်ချင်လည်း စိတ်ကြိုက်ဝယ်ယူအားပေးနိုင်ပါတယ်။’ လို့ “စ”မှတ် ဇာတ်လမ်းတို ပေ့ချ်က ကြေညာခဲ့ပါတယ်။
“စ” မှတ် Premium Ticket တစ်စောင်ကို မြန်မာငွေ (၃၀,၀၀၀) ကျပ်၊ စင်္ကာပူဒေါ်လာ ၃၀ ၊ အမေရိကန်ဒေါ်လာ ၃၀ ၊ သြစတြေးလျ ဒေါ်လာ ၃၀ ၊ ကိုရီးယားဝမ် ၂၁,၀၀၀၊ ဂျပန်ယမ်းငွေ ၃,၀၀၀ ၊ ထိုင်းဘတ်ငွေ ၆၀၀၊ မကာအို ၂၄၀ ၊ United Kingdom UK ၃၀ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရန်ပုံငွေပါဝင်ကူညီကာ Premium Ticket ဝယ်ယူထားတဲ့ သူတွေအနေနဲ့ စီစဉ်ထားတဲ့ online platform ကနေ ၈ ရက် ၊ ၈လ ၊ မနက် ၈ နာရီ ရောက်ရင် အတွေးကိုယ်စီဖြန့်ကျက်တွေးရင်း ကြည့်ရှု ခံစားနိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ #PVTV
Zawgyi